သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 29, 2013

မြန်မာနိုင်ငံသားနှင့် လက်ထပ်ထားသော နိုင်ငံခြားသားများကို ပြည်တွင်း၌ အချိန် အကန့်အသတ်မရှိ နေထိုင်ခွင့်ပြု

 
မြန်မာနိုင်ငံသားနှင့် တရားဝင် လက်ထပ်ထားသူ နိုင်ငံခြားသား ဇနီး၊ ခင်ပွန်း များကို ပြည်တွင်း၌ အချိန် အကန့်အသတ်မရှိ နေထိုင်ခွင့် ပြုထားကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် မွေးဖွားပြီး ပြည်ပ နိုင်ငံသား ခံယူထားသည့် နိုင်ငံခြားသား များနှင့် မြန်မာနိုင်ငံသားနှင့် တရားဝင် လက်ထပ်ထားသူ ပြည်ပ နိုင်ငံသား များသည် လူမှုရေး ပြည်ဝင် ဗီဇာဖြင့် ပြည်တွင်းသို့ ဝင်ရောက်နိုင်ပြီး အချိန် ကြာမြင့်စွာ နေထိုင်လိုပါက လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန တိုင်း ဦးစီးဌာနမှူး ရုံးထံ နေထိုင်ခွင့် သက်တမ်း အကြိမ်ကြိမ် တိုးမြှင့် နေထိုင်နိုင်ကြောင်း
ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

 
မြန်မာနိုင်ငံသားနှင့် အိမ်ထောင်ပြုထားသည့် နိုင်ငံခြားသား ဇနီး၊ ခင်ပွန်းသည် (လူမှုရေး) ပြည်ဝင်ဗီဇာဖြင့် ဝင်ရောက်လာပြီး မြန်မာနိုင်ငံ တွင် နေခွင့်သက်တမ်း တိုးမြှင့်လိုပါက မည်သည့်ဌာန အကြီးအကဲ၏ သဘော တူညီချက်ကိုမျှ ရယူရန် မလိုဘဲ ဆန္ဒရှိသရွေ့ အကြိမ်ကြိမ် တိုးမြှင့် နေထိုင်ခွင့် ပြုပေးနေကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

“တခြား နိုင်ငံသား ခံထားတဲ့ မြန်မာတွေလည်း အလုပ် အခြေအနေအရ ဆိုတော့ အကြာကြီး မနေနိုင် ပါဘူး။ မြန်မာနိုင်ငံသားနဲ့ ယူထားတဲ့ သူကတော့ ပြည်တွင်းမှာ သူတို့အလုပ်ကိစ္စရှိတဲ့ အခါမျိုးဆို ကြာ ကြာနေတာပါ” ဟု စင်ကာပူ နိုင်ငံသား ခံယူထားသူ မြန်မာပြည်ဖွား အိုင်တီ အင်ဂျင်နီယာ တစ်ဦးက ဆိုသည်။

အဆိုပါ ပြည်ပ နိုင်ငံသားများ နေထိုင်ခွင့် သက်တမ်းအတွက် ဗီဇာ ခွင့်ပြုစဉ် က ၂၈ ရက်နှင့် ပထမ အကြိမ် နေခွင့် သက်တမ်း သုံးလအတွက် အမေရိကန် ဒေါ်လာ ၃၆ ဒေါ်လာ ကောက်ခံပြီး ဒုတိယ အကြိမ် နေခွင့် သက်တမ်း တိုးချိန်မှ စ၍ တစ်ကြိမ်လျှင် နေခွင့် ခြောက်လအတွက် ဒေါ်လာ ၉၀ ဖြင့် အကြိမ်ကြိမ် သက်တမ်းတိုးနိုင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားန်ကြီးဌာနက ထုတ်ပြန် ထားသည်။

From: The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D