သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, August 28, 2013

တောင်ဥက္ကလာတွင် အမျိုးသမီး၏ပါးကို ဓားဖြင့်လှီးခဲ့သူများ၏ပုံတူများ ရဲကရရှိထားပြီ

တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးတစ်ဦး၏ပါးကို ဓားဖြင့်လှီးခြစ်ပြီး ထွက်ပြေးသွားခဲ့သည့် သူများ၏ ပုံတူရုပ်ပုံပန်းချီများ ရဲများ၏လက်ဝယ်ရရှိထားပြီဖြစ်ပြီး ၎င်းတို့ကို ဖော်ထုတ်ဖမ်းဆီးရန် အမြန်စုံစမ်း ရှာဖွေနေပြီဖြစ်ကြောင်း ယင်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် အောင်ထွန်းလွင်က သြဂုတ် ၂၇ ရက်ကမဇ္ဈိမကိုပြောသည်။

“ပြစ်မှုကျူးလွန်သူတွေရဲ့ ပန်းချီပုံတူတွေ ရေးဆွဲရရှိထားပါပြီ။ မြို့နယ်ရဲစခန်းတွေကို ဖြန့်ဝေပြီး ရှာဖွေနေပါတယ်” ဟုလည်း ၎င်းကဆိုသည်။

ပြစ်မှုကျူးလွန်ခဲ့ကြသူ နှစ်ဦးအနက် တစ်ဦးသည် နှာတံချွန်ပြီး အသားညိုကာ အရပ်မှာ ငါးပေငါးလက်မ ခန့် ရှိကြောင်း၊ ကျန်တစ်ဦးမှာ မျက်နှာဝိုင်း၊ ဆံပင်ရှည်၊ အရပ်ပုပြီး အရပ်ငါးပေ နှစ်လက်မခန့် ရှိသည်ဟု ကာယကံရှင်၏ ထွက်ဆိုချက်ကို ရန်ကုန်တိုင်းရဲဌာနမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါအမှုအခင်းသည် သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်ပါးကို ဆွဲခြစ်ခံရသည့် အမျိုးသမီးသည် တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက်၊ အဿက ၂၂ လမ်းတွင်နေထိုင်သည့် အသက် ၄၆ နှစ် အရွယ် ဒေါ်ချိုချိုဝင်းဖြစ်ကြောင်း တိုင်းရဲဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ အမျိုးသမီးသည် သားဖြစ်သူကျောင်းမှအပြန် ကြိုရန် ဆိုက်ကားဖြင့် နေအိမ်လမ်းထိပ်မှ ကျောင်းသို့အသွား အထက (၃)ကျောင်းလမ်းနှင့် အဿက(၂၅)လမ်းဆုံအရောက်တွင် ပါးအား ပြတ်ရှစေတက်သောအရာဖြင့် ဆွဲခြစ်ခြင်း ခံရသည်ဟု ကာကကံရှင်က ရဲကိုတိုင်ကြားချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ ဆွဲခြစ်သွားသူများကို ထိုအမျိုးသမီးက မသိရှိဘဲ လူမြင်လျှင် မှတ်မိကြောင်း တစ်ဦးက ဆိုက်ကား အားတားပြီး ကျန်တစ်ဦးက သံပြားအ၀ိုင်းဖြင့် ယာပါးကို ဆွဲခြစ်၍ ထွက်ပြေးသွားသည်ဟုလည်း ကာယကံရှင်ဖြစ်သူ ဒေါ်ချိုချိုဝင်း က ရဲအားပြောပြထားပါသည်။

ဒေါ်ချိုချိုဝင်း၏ပါးတွင် သုံးလက်မခန့် ဒေါင်လိုက် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံတွင် တက်ရောက် ကုသနေသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများသည် ဘာသာခြားများဖြစ်သည်ဟုဆိုကာ ကောလာဟလ သတင်းများ ထွက်ပေါ်လာသဖြင့် ယင်းမြို့နယ်တွင် ပဋိပက္ခများ မဖြစ်ပေါ်လာစေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား ငါးဆယ်ကျော်ဖြင့် ၂၄ နာရီ လုံခြုံရေးယူနေသည်ဟု မြို့နယ်ရဲစခန်းမှ စုံစမ်းသိရှိ ရသည်။

“လုံခြုံရေးကို ခရိုင်နဲ့ မြို့နယ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ၂၄ နာရီ လုံခြုံရေးကို တရားခံ ဖမ်းဆီးရမိရေးနဲ့ နယ်မြေလုံခြုံရေး အပိုင်းနှစ်ပိုင်းနဲ့ ဆောင်ရွက်နေပါတယ်” ဟုလည်း တောင်ဥက္ကလာပရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်အောင်ထွန်းလွင်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ အမှုအခင်းကို တောင်ဥက္ကလာပမြို့နယ် ရဲစခန်းက အမှုအမှတ်(ပ) ၃၁၂/ ၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး
ပြစ်မှုကျူးလွန်သူများကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆/၃၄၁/၁၁၄ တို့ဖြင့် တရားစွဲဆိုမည်ဟု ရန်ကုန်တိုင်း ရဲဌာနက သတင်းထုတ်ပြန်ထားသည်။ 



From : ..  mizzima

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D