သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, August 28, 2013

အလုပ် ချိန် ပိုခိုင်းသော အလုပ်ရှင် များကို အစိုးရက တရား စွဲမည်

တရားဝင် သတ်မှတ်ထားသော အလုပ်ချိန်ထက် ပိုခိုင်းနေသော အလုပ်ရှင်များကို ခေါ်ယူသတိပေးမည်
ဖြစ်ပြီး သုံးကြိမ်ထက် ကျော်လွန်ပါက တရားစွဲမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဒု
ဝန်ကြီးက သြဂုတ် ၂၇ ရက် ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ကတည်းက မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ဥပဒေအရ အလုပ်သ
မားတိုင်း၏ ပုံမှန်အလုပ်ချိန်သည် တစ်ရက်လျှင် ရှစ်နာရီဖြစ်ပြီး အချိန်ပိုအနေဖြင့် သုံးနာရီ လုပ်ကိုင်နိုင်
ကြောင်း ခွင့်ပြုထားသည်။

အစိုးရက အချိန်ပိုခိုင်းသော အလုပ်ရှင်များကို သတိပေးပြီး မလိုက်နာလျှင် တရားစွဲမည်ဆိုခြင်းသည်
လွှတ်တော်၏ အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးကော်မရှင်က ရန်ကုန်နှင့် ပဲခူးတိုင်း
တို့မှ စက်ရုံများကို ကွင်းဆင်း စစ်ဆေးပြီးနောက် ထွက်ပေါ်လာသည့် အစီရင်ခံစာ၏ နောက်ဆက်တွဲ
ရလဒ်တစ်ခုလည်း ဖြစ်သည်။

လွှတ်တော်အမတ်၂၆ ဦးဖြင့် ဖွဲ့စည်းထားသည့် ထိုကော်မတီက စက်ရုံ ၃၆ ရုံသို့ သွားရောက်စစ်ဆေး
ပြီး လွန်ခဲ့သည့် ၁၄ရက်က ထုတ်ပြန်လိုက်သည့်အစီရင်ခံစာတွင် အလုပ်သမားအများစုသည် တစ်ရက်
လျှင် ၁၃ နာရီ အလုပ်လုပ်နေရပြီး သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလည်း မရှိသလောက်ဖြစ်
နေသဖြင့် ကျန်းမာရေးချို့တဲ့ရာ စိတ်ဓာတ်အင်အား ကျဆင်းနေကြောင်း ပါရှိသည်။

လွှတ်တော်၏ ကော်မရှင် စစ်ဆေးခဲ့သည်မှာ အထည်ချုပ်၊ ဖိနပ်စက်ရုံ၊ ဆံပင်တုစက်ရုံ၊ ငါးပုစွန် အအေး
ခန်းစက်ရုံ၊ ဇာထိုးပန်းထိုးစက်ရုံ၊ လျှပ်စစ်စက်ရုံ၊ ပီနံအိတ်စက်ရုံ၊ သကြားလုံးစက်ရုံ၊ ကြွေပြားစက်ရုံနှင့်
သစ်အချောထည်စက်ရုံတို့ ဖြစ်ကြသည်။

လုပ်သားများ အချိန်ပိုလုပ်နေရမှု ရှိ/ မရှိကို အစိုးရဌာနက သိရှိရန် စက်ရုံအသီးသီးရှိ လုပ်သား ကိုယ်
စားလှယ်များက တင်ပြပေးကြရန် အစည်းအဝေးပွဲများ ပြုလုပ်၍ ၀န်ကြီးဌာနက ရှင်းပြလိမ့်မည်ဟု
အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မရှင်၏ အတွင်းရေးမှူးဖြစ်သည့် လွှတ်တော်
အမတ် ဦး ခိုင်မောင်ရည်က ရှင်းပြသည်။

ထို့ပြင် ဦးခိုင်မောင်ရည်က “အလုပ်သမားတွေက ခွင့်ကို တရားဝင် ယူလို့ရတယ် ဆိုတာတောင် မသိ
ဘူး။ တစ်ရက်ခွင့်ယူရင် တစ်ရက်စာ ဖြတ်ခံရမယ်လို့ မြင်ထားတယ် ဒါကြောင့်မို့လို့ ခြောက်နှစ်လောက်
အလုပ်လာလုပ်ပြီးတော့ တစ်ရက်မှ ခွင့်မယူတဲ့သူကိုလည်း တွေ့ခဲ့ရတယ်။ ခုနစ်နှစ် လုပ်လာပြီးမှ တစ်
ရက်လောက် ခွင့်ယူတဲ့ ကောင်မလေး တစ်ယောက်၊ သူ့မောင် မင်္ဂလာဆောင်လို့ဆိုပြီးတော့ ခွင့်ယူတဲ့
တစ်ယောက်ကိုလည်း တွေ့ခဲ့တယ်”ဟု ၎င်းတို့ စက်ရုံများသို့ လုပ်သားအခွင့်အရေးအခြေအနေကို ကွင်း
ဆင်း စစ်ဆေးစဉ်က အတွေ့အကြုံကို ပြန်ပြောပြခဲ့ သေးသည်။

မြန်မာနိုင်ငံတွင် ၁၉၅၁ ခုနှစ်က ပြဋ္ဌာန်းထားသည့် “ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေ”၊ “အလုပ်ရုံဥပဒေ”
တို့ရှိပြီး ထိုဥပဒေများထဲတွင် အလုပ်သမားအခွင့်အရေးများ ပါရှိသော်လည်း အလုပ်ရှင်များက လိုက်နာမှု
အားနည်းကြောင်း ၎င်းတို့ မလိုက်နာလျှင်လည်း သက်ဆိုင်ရာအာဏာပိုင်တို့က အရေးယူမှုမရှိသလောက်
နည်းပါးကြောင်း အလုပ်ရေးရာ တက်ကြွလှုပ်ရှားသူများက ပြောသည်။

မင်းမင်း
Mizzima - News in Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D