သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, August 28, 2013

ဦးနေဝင်း သမီး ပိုင် နဝရတ် ဟိုတယ် ကို ကြွေးကျန် ဒေါ်လာ နှစ်သန်း ကျော် ဆပ်ရန် အစိုးရ သတိပေး

နေပြည်တော်၊ သြဂုတ် ၂၇
နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်း၏ သမီး ပိုင်ဆိုင်သော နဝရတ် ဟိုတယ်က ဟိုတယ်နှင့် ခရီး သွား
လာရေးလုပ်ငန်း ဝန်ကြီးဌာနသို့ ကြွေးကျန် အမေရိကန် ဒေါ်လာ နှစ်သန်းကျော်ကို သြဂုတ်လ ၃၁ရက်
နေ့ နောက်ဆုံးထား ပေးဆောင်ရန် အစိုးရက တရားဝင် သတိပေး စာ ပို့ထားကြောင်း ပြည်ထောင်စု
လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ကြွေးကျန်ကိစ္စ ရှင်းလင်းရန် ဇူလိုင်လ အတွင်းက မှုလပိုင်ရှင်ထံ ဆက်သွယ်သော်လည်း ဆက်
သွယ်၍ မရသဖြင့် အဆိုပါဟိုတယ်ကို ခေတ္တပိတ်သိမ်းခဲ့ကြောင်းယင်းအစီရင်ခံစာတွင်ဖော်ပြထားသည်။

ယင်းဟိုတယ်၏ ယခင် ရှယ်ယာပိုင်ဆိုင်သူ တစ်ဦးဖြစ်သူ ဦးအေးဇော်ဝင်း က မြန်မာ့ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်ထံ ကုမ္ပဏီအသစ် ပြန်လည် လျှောက် ထားခဲ့ခြင်းကြောင့် သြဂုတ်လ ၁ ရက်နေ့တွင် ဖွင့်
လှစ်ခွင့် ပြုခဲ့ပြီး ကြွေးကျန် များ ပေးရန် သတိပေးခဲ့ခြင်း ဖြစ်ကြောင်း ယင်းအစီရင်ခံစာအရ သိရှိရသည်။

အချို့သော ဟိုတယ်များမှာ ကြွေးကျန်များ ပေးချေပြီး ဖြစ်သော်လည်း အချို့မှာ ပေးချေနေဆဲ ဖြစ်ပြီး
ကြွေးကျန်များ ပေးဆောင်ရန် ကျန်နေသေးသည့် ဟိုတယ်များ ရှိနေသေးကြောင်း ယင်းအစီရင်ခံစာကို
ကိုးကား၍ ပြည်သူ့ ပူးပေါင်း ငွေစာရင်း ကော်မတီဝင် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် သြဂုတ်လအထိ ဟိုတယ် ခုနစ်ခုက ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသို့
ပေးဆောင်ရန် ကြွေးကျန် အမေရိကန် ဒေါ်လာ ၂၂ç၈၉၀ သန်း ကျန်ရှိနေသေးကြောင်း ယင်း အစီရင်ခံ
စာတွင် ဖော်ပြ ပါရှိသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D