သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 27, 2013

ပြည့်တန်ဆာနှစ်ဦးကို အသွင်ယူ သက်သေဖြင့်ဖမ်းဆီး

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးအနီးမှ ပြည့်တန်ဆာ အမျိုးသမီးနှစ်ဦးကို သြဂုတ် ၂၄ ရက် နံနက်က ရဲဌာနက စေလွှတ်သော အသွင်ယူသက်သေများဖြင့် ဖမ်းဆီးလိုက်ကြောင်း ရန်ကုန် တိုင်း ရဲဌာနက သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲများသည် မင်္ဂလာဈေးအနီးတွင် ပြည့်တန်ဆာများရှိနေကြောင်း သတင်းရရှိ ထားသည့် အတိုင်း ယင်းနေ့ည ၈ နာရီခန့်တွင် အသွင်ယူသက်သေ ဦးမောင်မောင်ဦးဆိုသူကို နံပါတ် ကြိုတင်မှတ်သားထားသည့် ပိုက်ဆံများပေးကာ စေလွှတ်ခဲ့သည်ဟု ရဲဌာနကဆိုထားသည်။

နံနက် ၂ နာရီတွင် ဦးမောင်မောင်ဦးသည် မင်္ဂလာဈေး ၀င်ပေါက်ထွက်ပေါက်အနီး ၌ သွေးဆောင်နေ သည့် ပြည့်တန်ဆာ နှစ်ဦးကို ၎င်းတို့ကို ကြီးကြပ်သူထံမှ ရဲများက ကြိုတင်နံပါတ်မှတ်ထားသော ပိုက်ဆံများဖြင့် ခေါ်ယူ ခဲ့သည်ဟု ဆိုသည်။

ပြည့်တန်ဆာနှစ်ဦးသည် လှိုင်သာယာမြို့နယ်တွင် နေထိုင်သူများဖြစ်ကြပြီး ၎င်းတို့ကို ဟိုတယ် တစ်ခု ရှေ့တွင် ရဲများက ဖမ်းဆီးခဲ့ပြီး သူတို့လက်ထဲတွင်လည်း ကြိုတင်နံပါတ်မှတ်ထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူတစ်ရွက်စီ သိမ်းဆည်းရမိခဲ့ကြောင်းလည်း ရဲမှတ်တမ်းတွင်တွေ့ရသည်။

ပြည့်တန်ဆာအဖြစ် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးပြီးနောက် သူတို့ကိုကြီးကြပ်သည့်သူကို ရဲများက သွားရောက် ဖမ်းဆီးခဲ့ရာ ၎င်းထံမှ ရဲများ ကြိုတင်နံပါတ်မှတ်ထားသည့် ငါးထောင်ကျပ်တန် ရှစ်ရွက်ကို လည်း လက်ပူးလက်ကြပ် သိမ်းဆည်းနိုင်ခဲ့ကြောင်း ရဲများက မှတ်တမ်းတင်ထားသည်။

ထိုသူသုံးဦးကို မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် အမှုအမှတ် (ပ)၅၉၃/၂၀၁၃ဖြင့် လည်းကောင်း၊ (ပ)၅၉၄/၂၀၁၃ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်ထားပြီး မိန်းကလေးငယ်နှစ်ဦးကို ပြည့်တန်ဆာ ပပျောက်ရေး ဥပဒေပုဒ်မ ၃(က)(ခ)ဖြင့် တရားစွဲမည်ဖြစ်သလို၊ ၎င်းတို့ကိုကြီးကြပ်သူကိုမူ ထိုဥပဒေ ပုဒ်မ ၅(၁)ဖြင့် တရားစွဲမည်ဟု ရဲကသတင်းထုတ်ပြန်သည်။


From: Mizzima - News in Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D