မိတ္ထီလာတွင် ဦးသောဘိတ
ခေါင်းအထုခံရ သေဆုံးခဲ့ခြင်းအတွက် ဘာမှမပြောခဲ့သော်လည်း ကင်တားနားကား
လက်ဖြင့် အထုခံရသည်မှာ မဖြစ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည်မှ ဒေါသဖြင့်
ပြောဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။ မိတ္ထီလာမှာ ကင်တာနားကို ဆန္ဒပြခဲ့
သည့် မိတ္ထီလာ မြို့သူမြို့သားများမှ ကင်းတားနားရဲ့ ကားကို ရိုက်ပုတ်
ခဲ့သည်ဟု ကင်တားနားမှ ပြောဆိုခဲ့သဖြင့် ဒေါ်စုမှ မိတ္ထီလာ
မြို့သူမြို့သားများ အား ကင်တားနားအား စိတ်ဆိုးအောင်လုပ်တာဟာ မဖြစ်သင့် တဲ့
လုပ်ရပ် တစ်ခု ဖြစ်ကြောင်း ကင်တားနားအား ကျေနပ်အောင်
ဖြေရှင်းပေးသင့်ကြောင်း.. ဒေါ်အောင်ဆန်းစုကြည် မှ ပြောခဲ့တာပါ။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ကားကို မိတ္ထီလာမှာ ရိုက်ပုတ်ခဲ့ကြတဲ့လုပ်ရပ်ဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့လုပ်ရပ်တခုပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။
ဒီကိစ္စမှာ အာဏာပိုင်တွေနဲ့ မစ္စတာ ကင်တားနားတို့ နှစ်ဦးနှစ်ဖက် ပြောကြားချက်တွေ ကွဲလွဲနေတာကိုလည်း သတိပြုမိတယ်လို့ သူက ပြောပါတယ်။
"အုပ်ချုပ်ရေးပိုင်းက ထုတာမဟုတ်ဘူးလို့ ပြောတယ်။မစ္စတာ ကင်တားနားက ထုတယ်လို့ပြော တယ်။မိတ္ထီ လာကရတဲ့ သတင်းက ထုတာလို့ ပြောတယ်။ဒီဟာက မလုပ်သင့်ဘူးပေါ့။စာပေးချင်လဲ ရိုးရိုးပေးလို့ရပါ တယ်။တိုက်ရိုက်ပေးလို့မရရင်တောင် UNDP က တစ်ဆင့်ပေးလို့ရတာပေါ့။မစ္စတာ ကင်တားနား ကျေနပ်လောက်အောင် ဖြေရှင်းချက်ပေးသင့်တာပေါ့"
RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့ မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

From:rfa

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...