သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 26, 2013

ထန်းကုန်းအဓိကရုဏ်းဖြစ်စဉ်အကျဉ်း

 
စစ်ကိုင်းတိုင်းဒေသကြီး၊၊ရွှေဘိုခရိုင်၊ကန့်ဘလူမြို့နယ်၊ထန်းကုန်းကျေးရွာသို့ လာရောက်အလုပ်လုပ်သော အသက် ၂၅နှစ်ဝန်းကျင်အရွယ်မလှပြည့်သည် ၂၄.၈.၂၀၁၃ ညနေခြောက်နာရီဝန်းကျင်တွင် ထန်းကုန်းရွာမှ ဇီးပင်သာရွာသို့ အပြန် လမ်းတွင် လူငယ်တစ်ဦးမှ လက်ဆွဲရီးစားစကားပြောသောကြောင့် ပတ်ဝန်းကျင်လူများအား အကူအညီတောင်းခံ.

အနီးအနားလူများ ဝိုင်းဖမ်းဆီးပြီး ထန်းကုန်းရဲစခန်းသို့ ပို့..

ပြဿနာကြီးထွားမည်စိုးရိမ်သောကြောင့် ကန့်ဘလူရဲစခန်းသို့ ချက်ခြင်းပြောင်းရွှေ့ထိန်းသိမ်း.ထိုမှတဆင့် ရွှေဘိုရဲစခန်းသို့ပြောင်းရွှေ့ထိန်းသိမ်း.

တရားခံအား ပြန်လွှတ်ပေးလိုက်သည်ဟူသည့်ကောလဟလကြောင့် ညနေ ခုနှစ်နာရီခန့်အချိန်တွင် ဇီးပင်သာရွာမှလူများ ထန်းကုန်းရဲစခန်းသို့ စုဝေးရောက်ရှိလာကာ တရားခံအား ထုတ်ပေးရန်တောင်းဆို.စခန်းမှုးမှ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ပြန်လည်ပြောကြားသော်လည်း လူစုမကွဲ..

ထန်းကုန်းကျေးရွာအနီးရှိ ကျေးရွာဆယ့်နှစ်ရွာဖြစ်သည့် ဝက်တိုး၊ဇီးပင်သာ၊ခနောက်အင်း၊ယင်းသာ၊အုတ်ဖိုစသည့်ကျေးရွာများမှ လူဦးရေထောင့်ငါးရာနှင့်နှစ်ထောင်ဝန်းကျင်ရှိမည့် လူအုပ်စုကြီးစုဝေးလာ.

ညရှစ်နာရီခွဲအချိန်ခန့်တွင် ကြက်အကောင်ရေ ၄၆၀၀ရှိသည့်ကြက်ခြံအား စတင်မီးရှို့ဖျက်ဆီး

ထိုမှတဆင့် နွားသတ်ရုံ၊ ရွာလယ်ရှိ မွတ်စလင်လူမျိုးများပိုင်ဆိုင်ခန်းဆယ့်သုံးခန်းနှင့် ဗမာလူမျိုးပိုင်ဆန်ပွဲရုံတခု မီးရှို့ဖျက်ဆီးခံရ..မွတ်စလင်အိမ် ငါးဆယ့်တစ်အိမ် မီးလောင်ဆုံးရှုံး.

၊မူလစတင်ဖြစ့်ပွားသည့် အချိန်က ရဲအင်အားနှစ်ဆယ်ကျော်သာ ရှိသဖြင့် လူအုပ်ကိုမထိန်းနိုင်၊ညဥိးပိုင်းအချိန်တွင် ရဲအင်အားကိုးဆယ်ကျော်ထပ်တိုး၊မီးသတ်ကား၉စီး၊ရေသယ်ယာဉ်တစ်စီးဖြင့် ငြိမ်းသတ်ရန်ကြိုးစား..ရေပိုက်များ၊ရေငုတ်များဖြတ်တောက်ပစ်သဖြင့် မငြိမ်းသတ်နိုင်..အရာရှိကြီးတစ်ဦး.မီးဝင်ငြိမ်းရင်းဖြင့် အုတ်နီခဲဖြင့်အထုခံရသောကြောင့် ခေါင်းတွင်ထိခိုက်ဒဏ်ရာရရှိ.လူအုပ်ကိုထိန်းနိုင်ရန် သေနတ်သုံးချက်လေထဲသို့ ခြောက်လန့်ပစ်ခတ်ရ.မနက်လင်းအားကြိးနှစ်နာရီခန့်အချိန်တွင် စစ်တပ်ရောက်ရှိလာ..မနက်သုံးနာရီခန့်အချိန်တွင် လူစုကွဲသွား..ယခုအခါ အခြေအနေတည်ငြိမ်လျက်ရှိ.

ဒုက္ခသည်ဦးရေ ၂၆၅ဦး.ယခုအခါ အာရဗီစာသင်ကျောင်းတွင် ယာယီထိန်းသိမ်းစောင့်ရှောက်ထား..အိမ်သာအရေးတကြီးလိုအပ်လျက်ရှိ.အစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးမည်ဟု ကတိပေးပြောကြား..

လုယက်ဖျက်ဆီးမှု လုံးဝမရှိဟု တာဝန်ရှိသူတစ်ဦးပြောကြား.

နှစ်ဘက် အပြန်အလှန်အသေးစားတိုက်ခိုက်မှုများရှိ..ပြင်းပြင်းထန်ထန်ဒဏ်ရာရသူမရှိသေးဟုသိရ.

လူသေဆုံးမှုလုံးဝမရှိ

ကောလဟလများ နှစ်ဘက်ကြားတွင်ပျံ့နှံ့

၂၀၀၂တွင် မိန်းကလေးကိစ္စနှင့်တကြိမ်၊၂၀၀၇-၀၈ဝန်းကျင်တွင် ခိုက်ရန်ဖြစ်ပွားမှုတကြိမ်နှင့် ၂၀၁၃နှစ်ဦးပိုင်းတွင် တကြိမ် ယင်းကျေးရွာတွင် ယခင်ကလည်း မွတ်စလင်ဗမာအကြား ပဋိပက္ခဆန်ဆန်အငြင်းပွားမှု၊ခိုက်ရန်ဖြစ်ပွားမှုများရှိခဲ့သော်လည်း ယခုကဲ့သို့ ကြီးကြီးမားမားဖျက်ဆီးဆုံးရှုံးမှု မဖြစ်ခဲ့ဖူးဟုသိရ..

ထန်းကုန်းကျေးရွာတွင် အိမ်ထောင်စု ၉၂၇-လူဦးရေ ၅၁၁၅ဦးရေရှိပြီး မွတ်စလင် သုံးပုံတပုံခန့်ရှိသောကျေးရွာဖြစ်..

ယခုအခါ ရဲအင်အား တရာ့ငါးဆယ်ကျော်ဝင်ရောက်ထိန်းသိမ်း၊မွတ်စလင်ဒုက္ခသည်စခန်း ယာယီဖွင့်လှစ်ထားသော နေရာတွင် လုံခြုံရေးအပြည့်အဝယူထားပြီး အခြေအနေများတည်ငြိမ်အေးချမ်းသည်ထိ လုံခြုံရေးချပေးမည်ဟု ဝန်ကြီးတစ်ဦးမှ ကတိပေးပြောကြားထား.

စစ်တပ်လည်းရောက်ရှိလျက်ရှိ.

မှတ်ချက်..အတက်နိုင်ဆုံးမျှတမှုရှိစေရန်ကြိုးစားရေးသားထားပါသည်။တစ်ဦးတယောက်တည်းကို မေးမြန်းရေးသားခြင်းမဟုတ်ပဲ မွတ်စလင်၊မြန်မာ၊ရဲ၊ဌာနဆိုင်ရာအရာရှိများ၊စသည့်ဘက်ပေါင်းစုံတို့ကိုမေးမြန်းထားပြီးနောက် ပြန်လည်ကောက်နူတ်ရေးသားထားချက်ဖြစ်ပါသည်။သတင်းခိုးချခြင်းမှ ကာကွယ်နိုင်ရန်အတွက် သတင်းဆို့စ်များကို ထည့်မရေးထားခြင်းဖြစ်ပါသည်။သတင်းအမှန်အမှားနှင့်ပက်သက်၍ ဖြစ်နိုင်မဖြစ်နိုင်လွပ်လပ်စွာသဘောထားကွဲနိုင်ပါသည်။
credit: Minmin Soe


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D