သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 12, 2013

အနောက်တံခါးမှ အန္တရာယ်

ချောင်းအတွင်းတွေ့ရသည့် ဘင်္ဂါလီအမျိုးသား အလောင်းကိစ္စနှင့် ပတ်သက်ပြီး ပြဿနာဖြစ်ပွားရာမှ ဘင်္ဂါလီများက လုံခြုံရေးရဲကင်း စခန်းတစ်ခုအား မီးရှို့မှု ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့ပါသည်။ ထိုအဖြစ်အပျက်ကြောင့် လူသေဆုံးမှုများ မရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရမှုများ ရှိခဲ့သည်။ ယခုနောက်ဆုံး ပဋိပက္ခသည် ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လက စတင်ဖြစ်ပွား ခဲ့သော ဘင်္ဂါလီ အရေးအခင်းသည် တစ်နှစ်ကျော် ကြာမြင့်လာပြီး သည့်နောက် ပြန်လည်နေရာ ချထားရေးများပင် မပြီးပြတ်သေးသည့် ယနေ့အချိန်ထိတိုင်အောင် အပြီးသတ် ပြေငြိမ်းသွားခြင်း မရှိသေးကြောင်း ဖော်ပြနေပါသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများသည် သာမန်အဓိကရုဏ်း ထက်ပိုသော ရည်ရွယ်ချက် များ ရှိနေ သည်ကို စနစ်တကျ စီစဉ်ပြုလုပ်ခဲ့သည့် နောက်ဆုံးပဋိပက္ခက သက်သေပြနေပါသည်။ ယခု ပဋိပက္ခဖြစ်ပွား သည့် အချိန်ကာလသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား လာရောက်မည့် အချိန်နှင့် ထူးထူးခြားခြား တိုက်ဆိုင်နေသည့်အပြင် ပဋိပက္ခ ဖြစ်ပွားပြီး ချိန်တွင် ကားမသွားနိုင်အောင် သစ်ပင်များ ခုတ်လှဲထားခြင်း၊ တွင်းများတူးထားခြင်းဖြင့် သွားလာရေး လမ်းကြောင်းကို စနစ်တကျ ဖြတ်တောက်ပစ်ခြင်း များ ပြုလုပ်ခဲ့ကြ သည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နှင့် ဆက်စပ်နေသည့် မောင်တောဒေသတွင်လည်း အကြမ်းဖက်သမားများ ၀င်ရောက် ဗုံးဖောက်ခွဲနိုင်ခြေ ရှိသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့ကာ လုံခြုံရေး တင်းကျပ်မှု များ ဆောင်ရွက် ထားကြရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သမျှ ပြဿနာများသည် ကွင်းဆက်များသဖွယ် ဆက်စပ်လျက် ရှိနေသည် ကို တွေ့မြင်နိုင်ပြီး အလေးအနက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လျက် ရှိပါသည်။ ဘင်္ဂါလီ လူမျိုးများက ၎င်းတို့အား ရိုဟင်ဂျာ လူမျိုးအဖြစ် အသိအမှတ်ပြုရေးနှင့် ရိုဟင်ဂျာပြည်နယ် သတ်မှတ်ပေးရေးတို့ကို အစဉ်တစိုက် တောင်းဆိုလျက်ရှိပြီး အာဏာပိုင်များကိုပင် ဖီဆန်လျက်ရှိသည်ကို မကြာသေးမီက သန်းခေါင်စာရင်း ကောက်ယူရာတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များက သက်သေခံနေပါသည်။ ထို့ပြင် နိုင်ငံတကာမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်တော့မည့် အချိန်တိုင်းတွင် ရခိုင်ပြည်နယ်၌ အကြောင်းရင်း မည်မည်ရရ မရှိသော ပြဿနာ တစ်မျိုးမျိုး ပေါ်ပေါက်တတ်လေ့ရှိပြီး ထို့နောက် တွင်တော့ ဘင်္ဂါလီများကို ခွဲခြားဆက်ဆံကြောင်း နိုင်ငံတကာမှ ဖိအားများ၊ လက်တုံ့ပြန်မည် ဆိုသည့် အစ္စလာမ္မစ် အစွန်းရောက်တို့၏ အကြမ်းဖက် ခြိမ်းခြောက်မှုများသည် စည်းချက်ညီညီ သက်ရောက်လာတတ်ကြသည်။

ရခိုင်ဒေသသည် မြန်မာနိုင်ငံ၏ အနောက်တံခါးပေါက်ပင် ဖြစ်သည်။ ထိုတံခါးပေါက်မှတစ်ဆင့် လူဦးရေ   ပေါက်ကွဲ မှုနှင့် ကြုံတွေ့နေရသည့် နိုင်ငံမှ လူဦးရေ သန်းပေါင်းများစွာ ကျူးကျော်ဝင်ရောက်လာနိုင်သည့် အန္တရာယ် ရှိနေသည်။ အကယ်၍ အနောက်တံခါး ကျိုးပေါက်ခဲ့ပါလျှင် မြန်မာနိုင်ငံ တစ်ခုလုံး လူဦးရေ ၀ါးမျို ခံရ မှု အန္တရာယ်နှင့် ကြုံတွေ့သွားရနိုင်သည်။ ယခု အဖြစ်အပျက်ကို သေးငယ်သော အဖြစ်အပျက်လေးဟု ထင်မြင်ယူ ဆခဲ့သော် နိုင်ငံနှင့်ချီ၍ အန္တရာယ် ရှိသွားနိုင်သည့်အတွက် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ ပြဿနာ သည် သတိရှိရှိဖြင့် စနစ်တကျ အရေးယူ ဆောင်ရွက်ရန် အထူးလိုအပ်နေပါကြောင်း The Daily Eleven သတင်းစာက ယူဆရေးသား အပ်ပါသည်။

သြဂုတ်လ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်နှင့် ဓာတ်ပုံအား ပြန်လည် ဖော်ပြပေးလိုက်ပါသည်။

From:RSV

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D