သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 31, 2013

ယာဉ်ထိန်းရဲ တပ်ဖွဲ့တွင် ရဲမေအင်အား ၆၀၀ ကျော် တိုးချဲ့ခန့်အပ်မည်

ဆူးလေမီးပွိုင့်ရှိ လူကူးမျဉ်းကြားတွင် တာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
မြန်မာနိုင်ငံအတွင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ရန် ရဲမေအင်အား ၆၀၀ ကျော်အထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။
''ပြည်နယ်နဲ့တိုင်း အသီးသီးမှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲမေတွေကို ယာဉ်ထိန်းရဲ တပ်ဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ သူတွေကို ရွေးချယ်ပြီးတော့ စက်တင်ဘာလမှာ သင်တန်းပေးပြီး ခန့်အပ်သွားမယ်။ ဒါ့အပြင် နောက်လမှာ ရဲဗဟို လေ့ကျင့်ရေး ကျောင်းကနေ သင်တန်းဆင်းမယ့် ဒုရဲအုပ် ရဲမေတွေထဲက ပြည်သူတွေကို အမှန်တကယ် ၀န်ဆောင်မှုပေးဖို့ စိတ်ဓာတ် အမှန်တကယ်ရှိတဲ့ ရဲမေအယောက် လေးဆယ်ကိုလည်း ခန့်သွားဖို့ စီစဉ်နေပါ တယ်'' ဟု ရဲမှူးကြီး ကျော်ထွေးက ဆိုသည်။
စက်တင်ဘာလ အတွင်း သင်တန်းပေးသွားမည့် ရဲမေများမှာ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူ၊ အရပ်ငါးပေ လေးလက်မ အနည်းဆုံးရှိသူ၊ အိမ်ထောင်မရှိသူ၊ မျက်မှန်တပ်ဆင် မထားသူ၊ ရုပ်ရည်အသင့် အတင့်ရှိသူ စသည်တို့နှင့် ကိုက်ညီရမည် ဖြစ်ကြောင်း သိရသည်။
ရုပ်ရည်ချောမော ပြေပြစ်သည့် ရဲမေများကို ဦးစားပေး ခန့်သွားမည်နှင့် ပတ်သက်၍ ရဲမှူးကြီးကျော်ထွေးက ''အဓိကကတော့ နေ့စဉ် အခက်အခဲတွေ ကြုံတွေ့နေရတဲ့ လမ်း အသုံးပြုသူတွေဖြစ်တဲ့ ယာဉ်မောင်းတွေ လမ်းလျှောက်သူတွေ စိတ်ကြည်လင်ဖို့ ဖြစ်ပါတယ်'' ဟု ဆက်လက် ပြောကြားသည်။
ဖွဲ့စည်းပုံ အသစ်အရ ရဲမေအင်အား ၆၀၀ ကျော် ရှိရမည်ဟု သတ်မှတ်ထားသော်လည်း လက်ရှိအင်အားမှာ ၁၆ ရာခိုင်နှုန်းသာ ရှိသည်။

From : ..eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D