သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, August 11, 2013

အရှေ့မျှော်မူဝါဒ နှင့် အိန္ဒိယကုမ္ပဏီတွေ နောက်ဆုံးတော့ မြန်မာကို မျက်စိကျလာကြပြီ

Photo: အရှေ့မျှော်မူဝါဒ   နှင့်  

Ref: Looking east, campanies finally spy Myanmar. 
ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် စသောနိုင်ငံတို့နှင့် နယ်နိမိတ် ချင်းထိစပ်နေသော မြန်မာနိုင်ငံသည် ယင်း၏ မဟာဗျူဟာမြောက် ပထဝီ အနေအထားကြောင့် အိန္ဒိယ၏ အာဆီ ယံနိုင်ငံများနှင့် ဆက်ဆံရေးတွင် အဓိ ကကျလာတော့မည်။ ယင်းကို နားလည် လက်ခံလာကြသော အိန္ဒိယစီးပွားရေး လုပ်ငန်းများက မြန်မာနိုင်ငံသို့ ဝင် ရောက်ရေးကို အလုအယက်လုပ်ဆောင် လာကြပြီး စီးပွားရေးကဏ္ဍစုံတွင် ပါဝင် လာနိုင်ရေးကို လုပ်ဆောင်နေကြပြီဖြစ် သည်။

အိန္ဒိယတို့အဖို့ အလာကောင်းပေ မယ့် အခါတော့ နည်းနည်းနှော င်းနေပြီဟု ဆိုရမည်။ အိန္ဒိယထက် တရုတ်တို့က နှာတစ်ဖျားသာ အနေအထားကို ရယူ ထားနိုင်ပြီဖြစ်သည်။ တရုတ်တို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အားကောင်းခိုင်မာစွာနှင့် ခြေကုပ်ရယူ ထားပြီဖြစ်ပြီး မြန်မာ၏ ပေါလျှံကြွယ်ဝ သော သဘာဝရင်းမြစ်တို့ကို ထုတ်ယူ သုံးစွဲခွင့် ရနေပါပြီ။

၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်အ တွက် မြန်မာ၏ စုစုပေါင်းကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈ ဘီလျံ တွင် အိန္ဒိယ၏ မြန်မာနှင့် ကုန်သွယ်မှု ပမာဏမှာ ၇ ဒသမ ၅ ရာခိုင်နှုန်းမျှသာ ရှိခဲ့သည်။ ဆိုလိုသည်မှာ အိန္ဒိယ၏ မြန် မာသို့တင်သွင်းမှုပမာဏသည် တရုတ်၊ စင်ကာပူ၊ ထိုင်းနှင့် ဂျပန်တို့ထက် လျော့ နည်းနေခြင်းဖြစ်သည်။

''နိုင်ငံတကာက မြန်မာနိုင်ငံကို ပို့နေတဲ့ပို့ကုန်တွေရယ်၊ အိန္ဒိယရဲ့ ပို့ကုန် တွေရယ်ကို လေ့လာဆန်းစစ်ကြည့်ရင် ကျွန်တော်တို့ရဲ့ ပို့ကုန်ပမာဏ တိုးလာ အောင်လုပ်ဖို့ အကွက်အကွင်းတွေ အများကြီးရှိပါတယ်''ဟု အိန္ဒိယကုန် သည်/စက်မှုအသင်းချုပ် အတွင်းရေး မှူး ဒီ အက်စ် ရာဝက်တ် က သုံးသပ် သည်။

အိန္ဒိယနှင့် မြန်မာတို့၏ အပြန်အ လှန်ကုန်သွယ်မှုတန်ဖိုး ပမာဏမှာ ၁၉၈ဝ-၈၁ ခုနှစ်တွင် ကန်ဒေါ်လာ ၁၂ ဒသမ ၄ သန်းသာရှိရာမှ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁ဝ၇ဝ ဒသမ ၈၈ သန်းအထိ တိုးတက်လာခဲ့သည်။ အိန္ဒိယ၏ မြန်မာသို့ ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၃၃၄ ဒသမ ၄ သန်းရှိပြီး မြန် မာမှ သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၁ ဘီလျံကျော် ရှိနေသည်။ အိန္ဒိယ၏အဓိက ပို့ကုန်ပစ္စည်းမှာ ဆေးဝါး၊ သံ၊ စတီး နှင့် လျှပ်စစ်အသုံးအဆောင် ပစ္စည်းများ ဖြစ်ပြီး မြန်မာမှ အဓိကအားဖြင့် သစ် သီးဝလံနှင့် သစ်ကို အမြောက်အမြား ဝယ်ယူခဲ့သည်ကို တွေ့ရသည်။

ယခုအချိန်တွင် အစိုးရသစ်လက် အောက် ပြုပြင်ပြောင်း လဲရေးကာလသုံး နှစ်မျှသာရှိသေးသော မြန်မာနိုင်ငံသည် အနိမ့် အမြင့်အတက်အကျစုံသော သမိုင်း ကြောင်းတို့ ရှိခဲ့သည်။

ဗြိတိသျှကိုလိုနီ ခေတ်က မြန်မာ၏စီးပွားရေး ဖွံ့ဖြိုးခဲ့ သော်လည်း
ချမ်းသာကြွယ်ဝမှုနှင့် အာ ဏာမှာ ဗြိတိသျှများနှင့် အိန္ဒိယ မှပြောင်း ရွှေ့လာသည့် အင်္ဂလို-ဘားမီးစ်တို့၏ လက်ထဲတွင်သာ ရှိခဲ့သည်။

လွတ်လပ်ရေးရပြီးခါစ ၁၉၄၈ ခု နှစ်မှ ၁၉၆၂ ခုနှစ်အထိသည် လည်း ရောင်စုံပုန်ကန်မှုများနှင့်သာ အတိပြီးခဲ့ သည်။ ၁၉၆၂ ခုနှစ်တွင်တော့ စစ်တပ် က အာဏာသိမ်းခဲ့ပြီး နိုင်ငံလည်း စစ် အုပ်ချုပ်ရေးေ အာက် ရောက်ခဲ့ရသည်။ ၁၉၆၂ ခုနှစ်မှစ၍ စစ်အစိုးရအဆက် ဆက်၏ ဖိနှိပ်ချုပ်ချယ်မှုများအောက် ရာစုနှစ်ဝက်ခန့်နေရသော မြန်မာနိုင်ငံ သည် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအပြီး တွင် စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ခဲ့ သည်ဟု ဆိုနိုင်သည်။ ဆိုရပါလျှင် ယခု အချိန်သည် ပြုပြင်ပြောင်းလဲရေးအ တွက် ကြိုးစားအားထုတ်ရမည့်အချိန်ဖြစ် သည်။

ယနေ့ဆိုလျှင် မြန်မာကလည်း ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ကျယ်ကျယ်ပြန့် ပြန့် ထိတွေ့ဆက်ဆံလာပြီဖြစ်ရာ အိန္ဒိ ယကလည်း မြန်မာနှင့်လက်တွဲရန် အ ခွင့်အလမ်းရှိလာခဲ့ပြီ။

မြန်မာနိုင်ငံတွင် အိန္ဒိယ၏ ရင်းနှီး မြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂၇၃ ဒသမ ၅ သန်းမျှသာရှိသေးပြီး လာမည့် နှစ်အနည်းငယ်အတွင်း ရင်းနှီးမြှုပ်နှံ မှု ပမာဏ ၂ ဒသမ ၆ ဘီလျံအထိ ရှိလာ မည်ဟု ပညာရှင်တို့ကမှန်းဆ ထားသည်။ လက်ရှိတွင်လည်း ONGC Videsh Limited(OVL) ၊ Jubilant Oil and Gas နှင့် Century Ply စသော အိန္ဒိယ နာမည်ကြီးကုမ္ပဏီ များ မြန်မာနိုင်ငံတွင် လည်ပတ်လုပ်ကိုင်လျက် ရှိနေပါသည်။

မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အိန္ဒိယကုန် သွယ်ရေး နှင့် စက်မှုဝန်ကြီး အန်နန်ရှာမာက အိန္ဒိယ-မြန်မာ ပူးတွဲကုန် သွယ်ရေးကော် မတီ ဖွဲ့စည်းရေးကို ခရီးစဉ်အတွင်း၌ပင် ထုတ်ပြန်ကြေ ညာခဲ့သည်။ ကော်မတီ၏ ပထမအကြိမ်တွေ့ဆုံမှုကို ဇွန်လ ၇ ရက်နေ့က ပြုလုပ်ခဲ့ပြီးယင်းသည် နှစ် နိုင်ငံကုန်သွယ်ရေးတိုးမြှင့်ရေးအတွက် အရေးပါသောအဆင့်တစ်ခုလည်း ဖြစ် ပါသည်။

''မြန်မာဟာ အရှေ့အာရှ၊ အာဆီ ယံနဲ့ အိန္ဒိယတို့ရဲ့ စီးပွားရေး အလှုပ်အ ခတ်ကြားက တံတားတစ်စင်းလိုပါပဲ။ ပြီးတော့ အိန္ဒိယကုမ္ပဏီေ တွကို သူ့ရဲ့ ကဏ္ဍစုံမှာ ရင်းနှီးမြှုပ်နှံမှုပြုဖို့ ကျယ် ကျယ်ပြန့်ပြန့် ကမ်းလှမ်းရပါတယ်။ အ ထူးသဖြင့် စွမ်းအင်ကဏ္ဍ၊ သစ်တောနဲ့ ဓာတ်သတ္တုကဏ္ဍတွေမှာပေါ့''ဟု အိန္ဒိ ယစက်မှုအသင်းချုပ် ဥက္ကဋ္ဌ စန်ဂျေး ကာလိုစကာက မှတ်ချက်ပြုထားခြင်းက မြန်မာ့စီးပွားရေးအပေါ် အိန္ဒိယတို့ မည် မျှစိတ်ဝင်စားနေသည်ကို အထင်အရှား တွေ့သိစေနိုင်သည်။

ထိုနည်းတူစွာပင် မြန်မာ၏ ကုန်း တွင်းရေနံလုပ်ကွက် ၁၈ ခုအတွက် ပဏာမအဖြစ် ရွေးချယ်ထားသော ကုမ္ပဏီ ၅၉ ခုတွင် အိန္ဒိယကုမ္ပဏီ ၇ ခု ပါရှိသည်။ အိန္ဒိယ၏ နာမည်ကြီး OVL နှင့်GAIL ကုမ္ပဏီတို့သည် မြန် မာ-တရုတ် ရေနံပိုက်လိုင်းစီမံကိန်းတွင် ဒေါ်လာ ၁ ဒသမ ၃၃ ဘီလျံ ရင်းနှီးမြှုပ် နှံထားကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။

ကျောက်ဖြူမှ ကူမင်းအထိ ကီလိုမီ တာ ၂ဝဝ ကို အပြိုင်သွယ် တန်းနေသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည် ဆောက်ရေးကို အိန္ဒိယ၏ Punj Lloyd က ရရှိခဲ့ပြီး ယင်းမှာ ဒေါ်လာ ၄၇၅ သန်းတန် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ထို့ အတူ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကုန်း တွင်းရေနံတူးဖော်ရေးအတွက် ဒေါ်လာ ၇၃ သန်းတန်စာချုပ်ကို အိန္ဒိယစွမ်းအင် ကုမ္ပဏီ Jubilant Energy India က အစိုးရနှင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ထိုမျှမကသေးပါ။ အိန္ဒိယက ဘင်္ဂ လားဒေ့ရှ်ကိုဖြတ်၍ သွယ်တန်းမည့် အိန္ဒိယ-မြန်မာဓာတ်ငွေ့ပိုက်လိုင်းတည် ဆောက်ရေး ဆွေးနွေးမှုများ ပြန်လည် စတင်ရန် မြန်မာအစိုးရကို တိုက်တွန်း ထားပြီး မြန်မာ-အိန္ဒိယကြား ကုန်းလမ်း မှ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူ ညီချက်ကို ရေး ထိုးထားပြီးဖြစ်သည်။

ယင်းကို အိန္ဒိယစက်မှုအသင်းချုပ် က ထောက်ခံမှုပြုထား ပြီး နှစ်နိုင်ငံကြား ပုဂ္ဂလိကအခန်းကဏ္ဍများ ပိုမိုပူးပေါင်း နိုင်ရေးအတွက် ဘဏ်နှင့်ငွေကြေးဝန် ဆောင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုရန်လည်း အကြုံပြုထားသေးသည်။ အိန္ဒိယစက်မှုအသင်းချုပ်၏ အစီရင်ခံ စာအရ အိန္ဒိယစီးပွားရေးလုပ်ငန်းများ သည် မြန်မာ၏အနာဂတ်အလားအလာ ကို ကောင်းစွာသတိပြုမိခြင်း မရှိသေး သဖြင့် ကုန်သွယ်ဖက်များကြား ကူးလူး ဆက်ဆံရေး ကောင်းမွန်လာစေရေးကို အဓိကထားလုပ်ေ ဆာင်သင့်သည်ဟု ဆို ထားသည်။

ထို့ကြောင့်ပင် ဒေလီ-ဒါကာ-ရန် ကုန် တိုက်ရိုက်လေကြောင်းခ ရီးစဉ် ပြေးဆွဲခွင့်ရရေးအတွက်အိန္ဒိယ၏SpiceJet လေကြောင်းလိုင်းက
မြန်မာ အစိုးရကိုကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ရေကြောင်းဆက် သွယ်ရေးတွင်လည်း နှစ်နိုင်ငံကြားရေကြောင်းခရီးစဉ်တစ်ခု စတင်ရန် ဖြစ်နိုင်ခြေဆန်းစစ်လေ့လာမှု ကို Shipping Corporation of India က ပြုလုပ်နေပြီဖြစ်သည်။ ထို့အတူ မြန် မာ၏ အခြေခံအဆောက် အအုံ ဖွံ့ဖြိုး တိုးတက်ရေးတွင်လည်း အိန္ဒိယတို့ ပါ ဝင်လာခဲ့သည်။ အိန္ဒိယအတွက် အရေး ပါသည့် မဟာဗျူဟာအချက်အချာနေရာ ဖြစ်သော စစ်တွေဆိပ်ကမ်း အဆင့်မြှင့် တင်ရေးသာမက ပြည်တွင်းရေကြောင်း လုပ်ငန်းတွင်လည်း အိန္ဒိယတို့ ထဲထဲဝင် ဝင် ပါဝင်နေပါသည်။

အိန္ဒိယနှင့် မြန်မာသည် ၂ဝဝ၈ ခု နှစ် ဧပြီလကတည်းက အခွန်ရှောင် မှုကို ကာကွယ်နိုင်ရန်အတွက် Double Taxation Avoidance Agreement ကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းအရ ကုမ္ပဏီတစ်ခုသည် စတင် အခြေပြုသည့် နိုင်ငံတစ်ခုတည်းတွင် အခွန်ဆောင်ရ မည်ဖြစ် ရာ နှစ်နိုင်ငံခြား နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင် မှုဖြစ်စေမည် ဖြစ်သည်။

သို့ရာတွင် နှစ်နိုင်ငံကြားကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးပွား လာသည် နှင့်အမျှ ဘဏ်များ၏ အခန်းကဏ္ဍသည်လည်း စိန်ခေါ်မှုနှင့် ရင်ဆိုင်လာရ မည်ကို သတိပြုရမည်။ ထို့ကြောင့်ပင် United Bank of India က ရန်ကုန် တွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ထားပြီး များမကြာမီ ဘဏ်လုပ်ငန်းဝန်ဆောင်မှု ကို အပြည့်အဝလုပ်ကိုင်ခွင့်ရရန် မျှော် မှန်းထားခြင်းဖြစ်သည်။ အိန္ဒိယပုဂ္ဂလိက ဘဏ်နှစ်ခုဖြစ်သောBank of India နှင့် State Bank of India တို့သည်လည်း များမကြာမီ မြန်မာနိုင်ငံ တွင် လုပ်ငန်း လုပ်ကိုင်ခွင့်ရလိမ့်မည်ဟု မျှော်လင့်နေ ကြပါသည်။

ကျော်ရဲလင်း
From : ..popular

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D