ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ်
ပေါက်တန်းကြီးကျေးရွာအုပ်စုအနောက်ကုန်းရွာတွင်သြဂုတ်လ ၂၈ရက်နေ့  နံနက်၅နာရီ အချိန်ခန့် တွင်
ဝက်မကြီးတစ်ကောင်သားပေါက်ရာမှလူ၊ဆင်၊မြင်း၊မျောက်၊ကြံ့စသောပုံသဏ္ဍာန်နှင့်ဆင်သော ၀က်ကလေး၅ကောင်
မွေးဖွားကြောင်းသိရသည်။အဆိုပါဝက်မကြီးမှာ သား၁၀ကောင်ပေါက်ခဲ့သော် လဲ၅ကောင်မှာ ထူးခြားပုံသဏ္ဍာန်များဖြစ်ပေါ်နေကြောင်းဝက်ပိုင်ရှင် ဦးဝင်းမှပြောဆိုသည်။ သားပေါက်၁၀ကောင်တွင်
၅ကောင်မှာပုံမှန်မွေးဖွားသော်လဲ ထူးခြားပုံသဏ္ဍာန်ပုံ ပေါက်နေသော ၅ကောင်တွင်
ပထမဆုံးပေါက်သောအမတစ်ကောင်မှာမျောက်မျက်နှာနှင့် ဆင်တူပြီးမွေးဖွားပြီးနောက်သေ
ဆုံးသွားခဲ့သည်။နောက်ထပ်မွေးဖွားသည့်၎ကောင်တွင်အမ၂ကောင်မှာလူရုပ်၊ဆင်ရုပ်နှင့်တူခဲ့ပြီးမြင်းရုပ်နှင့်
တူသောအထီးတစ်ကောင်နှင့် အချင်းကျပြီးနေ့လည်
၁၂နာရီတွင်ကြံ့ရုပ်နှင့်တူသောအထီးတစ်ကောင်ဆက်လက်မွေးဖွားခဲ့သည်။
ထူးခြားသည်မှာဝက်ပေါက်၅ကောင်တွင်ကြံ့ရုပ်၊မျောက်ရုပ်၊ဆင်ရုပ်၃ကောင်တွင် မျက်လုံး
တစ်လုံးစီသာပါရှိပြီး မျောက်ရုပ်နှင့်တူသောတစ်ကောင်သေဆုံးသည်မှလွဲ၍ကျန်သားပေါက်များ
ကျန်းမာလျှက်ရှိကြောင်းသိရသည်။
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...