သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, August 28, 2013

Miss Universe ပြိုင်ပွဲ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် မြန်မာ ယှဉ်ပြိုင်မည်

ရှရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာလအတွင်း (၆၁) ကြိမ်မြောက်အဖြစ် ကျင်းပမည် ဖြစ်သော Miss Universe အလှမယ် ပြိုင်ပွဲကို နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံက ပထမဆုံးအကြိမ် ပြန်လည် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း Miss Myanmar Universe Organization တာဝန်ယူထားသော Hello Madam Media Group မှ မန်နေဂျာ ဒေါ်ဆုမြတ်က ပြောကြားသည်။

အဆိုပါ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိုသူများသည် အရပ် ၅ ပေ ၆ လက်မ အနည်းဆုံး ရှိရမည် ဖြစ်ပြီး အသက် ၁၈ နှစ် မှ ၂၇ နှစ်အတွင်း ရှိရမည် ဖြစ်ကြောင်း၊ စကားပြော ယဉ်ကျေး သိမ်မွေ့ရမည့် အပြင် မြန်မာ ဆန်သော အမျိုးသမီး ဖြစ်ရမည် ဖြစ်ကြောင်း၊ အပျို ဖြစ်ရမည် ဖြစ်ပြီး အင်္ဂလိပ် ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ရန် မလိုကြောင်း၊ ယှဉ်ပြိုင်လိုသူများသည် Hello Madam Media Group သို့ ဆက်သွယ်၍ ပြိုင်ပွဲ ဝင်ခွင့် လျှောက်လွှာများ ဝယ်နိုင်ပြီး ဆန်ခါတင် ရွေးချယ်၍ Miss Myanmar Universe ကို ရွေးချယ်မည် ဖြစ်ကြောင်း၊ ရွေးချယ်ခံရသူသည် ဆုငွေ ကျပ်သိန်း ၁၀၀ ကို ရရှိမည် ဖြစ်ပြီး ရှရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဒီပွဲကြီးက ကမ္ဘာ့အလှမယ် ပြိုင်ပွဲတွေမှာ အကြီးဆုံး ဖြစ်ပြီးတော့ အဲဒီပွဲမှာ မြန်မာနိုင်ငံက သွားပြိုင် ရမယ်ဆိုတော့ အရမ်း ကောင်းပါတယ်။ ဒီပွဲ အကြောင်းကိုလည်း ကြားပါတယ်။ အဓိကကတော့ ကိုယ်လည်း သူများနိုင်ငံမှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားပြိုင်ရမယ်ဆိုတော့ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီးတော့ အကောင်းဆုံး ယှဉ်ပြိုင်မယ်လို့ စိတ်ထဲမှာထားပြီး သွားပြိုင်စေချင်ပါတယ်”ဟု Miss Grand Myanmar မထားထက်ထက်က ပြောကြားသည်။

ယခုအချိန်တွင် ပြိုင်ပွဲဝင်ရန် လာရောက် လျှောက်ထားသူများမှာ ၃၀ ဦးခန့် ရှိပြီး သြဂုတ်လကုန်ထိ လျှောက်လွှာ တင်နိုင်ကြောင်း၊ စက်တင်ဘာလတွင် လူတွေ့ စစ်ဆေးမည် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အကြီးဆုံး အလှမယ် ပြိုင်ပွဲ၌ မြန်မာနိုင်ငံ ကိုယ်စားပြု Organizer ပြုလုပ်ခွင့်ရ၍ အတိုင်းမသိ ဝမ်းသာကြောင်း Hello Madam Media Group မှ မန်နေဂျာ ဒေါ်ဆုမြတ် က ပြောကြားသည်။

Miss Universe ပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ၁၉၅၉ ခုနှစ်၊ ၁၉၆၀ ပြည့်နှစ်နှင့် ၁၉၆၁ ခုနှစ်တို့တွင် သုံးကြိမ် ဆက်တိုက် သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး ယခု ၂၀၁၃ ခုနှစ်ကျမှ ပြန်လည် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။


From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D