သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 31, 2013

၁ % နှုန်းနဲ့ ပြုတ်မည်ကို ဒေါ်အောင်ဆန်းစုကြည်လည်း ကြောက်

လစ်လပ်မဲ ဆန္ဒ နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ များ ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ လွှတ်တော်ကိုယ်စား လှယ်များအား ပြန်ရုပ်သိမ်းခြင်းဥပဒေကို အမြန်ပြု ရန် ဆိုခြင်းသည် စဉ်းစားရန်လိုကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒါက လွှတ်တော်မှာ ပါလာပြီးပြီး မကြာခင်ကာ လတုန်းက လစ်လပ် နေတဲ့  မြို့နယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ကြားဖြတ်ရွေးကောက်ပွဲ တွေ ကို လုပ်ဖို့  ၊အဲဒါကို ကြတော့ လုပ်ဖို့ မလို သေးဘူး လို့ ပြောတယ်လေ လုပ်ဖို့ အစီိအစဉ် မရှိဘူးဆိုတော့ အဲဒီနေရာတွေ မှာ ပြန်ပြီး အစားထိုးဖို့ လစ်ဟင်း နေတဲ့ နေရာ တွေ မှာ အစားထိုးဖို့ တောင်မှ အမြန် လုပ်ဖို့ မလို ဘူးဆိုရင် ဒီကိစ္စ ကို ဘာလို့  ၃ လတောင်မှ ဘာလို့ မစောင့် စားနိုင် အမြန် လုပ်ချင်ရာ ဖို့ ရာ ဘာ အကြောင်းရှိမလဲဆိုတာ ဒါနည်းနည်းစဉ်းစားရမှာ ပေါ့ ” ဟု ၎င်း ကပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်း ကော်မတီက လေ့လာ တွေ့ ရှိချက် များကိုဒီဇင်ဘာ လအတွင်း ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်း ခြင်း ပုဒ်မအပါအ၀င် အစီရင်ခံစာ တင်ပြရမည်ဖြစ်၍ အချိန် ကာ လ ၃ လခန့် ကို မစောင့်စားနိုင်ဘဲ မည်သည့် အတွက် ကြောင့် လုပ်ခြင်းသည်ကိုမေးမြန်းလို ကြောင်း ၎င်း ကပြောသည်။“အခုဒီလိုဆိုင်းငံ့ထားတာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီ ဘူး လို့  ထင်လို့ ချင်ရင်၊ဒါထင်တဲ့ အတိုင်းပြောလို့ ရပါတယ်။

ပြောချင် တဲ့ အဖွဲ့  အစည်းက ကျွန်မတို့ လွှတ်တော် အတွင်း ကတော့ ဒီဟာလုပ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ အမြင်နဲ့ ဆုံး ဖြတ်လိုက်တာပဲ ။လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဒါကို သဘောတူလိုက်တာပဲ။ဒီဖွဲ့ စည်းပုံ အခြေခံဥပဒေ လေ့လာရေးကော်မတီက ဒီကိစ္စကို ကိုင်တွယ် တဲ့ အထိစောင့်လိုက်ပါဆိုတာ အန်တီ အမြင်မှာ တော့ ဒါစဉ်းစဉ်း စားစား လုပ်တဲ့ ကိစ္စပဲ ကမှန်းကတမ်းကြီး ဘာဖြစ်လို့ လုပ်ဖို့ က ဘာဖြစ်လို့  လို သလဲ ဆိုတာလဲ မေးစရာရှိတာပေါ့ ။ဘာဖြစ်လို့ ဒီလောက်အမြန် ကြီးလုပ်ချင်တာလဲ။ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ သုံးသပ်ရေး ကော်မရှင်ကနေ ဒီဇင်ဘာ မကုန်မှီ အစီရင် ခံစာ တင်ရမယ်လို့ ဆုံးဖြတ်ထားတယ်လေ”ဟု ၎င်း ကပြောသည်။

ပထမအကြိမ်ပြည်သူ့ လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ အစည်းအဝေး ပြီးဆုံးပြီး မွန်းလွဲ (၁၃း၀၀) နာရီတွင်ပြည်သူလွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် မီဒီယာများနှင့် လွှတ်တော်ရုံး အမှတ်I-12 တွင် တွေ့ ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။“အဲ့လွှတ်တော်ထဲမှာ ဆွေးနွေး တုန်းက ဆိုရင် လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်က ပြန်ပြီး တော့ ဖြေသွားတာတွေရှိတယ်ဦးမောင်တိုး ပြောတဲ့ကိစ္စ ကတော့ အဓိက ကတော့ သိပ် မတည်မငြိမ်မှု တွေ ဖြစ်မယ်ပေါ့။ တစ် ရာခိုင်နှုန်းကို ရှုံးသွားတဲ့သူကနိုင်သွားတဲ့သူကို မကျေနပ်လို့ အကြောင်းရှာ ပြီးတော့ ဒီလိုပြန်ပြီးတော့ ရုပ်သိမ်းဖို့ ဟာကို တင်နိုင်တယ်။

နောက် ဦးဘရှိန် ပြောသွားတဲ့ဟာမှာ ဆိုရင် ဒီလို ဟာတွေကို ခွင့်ပြုထားမယ်ဆိုရင်တောင် အကုန် အကျတွေ ဘယ်လောက်တောင် များမလဲဆိုတာ စဉ်းစားကြည့်ပါဆိုတော့ တကယ်တော့ လဲ အဲဒါဟာ မှန်ပါတယ်။ ရွှေး ကောက်ပွဲ လဲ လုပ်ရဦး မယ်။နောက်ပြီး မှ အားလုံး တစ်ခါပြန်ပြီး တော့ လုပ်ရမယ်ဆိုရင်ဒါ Theory အရ ဆို ရင် အဲ လို ဖြစ်နိုင်တယ်နော် ။၁ရာခိုင်နှုန်း ဆိုတာသိပ်များတာလဲ မဟုတ်ဘူး တကယ်ကို တစ်ရာခိုင်နှုန်းက မကျေနပ်တာတွေလဲ ရှိနိုင်တာပဲ ” ဟု ၎င်းကပြောသည်။ ထို့ပြင် ၄င်းက " အဲဒါတွေ ဟို ဘက် ဒီဘက်ကို မီဒီယာတွေရဲ့ အလုပ်ကပေါ့နော် ၊အန်တီ အနေနဲ့ မြင်တာကသတင်းတွေကို ထည့်ယုံ တင်မကဘူး သတင်းတွေကို သုံးသပ်နိုင်တဲ့ အခြေအနေ မှာ လဲ ရှိတယ် ။အဲဒီတော့ မျှမျှ တတ သုံးသပ်ဖို့ လဲ လို တယ် " ဟု မီဒီယာများနှင့်ပတ်သက်၍ ထပ်လောင်းပြောသည်။ယင်းကိုယ်စားလှယ်အခွင့် အရေးများ ပြန်ရုပ်သိမ်းခြင်း ဥပဒေကို စောလျှင်စွာ ပြုပေးရန် ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်ကယ နေ့ တွင် ပြည်သူ့ လွှတ်တော်သို့ သ၀ဏ်လွှာပေးပိုခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၊မြိတ်မြို့ မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ်၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်၊ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁၂) ကိုယ်စားလှယ်နှင့်မန္တလေး တိုင်း တံတားဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၄)ဦးတို့ကိုကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန်တိုင်ကြားထားကြောင်း ပါရှိသည်။

From: popular

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D