ရန်ကုန် ၊ ၃၀-၈-၂၀၁၃
မြန်မာပြည် တွင်းတွင်
တရုတ်ပြည်မှ တရားမဝင် မှောင်ခို လမ်းကြောင်းမှ ဝင်ရောက် လာသည့်
ကြက်ဥများကို သားဖောက် မွေးမြူမှုများ ပြုလုပ်နေကြောင်း ကြက်မွေးမြူရေး
လုပ်ငန်းရှင် များထံက သိရသည်။
မန္တလေးတိုင်း ဒေသကြီး
အတွင်းတွင် တရုတ်ပြည်မှ ကြက်ဥများကို တရားမဝင် မှောင်ခို လမ်းကြောင်း
များမှ ဝယ်ယူ၍ သားဖောက် မွေးမြူမှုများ ရှိနေသည်ဟု ဒေသခံများ နှင့်
ကြက်မွေးမြူ ရေးစီးပွားရေး လုပ်ငန်းရှင် များထံက သိရသည်။ မြန်မာပြည်
တွင်းသို့ ပြည်ပနိုင်ငံများ မှ ကြက်သားပေါက် များနှင့် မျိုးကြက်ဥ များ
တင်သွင်းမည် ဆိုပါက တင်သွင်း မည့်နိုင်ငံမှာ အနည်းဆုံး သုံးလခန့် ကြက်ငှက်
တုပ်ကွေး ရောဂါကင်းရှင်း သည့် ထောက်ခံချက် ရှိရမည် ဆိုသည့် သတ်မှတ်ချက်
ရှိကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။
" တရုတ်နိုင်ငံ
မှာကလည်း ကြက်ငှက် တုပ်ကွေးက ဖြစ်နေတာ ၊ ဒီကို တရုတ်နိုင်ငံ ကနေ ကြက်ဥ
ကြက်သားပေါက် တွေ ဝင်နေတယ် ဆိုရင် လည်း တရားမဝင် လမ်းကြောင်းကပဲ ဖြစ်မယ် ၊
ဘာလို့လည်း ဆိုတော့ ဒီကို ကြက်ဥ ၊ ကြက်သားပေါက် တွေထပ်ပို့ ရင်
အဲဒီနိုင်ငံက အနည်းဆုံး သုံးလ ကြက်ငှက် တုပ်ကွေး ကင်းရှင်းတဲ့ နိုင်ငံ
ဖြစ်ရမယ် ... ''ဟု မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ
ဒေါက်တာလှလှသိန်း က ပြောကြား ခဲ့သည်။
မိမိအနေဖြင့်
အတည်ပြုချက် မပေး လိုသော်လည်း မန္တလေးတိုင်း ဒေသကြီး အတွင်းသို့ တရုတ်ပြည်မှ
ကြက်ဥများ တင်သွင်း၍ သားဖောက် မွေးမြူသည့် သတင်းများကို ကြားနေ ရကြောင်း ၊
ယင်း တရုတ်ပြည်မှ ကြက်ဥများ ရန်ကုန်တိုင်း ဒေသကြီး အတွင်းသို့ ဝင်ရောက်
မည်ကို စိုးရိမ်၍ တာဝန်ရှိ သူများနှင့် ညှိနှိုင်းပြီး စီမံချက် ရေးဆွဲ
ဆောင်ရွက် နေကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။ '' ရန်ကုန်တိုင်း
ဒေသကြီး ကို ရှမ်းပြည်နယ် က ကြက်ဥတွေ ဝင်တယ် ၊ သက်ဆိုင်ရာ တာဝန်ရှိ
ပုဂ္ဂိုလ်တွေရဲ့ ထောက်ခံချက်ပါမှ တင်သွင်းခွင့် ပြုမယ် ၊ အခု ရန်ကုန်တိုင်း
ဒေသကြီး အတွင်းက ကြက်တွေက တရုတ်ပြည်က ကြက်တွေလုံးဝ မဟုတ်ပါဘူး လို့
ပြောချင်ပါတယ် ...''ဟု ၄င်းက ထပ်မံ ပြောကြား ခဲ့သည်။
အသားတိုးကြက်
ထုတ်လုပ်ရောင်းချ မွေးမြူ သူများ အသင်းမှ စာရင်းဇယား များအရ ဇန်နဝါရီလ
တစ်လလုံးတွင် မြန်မာ တစ်နိုင်ငံလုံး အတွက် ကြက် ၂ ဒသမ ၆ သန်း မွေးမြူ
ထုတ်လုပ်နိုင် ခဲ့ကြောင်း သိရှိရသည်။
MWD


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...