သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 31, 2013

ဒဂုံ တက္ကသိုလ် ရိပ်မွန် အိမ်ရာနေ ကျောင်းသားများ မြွေဆိုး အန္တရာယ် ရင်ဆိုင်နေရ

ရန်ကုန်- ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံတက္ကသိုလ်မှ ကျောင်းသားများ အများဆုံးနေထိုင်သော ဒဂုံတက္ကသိုလ်
ရိပ်မွန် ဥယျာဉ်မြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းကာ ကာလကြာရှည်ရေ၀ပ်နေမှုများကြောင့် မြွေ ဆိုး
အန္တရာယ်ကြုံတွေ့နေရကြောင်း တက္ကသိုလ်ကျောင်းသားများက ပြော သည်။

“တက္ကသိုလ်တက်ဖို့ နယ်ကနေ ဒီမှာအဆောင်လာနေတာ။ ဒီဘက်မှာ အရင်ကတည်းက မြွေတွေရှိပေမယ့်
အခုမိုးတအားရွာပြီး ရေတွေဝပ်တယ်။ လမ်းမီးတွေကလည်း ပြတ်တော့ မြွေတွေက လမ်းပေါ်တက်လာ
တယ်။ ကျွန်တော်ဆိုရင် လမ်းလျှောက်နေရင်း လမ်းမပေါ်တက်ခွေနေတဲ့ မြွေပွေးကို တက်နင်းမိလို့ အ
ကိုက်ခံရတာ” ဟု မကြာမီရက်ပိုင်းအတွင်း မြွေကိုက်ခံရပြီး သြဂုတ် ၂၉ ရက်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံမှ
ဆင်းလာသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

ဒဂုံတက္ကသိုလ်ရိပ်မွန်ဥယျာဉ်မြို့တော်သည် ဒဂုံတက္ကသိုလ်၏ အရှေ့ဘက် တွင်တည်ရှိပြီး နယ်မှလာသော
ကျောင်းသားများ အများဆုံး ငှားရမ်းနေထိုင် ကြကာ အဆောင်များပတ်ပတ်လည်တွင် ကြာရှည်စွာအသုံး
မပြုဘဲထား ရှိသော လယ်ကွင်းများရှိပြီး နှစ်စဉ်မြွေဆိုးအန္တရာယ်ကို ရင်ဆိုင်နေ ရသော်လည်း ယခုနှစ်တွင်
ပိုမိုဆိုးရွားလာသော ရာသီဥတုအခြေ အနေကြောင့် မြွေဆိုးအန္တရာယ် ပိုမိုကြီးမားလာကြောင်း သတင်းရရှိ
သည်။

“အခုတလောပတ်ဝန်းကျင်မှာ မြွေတွေတော်တော်တွေ့လာတယ်။ မိုးကြီးလို့ လယ်ကွက်တွေထဲမှာ ရေ
တွေဝပ်နေတော့ ကုန်းမြေရှိတဲ့ လမ်းမပေါ်တက် လာ တယ်။ ကျောင်းသားတွေကလည်း အများစုက ည
ဘက်ကျမှ အိမ်ပြန်လာကြတော့ အိမ်အပြန်လမ်းမှာ မြွေကိုက်ခံရတာတွေက ခဏခဏရှိနေပြီ” ဟုအဆို
ပါဝင်းအတွင်း နေထိုင်သူ ဒေသခံတစ်ဦး က ပြောသည်။

အဆိုပါ ဒဂုံတက္ကသိုလ်ရိပ်မွန်အတွင်း တက္ကသိုလ်ကျောင်းသား ၁၀၀၀ ခန့် နေထိုင်ပြီး ဇွန်လမှ သြဂုတ်လ
အတွင်း မြွေပွေးအကိုက်ခံရသူ ခြောက်ဦး ခန့် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

“မြွေပွေးကိုက်ခံရရင် အဆိပ်အနည်းအများပေါ် မူတည်ပြီး တတ်နိုင်သမျှအမြန်ဆုံးမြွေဆိပ်ဖြေဆေးထိုးဖို့
လိုအပ်တယ်။ လူနာ အခြေအနေပေါ်မူတည်ပြီး မြွေဆိပ်ဖြေဆေး အနည်းဆုံး လေးလုံး ကနေခြောက်လုံး
လောက် ထိုးရတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု၏ ၉၀ ရာခိုင်နှုန်းသည် မြွေပွေးဖြစ်ကာ ၁၀ ရာခိုင်နှုန်းသည် မြွေဟောက်ဖြစ်
သည်။ နိုင်ငံတွင်း နှစ်စဉ် မြွေဆိပ်ဖြေဆေး လုံလောက်စွာ ဖြန့်ဖြူးထုတ်လုပ်ပေးနိုင်ခြင်းမရှိသဖြင့် မြွေကိုက်
ခံရမှုကြောင့် လူသေဆုံးမှုလျော့ကျမသွားသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး
ချုပ် ဒေါက်တာသန်းဝင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်နှင့် ရေကြည်မြို့ တိုက်နယ်ဆေးရုံများ
သို့ မြွေဆိပ်ဖြေဆေး လှူဒါန်းပေးအပ်ပွဲတစ်ခု၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၅ မှ ၂၀၁၀ ပြည့်နှစ်အထိ အဆိပ်ရှိသတ္တ၀ါကိုက်ခံ ရမှုဖြစ် စဉ် ၁၅၀၀၀ ခန့် ရှိပြီး ပျမ်း
မျှလူဦးရေ ၄၀၈ ဦး သေဆုံးခဲ့ပြီး ၂၀၁၁ တစ်နှစ်တည်းတွင်မူ ဖြစ်စဉ်တစ်သောင်းကျော်တွင် သေဆုံးသူ ၂၅၃ဦး သာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

7Day News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D