သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, August 28, 2013

ခရစ္စတိုဖာ ဂါးန်နက်လက်သစ် သိပ်ဖြစ်ချင်နေသလား ကိုကျော်မင်းဆွေ

မနေ့ကတော့ သဘောလောက်ပဲတင်ဖြစ်ပါတယ်။
ဒီနေ့တော့
ဒီထက်မက ပြောရမယ့်အခြေနေရှိလာလို့ပါ။ ကန့်ဘလူကိစ္စကို ကိုကျော်မင်းဆွေ ဖွတာပိုကျယ်ပြန့်လာတဲ့အတွက်ပါ။သူ face bookမှာတင်လိုက်တဲ့ statusကို မိတ္တူထပ်ဖြန့်နေတာ ပလူပျံနေတယ်လို့ တစ်ချို့သော အင်တာနက်သတင်းရပ်ကွက်တွေကကြားသိနေရတဲ့အပြင် သူ့အမှားသူ မမြင်ဘဲ ကြောင်သူတော်ကြွက်သူခိုးအချိုးတွေ ဒီနေ့လည်းထပ်ချိုးနေတော့ မပြောမပြီး မတီးမမြည်ဆိုသလိုပဲ ကျွန်တော်သူနဲ့ ပတ်သက်ပြီး ထပ်တင်ပါတယ်။သူဝေါလ်မှာလည်း တင်လို့ရရင် အိတ်ဖွင့်ပေးစာ အဖြစ်တင်ပေးဦးမှာပါ။

သူ့အတွက်တော့ The pen is mighter than the sward ပေါ့ဗျာ။ကျွန်တော်တို့ အတွက်တော့ အမျိုးသားနိုင်ငံရေးမို့လို့ပါ။ကျွန်တော်tagမိသူ frတွေလည်း ခဏခဏtagတာ မကျေနပ်ရင် ကျွန်တော်ကို ချဲကြပါ။မနေနိုင်လို့ ထပ်တင် ထပ်tagလိုက်ရပါတယ်။

၈၈အရေးအခင်းအကြောင်း ပြောမယ်ဆိုရင် ဘီဘီစီဝါရင့်သတင်းထောက်ကြီး ခရစ္စတိုဖာ ဂါးန်းနက်အကြောင်းမပြောလို့မရပါဘူး။ကျောင်းသားနဲ့ အရပ်သား ပဋိပက္ခကနေစတင်ခဲ့ပြီး မွန်းကြပ်မှုတွေနဲ့ခရီးရှည် လျှောက်ခဲ့ရတဲ့ လူထုရဲ့ အကြီးမားဆုံး ဆင့်ကဲအုံကြွမှုကြီးတစ်ခုမှာ အဓိကအခန်းကဏ္ဍကနေ လှုံ့ဆော်ပေးခဲ့သူပေါ့။

၈၈ငွေရတုမှာအောင်ပွဲခံနေတဲ့ ရှစ်ပူးတွေ ညစဉ်ညတိုင်း လက်ဆယ်ဖြာထိပ်မှာမိုးပြီး
ရှိခိုးဦးချဝန္တာမ လုပ်သင့်တဲ့ ခင်ပွန်းကြီးဆယ်ပါးမှာ သူလည်းတစ်ပါးအပါအ၀င်ဖြစ်ပါတယ်။ ဘယ်နေ့၊ ဘယ်နေရာ မှာ ဘာတွေလုပ်မယ်။ဘယ်အချိန် ဘယ်လိုလာရောက်စုစည်းကြပါ
…စသဖြင့် အင်တာနက်မရှိသေးတဲ့ခေတ်မှာ သူကနေတစ်ဆင့် ကြားပွဲစားလုပ်ပေးခဲ့လို့လည်း ခုလောက်ပြင်းထန်ပြီး အောင်ပွဲခံနိုင်ခဲ့တာ လက်လှမ်းမီသူတိုင်းအသိပါ။ NLD(ကွန်မြူနစ်)ဦးဝင်းတင်တောင်ဒါကိုအကြွင်းမဲ့လက်ခံထားပါတယ်။
ကျေးဇူးသိတတ်တယ်ဆိုပါတော့။ဒါကတော့ ဘီဘီစီသတင်းထောက်ကြီးအကြောင်းပါ။

ကနေ့ခေတ်ရဲ့ ခရစ္စတိုဖာဂါးန်းနက်လက်သစ် ဖြစ်မှန်းမသိဖြစ်လာသူတစ်ဦးကတော့
မြန်မာပြည်ရဲ့ နာမည်ကျော်The Voiceဂျာနယ်က ဆိုင်ကော်လို့ ချုံပေါ်ရောက်ခဲ့ရတဲ့
အယ်ဒီတာချုပ် ကိုကျော်မင်းဆွေပါ။ အင်မတန်ထက်မြက်ပြီး အရည်ချင်းပြည့်ပြည့်၀၀ အတွေးအခေါ်အယူအဆ မှန်ကန်မျှတတဲ့ ဆရာနေ၀င်းမောင်ဆုံးတော့ “မရွယ်ဘဲ စော်ကဲမင်းဖြစ်လာသူပေါ့”..။။။သူ့ရဲ့ အရည်အချင်း၊လုပ်ရပ်နဲ့ စိတ်ဓာတ်တွေက တစ်နေ့တစ်ခြား သိပ်ကို ပေါ်လွင်လာပါတော့ သူ့အကြောင်းကို ကျွန်တော်လည်း ဘယ်လိုမှ
အလေးဂရုမပြုဘဲ မနေနိုင်အောင်ဖြစ်မိပါတယ်။

ကိုကျော်မင်းဆွေခင်ဗျား......

ရခိုင်ပဋိပက္ခတုန်းကလည်း ခင်ဗျားတို့မီဒီယာတွေပဲ လွပ်လပ်စွာထုတ်ဖော်ရေးသားခွင့်ကို ခုတုံးလုပ်ပြီး ရည်ရွယ်ချက်ရှိရှိသွေးထိုးလှုံ့ဆော်ခဲ့ကြတယ်။ခင်ဗျားငြင်းနိုင်သလား???

တစ်ခါ ကချင်ပြည်နယ်တိုက်ပွဲတွေတုန်းကလည်း ခင်ဗျားဆီကသတင်းထောက်တွေကို လိုက်ဇာထိလွှတ်ပြီးKIAမီဒီယာအဖြစ် အသုံးတော်ခံတယ်။တပ်မတော်သားတွေ ဒီလောက်သေကြေနေတာ၊အရပ်ဘက်ပစ်မှတ်တွေ ဒီလောက် ဖျက်ဆီးခံနေရတာ
၊လူသစ်တွေ အဓမ္မစုဆောင်းခံနေရာတာ၊ဆက်ကြေးတွေ နင့်ကနဲနေအောင်
ဖြစ်ညှစ်ပေးနေရတာတွေကို မျက်ကွယ်ပြုပြီး တပ်မတော်ကပဲ မတရားသဖြင့်လုပ်နေသယောင် လီဆယ်လုပ်ကြံရေးသားကြတယ်။ခင်ဗျားငြင်းရဲသလား???

ဒီကြားထဲမှာ ခင်ဗျားနဲ့ သတ္ထုတွင်းဝန်ကြီးဌာန အငြင်းအခုံတွေဖြစ်ကြတယ်။ဝန်ကြီးဌာနက တရားစွဲတော့စာနယ်ဇင်းကောင်စီက ကြားဝင်ဖျန်ဖြေပေးတယ်။ဒီကိစ္စကိုခင်ဗျား လုံးဝအစာမကျေဘူး။ဒီအတွက် အစိုးရကို အခဲမကျေဘူး။

ဒီနောက်ပိုင်း ခင်ဗျားတို့ ပိုပိုဆိုးလာတယ်။လူဆိုတာ သူများမျက်ချေးသာမြင်တတ်ပြီး ကိုယ့်မျက်ချေးကျတော့ ကိုယ်မမြင်တတ်ကြဘူး ကိုကျော်မင်းဆွေ။ခင်ဗျားကတော့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်။သွေးနားထင်ရောက်။ ရွှေဥာဏ်တော်သိပ်စူးရောက်နေတာ။ ဘင်္ဂလီကိစ္စတွေမှာ ခင်ဗျားအယ်ဒီတာချုပ်လုပ်နေတဲ့ မဂ္ဂဇင်းရဲ့ မူဝါဒနဲ့ လုပ်ရပ်ကို မကျေနပ်ကြသူတွေတစ်ပုံကြီးရှိနေတယ်ကိုကျော်မင်းဆွေ။ဒါကြောင့်လည်း
နိုင်ငံခြားသားပညာရှင်ငှားထားတဲ့ကြားက BHGရဲ့ တိုက်ခိုက်ခြင်းခံရတာ။

ပြန်ကြားဝန်ကြီးနဲ့ စာနယ်ဇင်းကောင်စီ(ယာယီ)အတိုက်ခံဖြစ်တော့ ခင်ဗျားတို့ ဂျာနယ်တွေ ပွက်လောညံခဲ့တာခုမှ တဖြည်းဖြည်းသဘောပေါက်လာတယ် ကိုကျော်မင်းဆွေ။ စာနယ်ဇင်းကောင်စီက စေတနာမှန်ချင်မှန်မယ်။ခင်ဗျားတို့ လုပ်စားကိုင်စားတွေကတော့ သဘောထားမမှန်ဘူးဆိုတာ။ခင်ဗျားတို့ ထင်ရာစိုင်းဖို့၊သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းရေးဖို့၊မီဒီယာလက်နက်ကို တလွဲအသုံးချဖို့၊အစိုးရ၊ပြည်သူ၊
တပ်မတော်ကြား ညီညွတ်မှုပျက်ပြာအောင်လုပ်ဆောင်တဲ့နေရာမှာ ဘယ်လိုဘောင်၊ဘယ်လိုကနားမှ မလိုချင်လို့၊အခွင့်ရေးကို လက်တစ်ဆုံးနှိုက်ကတုံးကတိုက်လုပ်ချင်လို့ဆိုတာ။ပြည်သူကို အထင်မသေးပါနဲ့
ကိုကျော်မင်းဆွေ။

ခင်ဗျားတို့ ပြောပြောနေတဲ့ စကားလုံးသုံးရရင်“ နိုင်ငံရေးဒီရေမြင့်သစ်”က ဟိုး အရင်ခေတ်လိုမဟုတ်တော့ဘူး။ဟိုတစ်နေ့က ခင်ဗျားရဲ့statusတစ်ခုဖတ်လိုက်ရတော့ (မီဒီယာသမားတွေကိုယ်စား)ကျွန်တော် အရမ်းရှက်မိတယ်။အယ်ဒီတာချုပ်တွေကိုယ်စား ဒီလိုပဲလားလို့ ဟားခံရမှာစိုးမိတယ်။ခင်ဗျားစိတ်ဓာတ်နဲ့ခင်ဗျားလုပ်ရပ်ဟာ ဘာလဲ၊ဘယ်လဲဆိုတာ ဘွင်းဘွင်းကြီးပေါ်နေတာ ယိုသူမရှက် မြင်သူရှက်ပါပဲ ကိုကျော်မင်းဆွေ။ ခင်ဗျားတစ်သက်လုံးဖုံးသမျှ ကုန်းမှပေါ်ဆိုသလိုပဲ ဒီstatusမှာ အစိုးရအပေါ် ခင်ဗျားဘယ်လောက်မျက်မုန်းကျိုးနေတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ်ဘယ်လောက်
ပုတ်ခတ်ချင်နေတယ်။သူခိုးကိုလည်း သိသိသာသာဓားရိုးကမ်းချင်နေတယ်ဆိုတာ ထင်းခနဲ လင်းခနဲပါပဲ ကိုကျော်မင်းဆွေ။

ပြည်သူတော်တော်များများက ဆူပူမှုကိုမလိုလားပါဘူး ကိုကျော်မင်းဆွေ။အေးအေးချမ်းချမ်းနဲ့ ကိုယ့်ဝမ်းစာကိုယ်ရှာစားချင်ကြတာပါ။ဒါပေမယ့် မြန်မာတော်တော်များများဟာ
(ကျွန်တော်အပါအ၀င်ပေါ့) သွေးဆူလွယ်တယ်။မဟုတ်ရင်မခံခင်ဘူး။
မတရားရင်ဆန့်ကျင်ချင်တယ်။ပြောရရင် ဒေါပွလွယ်တယ်ပေါ့ဗျာ။
ခင်ဗျားလည်းမြန်မာတစ်ဦးဆိုရင်တော့ ဒီစိတ်ဓာတ်တွေရှိမှာပါ။ဒါကို ခင်ဗျားက “ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လား”မေးချင်သေးတယ်။ဒါတင်မကဘူး လက်ရှိအာဏာရပါတီနဲ့ လက်ရှိအစိုးရကိုလည်း ခင်ဗျားတိုက်ရိုက်စော်ကားတယ်။
ခင်ဗျားရူးများ ရူးနေသလား ကိုကျော်မင်းဆွေ။

ဘယ်နိုင်ငံ၊ဘယ်ဒေသမှာမဆို လက်ရှိအာဏာရနေတဲ့ အစိုးရက မတည်မငြိမ်ဖြစ်ချင်ပါ့မလား။အာရပ်နွေဦး တော်လှန်ရေးတွေကစပြီး ဒီနေ့အထိ အဲဒီလိုဆူပူမှုတွေကနေ လက်ရှိအာဏာရပါတီအသီးသီး ဖရိုဖရဲပြိုကွဲသွားတာ။ခင်ဗျားလည်းအသိပါပဲကိုကျော်မင်းဆွေ။


ဒါခင်ဗျားပြောတဲ့စကားနော်???
(“ဒီလောက်တစ်နိုင်ငံလုံး ဆက်တိုက်ဖြစ်နေတာတောင် ခုထိမတားနိုင်ဘူးဆိုတော့ တာဝန်ရှိတဲ့သူတွေ ဘယ်လောက်ရှက်ဖို့ကောင်းလဲ။ဘယ်လိုလူတွေက ဒီလောက် လက်ရဲဇက်ရဲလုပ်နေတာလဲ။တစ်နိုင်လုံးမှာ ဖြစ်သမျှက ဘာလို့ အဲလောက်တူညီနေတာလဲ။စဉ်းစားတတ်သူတိုင်းသိတယ်။လုံခြုံရေးတာဝန်ရှိသူတွေကို ဘယ်ကနေတိုက်ရိုက်အမိန့်ပေးတာလဲ။ဒီလို လက်ရဲဇက်ရဲလုပ်နေသူတွေက ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာနေတာ မဟုတ်ဘူးလား။ဒီလောက် အတင့်ရဲရဲလုပ်နေတာ သူတို့နောက်က ဘယ်လောက်အင်အားကြီးလို့လဲ။ဒီလောက်စွမ်းအားကြီးနေတာ စွမ်းအားရှင်မို့လို့ဖြစ်မယ်။ဒီပုံအတိုင်းဆို စွမ်းအားရှင်များနဲ့ ဖွဲ့စည်းထားတဲ့ ခါးပိုက်ဆောင်တပ်တွေ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ မင်းမူလာမှာမြင်သေးတော့”)

ခင်ဗျားပြောတဲ့အတိုင်း တစ်လုံးတစ်ပဒမလွဲ ပြန်ရေးထားတာပါ ကိုကျော်မင်းဆွေ။ ကျွန်တော်တို့လည်း စဉ်းစားတတ်ပါတယ်ကိုကျော်မင်းဆွေ။ဆူပူမှုကိုမလိုလားတာ ပြည်သူနဲ့ လက်ရှိအစိုးရပါ။အဲလိုလားခြင်း လိုလားရင်တော့ ခင်ဗျားတို့လို သတင်းသမားတွေပါပဲ။အောက်က ဖော်မြူလာလေးလိုပေါ့ ။

နိုင်ငံတစ်ခု+တည်ငြိမ်မှုရှိခြင်း=သုည
နိုင်ငံတစ်ခု+ဆူပူခြင်း=သတင်း

ဒါခင်ဗျားလို စိတ်ဓာတ်နဲ့ ၀မ်းစာကျပ်မပြည့်တဲ့ (မြောင်းထဲကရေပုပ်လို )တစ်ချို့သော လုပ်စားကိုင်စားမီဒီယာသမားတစ်ချို့ရဲ့ဖော်မြူလာပါ။ဟုတ်မဟုတ်ကတော့ သူများကိုသာ ခင်ဗျားညာချင်ညာလို့ရမယ်။ခင်ဗျားကိုယ်ခင်ဗျား ညာလို့မရလို့ ခင်ဗျားလက်သုံး ခင်ဗျားအသိဆုံးပါ။

ဒီလောက် ခင်ဗျားကိုအမွှန်းတင်လွန်းနေတော့ ကျွန်တော့်ကိုအာဏာရပါတီက စွမ်းအားရှင်တစ်ဦးလို့ထင်ချင်ထင်မယ်။ဆန့်ကျင်ဘက် ဂျာနယ်တစ်စောင်က ခင်ဗျားကိုတိုက်ခိုက်တဲ့ သူတစ်ဦးလို့မြင်ချင်မြင်မယ်။ဒါမှမဟုတ် အာဏာရှင် လက်ကိုင်တုတ်ပေါ့။ခင်ဗျားကြိုက်သလိုမြင်ပါ

လူဆိုတာ သူများကိုဝေဖန်ရဲရင် ကိုယ့်ကိုယ်လည်းဝေဖန်ခံရဲရမယ်။လုပ်ရဲရင်ခံရဲရမယ်ပေါ့ဗျာ။ခင်ဗျားတောင် အထောက်အထား လက်ဆုပ်လက်ကိုင် ဘာတစ်ကွက်မှ မပြနိုင်ဘဲ statusတင်ရဲသေးတာ။ ဟုတ်တယ်နော်။ကျွန်တော်က သာမန်လူ။ခင်ဗျားက ကျော်ဟိန်းပေါ့ဗျာ။ကျော်ဟိန်းကလူတိုင်း မသိနိုင်ပေမယ့် လူတိုင်းက ကျော်ဟိန်းကို သိသလိုမျိုးပေါ့။မြန်မာပြည်မှာ ခင်ဗျားက ပေါ်ပြူလာဆိုတော့အပင်မြင့်လေ လေပိုတိုက်ခံရလေပဲပေါ့ဗျာ။အဲလိုသဘောထားပါ။
အစိုးရတောင် ခင်ဗျား ထင်ရာမြင်ရာပြောတာကို စိတ်မဆိုးပဲဥပေက္ခာပြုထားတာ။ခင်ဗျားလည်း ဒီလောက်တော့သဘောထားကြီးမှာပါ။

သေချာတာတစ်ခုကတော့ ကျွန်တော်ဟာ ဘယ်ပါတီဝင်မှ မဟုတ်သလို ဘာနိုင်ငံရေးမှ မလုပ်ဘူးဆိုတာပါပဲ။ဘာသတင်းသမားမှ မဟုတ်သလို ဘာအငြင်းပွားမှုကိုမှ ခုတုံးလုပ်အမြတ်မထုတ်ဖူးဘူးဆိုတာပါပဲ။ ကျွန်တောာ်မြင်တာ ကျွန်တော်ရေးတာပါ။ခင်ဗျားက အစိုးရ၊ပြည်သူ၊တပ်မတော်အပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ကွက်ဖော်နေတော့ ဒီလောက်ကအပျော့ပါ။

ဒီလိုနိုင်ငံကျော်ကြီးတစ်ယောက်ကို အိတ်ဖွင့်ပေးစာ ရေးခွင်ရတာကိုက ၀မ်းသာလုံးဆို့လှပါပြီ။ခင်ဗျားရဲ့လုပ်ရပ်၊ခင်ဗျားရဲ့စိတ်ဓာတ်၊ခင်ဗျားရဲ့ အတွေးအခေါ်နဲ့ ခင်ဗျားရဲ့အရည်အချင်းတွေကို လေးစားလွန်းအားကြီးလို့ တစ်ရံရောအခါက မြန်မာနိုင်ငံရေးအခင်းအကျင်းမှာ အတင်းအဖျင်းနဲ့ မင်းမူခဲ့သူ ဘီဘီစီသတင်းထောက်ကြီးအလား ထင်မှတ်မှားရတဲ့ ခင်ဗျားကို“မစ္စတာ ခရစ္စတိုဖာ ဂါးန်နက်ကျော်မင်းဆွေ” လို့ ရှေ့ကထပ်တပ်ပြီး ခေါ်စမ်းပါရစေ ကိုကျော်မင်းဆွေ။

စကားမစပ်။ ဆရာနေ၀င်းမောင်ကြီးတော့ အရမ်းလွမ်းသဗျာ။
 
From:Aung Zay

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D