သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, August 28, 2013

၈၈မျိုးဆက်ကျောင်းသား တေးသံရှင် ကုလားဒိန် မြအေး တေးစီးရီးထုတ်လုပ်ဖြန့် ချီမည်


၈၈မျိုးဆက်ကျောင်းသားများသည် နိုင်ငံရေးတွင်သာမက စာပေ၊ ဂီတများတွင်များတွင် ၀ါသနာ
ထုံကြ သည်ဖြစ်ရာ၈၈မျိုးဆက်ကျောင်းသားကြီးအဖွဲ့ဝင်ကိုမြအေးသည်လည်းအပြာရောင်ည
ဆိုသောတေးစီးရီးတစ်ခွေထုတ်လုပ်ဖြန့်ချီမည်ဖြစ်ပါသည်။ယခုဖြန့် ချီသွားမည့်သီချင်းများမှာ
ထောင်ထဲတွင်နေထိုင်ခဲ့စဉ်ကရေးသားခဲ့ဟုဆိုသော်ငြားလဲနီးစပ်သူအချို့ကမူ ထောင်ထဲကထွက်
လာမှ ရေးကြသည်ဟုလဲဆိုကြသည်။၈၈မျိုးဆက်ကျောင်းသားများသည် ခေသူများမဟုတ်ပေ။

          

ကိုမင်းကိုနိုင်ဆိုလျှင်လဲဇာတ်ကရာတွင်ထူးချွန်သလိုကိုကိုကြီးမှာလဲဒိုးပတ်တီးရာတွင်ထူးချွန်သူ
ဖြစ်သည်။၈၈မျိုးဆက်တေးသံရှင်ကိုမြအေးကမူ"အဓိက၀ါသနာကတော့အဆိုပေါ့။အဲ့ဒီဝါသနာ
ကိုအရင်းခံပြီးအားတဲ့အချိန်မှာအကောင်အထည်ဖော်မယ်ဆိုပြီးစိတ်ကူးယဉ်ရင်းနဲ့ စီးရီးထုတ်ဖို့ 
လုပ်လိုက်တာပါ။အခုတော့အိမ်မက်တွေအကောင်အထည်ပေါ်ပြီးအောင်မြင်တော့မှာပါ" ဟု
ငြိမ်း/ပွင့်မှကိုမြအေးကဆိုခဲ့သည်။၈၈မျိုးဆက်ကျောင်းသားများသည်စာပေ၊ဂီတအထူးဝါသနာ
ထုံကြသော်လဲ ထူးချွန်ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိကြသလို နိုင်ငံရေးတွင်လဲဖြစ်
မြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းမရှိကြပေ။

နိုင်ငံရေးလေ့လာသူအချို့ ကမူ"အရင်ကတော့ ထောက်ပံ့ကြေးတွေယူ၊ပွဲတွေလုပ်နဲ့ အဆင်ပြေ
နေကြတာပေါ့။အခုတော့လူတွေကလဲသိလာ၊မီဒီယာတွေကလဲထောက်ပြနေကြတော့အလုပ်ရှာ
တဲ့သဘောပါဘဲ။ပြောရရင်တော့ဗျာ ငွေဖြူကနေ ငွေမဲလုပ်တဲ့သဘောမျိုးပေါ့။ထောက်ပံ့ကြေး
တွေဖျောက်ပြီးဒီအခွေထုတ်တာနဲ့ ပိုက်ဆံရသလိုလိုပေါ့။အရင်မင်းကိုနိုင်ကတော့ နောက်ကြည့်
မှန်ဆိုလားမသိဘူး။ဝတ္ထုထုတ်တယ်။အခုမြအေးကစီးရီးထုတ်မယ်။နောက်ပိုင်းကိုကိုကြီးလဲဘာ
လာမလဲမသိဘူး။ဒါပေမယ့်ဗျာသူတို့ တွေအဆင်ပြေနေကြတာကောင်းပါတယ်။အဆင်မပြေ
ကြရင် ဟိုရှုပ်ရှုပ် ဒီရှုပ်ရှုပ်နဲ့ အာရုံနောက်ပါတယ်"ဟု နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သူ
ကိုမြတ်ဆွေမှ ပြောကြားခဲ့ကြောင်းသိရသည်။

       

တေးသံရှင်ကိုမြအေးသည်၎င်း၏တေးစီးရီးအခွေအားDVDကာရာအိုကေခွေများဖြင့်ထုတ်ဝေ
ဖြန့် ချီသွားမည်ဖြစ်သလို ရောင်းအားကောင်းစေရန် ထောင်ဝတ်စုံများဖြင့် ရိုက်ကူးသွားမည်
ဖြစ်ကြောင်းသိရသည်။

From:OE

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D