သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, August 25, 2013

၂၀၁၄ လည်းအရောက် သစ်တောလည်း ကုန်မည်လော

ပြည်တွင်းမှ နိုင်ငံတကာသို့ သစ်အလုံးလိုက် တင်ပို့ခြင်းကို ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့က စတင်ရပ်ဆိုင်း တော့မည် ဖြစ်သော်လည်း သစ်အလုံးလိုက် တင်ပို့ခြင်း မရပ်ဆိုင်းမီ လက်ရှိတွင်ပင် သစ်တောများ ပြုန်းတီး နေပြီး သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။

သစ်တောများ ပြုန်းတီးမှုတွင် ဒေသခံများ၏ စိုက်ပျိုးရေး စနစ်နှင့် ထင်းလောင်စာအဖြစ် အသုံးပြုရန် အတွက်လည်းကောင်း၊ ကုမ္ပဏီကြီးများက စီးပွားဖြစ် အလွန်အမင်းခုတ်ယူခြင်းနှင့် တရား မဝင် မှောင်ခို ခိုးထုတ်မှုများကြောင့်လည်းကောင်း သစ်တောများ အလျင်အမြန် ပြုန်းတီးနေကြောင်း ၎င်းတို့က ပြောဆိုသည်။


ကချင်၊ ရှမ်း၊ ချင်းနှင့် ကယားပြည်နယ်တို့တွင် တရားမဝင် သစ်ထုတ်လုပ်မှု အများဆုံးဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်ခြမ်းသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သတင်း ဖော်ပြထားချက်များအရ သိရသည်။

တရားမဝင် ကျွန်းသစ် ထုတ်ယူမှုသည် ရှမ်းပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တန်ချိန် တစ်သိန်းကျော်ခန့်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့လျက် ရှိကြောင်း ရှမ်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။ “၂၀၁၃ ခုနှစ် အတွင်းမှာပဲ ကနေ့အထိ တရားမဝင် သစ်ခိုးထုတ်တာ တန်ပေါင်း တစ်ထောင်ကျော်ပြီ” ဟု ၎င်းက တရားမဝင်သစ် ဖမ်းဆီးရမိမှု ပမာဏကို ဆိုသည်။

ရှမ်းပြည်နယ်အတွင်း ကြိုးပြင် ကြိုးဝိုင်းနှင့် သဘာဝတောများ ပါဝင်သည့် သစ်တော ဖုံးလွှမ်းမှု ဧရိယာ မှာ ၅၂ ရာခိုင်နှုန်း ရှိကြောင်း ရှမ်းပြည်နယ် သစ်တော ဦးစီးဌာနထံမှ သိရသည်။

နိုင်ငံတကာသို့ သစ်အလုံးလိုက် တင်ပို့ရာတွင် အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံ များသို့ အများဆုံး တင်ပို့ခြင်း ဖြစ်ပြီး တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် မက်ထရစ် တန်ပေါင်း ၁ ဒသမ ၆ သန်း ခန့်ရှိကြောင်း လန်ဒန် အခြေစိုက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး အေဂျင်စီ (EIA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာပေါ်၌ သစ်တော ပြုန်းတီးမှု အများဆုံး နိုင်ငံများ စာရင်းတွင် ဘရာဇီး၊ အင်ဒိုနီးရှားနှင့် ဆူဒန်နိုင်ငံ တို့ ပြီးပါက မြန်မာနိုင်ငံသည် စတုတ္ထမြောက် သစ်တော အများဆုံး ပြုန်းတီးသည့် နိုင်ငံ ဖြစ်ကြောင်း ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ကြီး (FAO) ၏ ၂၀၁၂ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် သစ်တော ဖုံးလွှမ်းမှု ဧရိယာမှာ ၂၀၀၁ ခုနှစ်တွင် နိုင်ငံ အကျယ်အဝန်း၏ ၅၀ ဒသမ ၈၁ ရာခိုင်နှုန်း ရှိရာ ၂၀၁၃ ခုနှစ်အထိ နိုင်ငံ ဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားသော စာရင်းဇယားများအရ သိရသည်။

ကယားပြည်နယ်အတွင်း သစ်တောပြုန်းတီးမှုသည် ပြည်နယ်တစ်ခုလုံး အတိုင်းအတာ၏ ၅၀ ရာခိုင်နှုန်း ပြုန်းတီးမှုများ ဖြစ်ပေါ်နေကြောင်း၊ ယခုကဲ့သို့ သစ်အလုံးလိုက် တင်ပို့ခြင်း ရပ်ဆိုင်းမှုကြောင့် သစ်တောများ
 ပြုန်းတီးမှုကို ထိန်းသိမ်းထားနိုင်သော်လည်း ဒေသတွင်း ခုတ်ယူနေမှုတွင်မူ သွားလာရ ခက်ခဲပြီး အုပ်ချုပ် ရေးနှင့် အလှမ်းကွာဝေးသည့် ဒေသများအတွက် ကာကွယ်ထိန်းသိမ်းရန်မူ မဖြစ်နိုင်ကြောင်း သစ်တောနှင့် သတ္တုဝန်ကြီး ဦးရဲဝင်းက ပြောကြားသည်။ “ရွှေ့ပြောင်း တောင်ယာစနစ် ရှိနေတော့ လုံးဝ ထိန်းသိမ်းဖို့ ဆို တာ ခက်ခဲတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အလားတူ ချင်းပြည်နယ်အတွင်း သစ်တောများ ပြုန်းတီးမှုကို လျှော့ချနိုင်ရန်အတွက် ရွှေ့ပြောင်း တောင်ယာ စနစ် ပပျောက်အောင် တိုက်ဖျက်မည်ဖြစ်ရာ ဥယျာဉ်ခြံမြေ စိုက်ပျိုးနည်း စနစ်ဖြင့် အစားထိုး ပြောင်းလဲ စိုက်ပျိုးမည် ဖြစ်ကြောင်း ချင်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်း က ရှင်းပြ ပြောဆိုသည်။ “တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ သစ်တော ဖုံးလွှမ်းမှု ဧရိယာက တစ်နှစ်ထက် တစ်နှစ် ကျဆင်းလာနေ ပါပြီ” ဟု ၎င်းက ဆိုသည်။

ထို့သို့တရားမဝင် သစ်ခိုးထုတ်မှုများတွင် တရုတ်နိုင်ငံသို့ နယ်စပ်မှ တစ်ဆင့် သစ်လုံးတင်ကားများ တစ်နေ့ လျှင် အစီးရေ ၁၀၀ ကျော်ခန့် သွားလာသည်ကို တွေ့ရှိရသည့်အပြင် ပြည်နယ်အတွင်း သစ်တောပြုန်းတီး မှုများလည်း ပိုမို မြန်ဆန်လာနေကြောင်း ကချင်ပြည်နယ် အခြေစိုက် လူမှု ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ တာဝန် ရှိသူ တစ်ဦးက ရှင်းပြသည်။

“ညဘက်ဆို အောင်မြေသာစံကျေးရွာအနီးမှာ သစ်လုံးတင် ကားကြီးတွေ ဖြတ်ဖြတ်သွားတာတွေများတယ်။ ရွှေတူးတာတွေ၊ သစ်ခုတ်တာတွေကြောင့် သဘာဝ ပတ်ဝန်းကျင် တော်တော်လေးကို ပျက်စီးနေပါပြီ” ဟု ဟူးကောင်းဒေသ ယုဇန စံပြစခန်းတွင် နေထိုင်သူ ဦးလှဆန်းက ပြောဆိုသည်။

ပြည်တွင်း၌ ကျွန်း၊ သစ်မာနှင့် အခြား တရားမဝင် သစ်များ ဖမ်းဆီးရမိမှု ပမာဏမှာ ၂၀၁၂ ခုနှစ် အတွင်း တန်ပေါင်း ၃၆၉၂၂ တန် ရှိပြီး သစ်တောမှု ဖြစ်စဉ် ၈၆၈၇ ကို အရေးယူပြီး ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်မြို့နယ်တို့တွင် ကျွန်း ၇၅ ဒသမ ၅၈၂၃ တန်၊ သစ်မာ ၃၃ ဒသမ ၂၈၇၈ တန်နှင့် အခြားသော သစ် ၁၀၁ ဒသမ ၅၇၃၄ တန် တို့အား ဖမ်းဆီး ဖော်ထုတ် အရေးယူ နိုင်ခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

သစ်အလုံးလိုက် ခုတ်ယူ တင်ပို့ခြင်းကို ကယားပြည်နယ် တစ်ခုလုံးမှ ၂၀၁၃ ခုနှစ် နောက်ဆုံးထား၍ ပြည်ပသို့ တရားဝင် တန်ချိန် ၇၀၅၀ တင်ပို့မည် ဖြစ်ပြီး ယင်း တန်ချိန်အနက် ဒေသအလိုက် လိုအပ်ချက် ရှိသော နေရာများကို တန်ချိန် ၂၆၀၀ ခန့် တင်ပို့သွားရန် စီစဉ်ထားရာ ဒေသခံ ကုမ္ပဏီ လေးခု အပါအဝင် လုပ်ငန်းရှင် ကုမ္ပဏီ ဆယ်ခုကို ခုတ်လှဲ တင်ပို့ခွင့် ပြုထားကြောင်း ကယားပြည်နယ် အစိုးရ သစ်တောနှင့် သတ္တုဝန်ကြီး ဦးရဲဝင်းက ဆိုသည်။

“၂၀၁၄ မှာ လုံးဝ ရပ်ဆိုင်းမယ်ဆိုရင် အခုကော ဘယ်လို ထုတ်မှာလဲဆိုတာ မေးချင်တယ်။ မြန်မာနိုင်ငံမှာ သစ်တောတွေ အကုန်လုံးက ခုတ်လွန်းလို့ ပြုန်းတီးနေတာ ၂၄ ရာခိုင်နှုန်းပဲ ရှိတယ်လို့ တောင် နိုင်ငံတကာ တွက်ချက်ထားပြီးပြီ” ဟု သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက ဆိုသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံး ထင်းလောင်စာ လိုအပ်ချက်သည် ၂၀၀၀ ပြည့်နှစ်တွင် ၇၆ ဒသမ ၆၁ ရာခိုင်နှုန်း ၂၀၁၀ ပြည့်နှစ်တွင် ၆၉ ဒသမ ၄ ရာခိုင်နှုန်း သုံးစွဲခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၅၈ ရာခိုင်နှုန်း ၂၀၃၀ ခုနှစ် တွင် ၄၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သစ်တောဦးစီးဌာန ထံမှ သိရသည်။

ကျေးရွာဒေသပေါင်း ခြောက်သောင်းကျော်တွင် လျှပ်စစ်မီး အပြည့်အဝ ရရှိမှုသည် ဆယ်ရာခိုင်နှုန်း ကျော် သာရှိခြင်းကြောင့် ကိုယ့်အားကိုယ်ကိုး ကျေးရွာ အချင်းချင်း လျှပ်စစ်မီးပေး၍သော်လည်း ပြည်တွင်း လူမှု အဖွဲ့အစည်းများမှ နေ၍ ထင်းအစား ထိုးမီးဖိုများ ဖြန့်ဝေခြင်း ဇီဝစွမ်းအင်သုံး လောင်စာများ၊ ဆိုလာ နည်းပညာများအသုံးပြု၍ ကျေးလက်ဒေသ မီးလင်းရေးကို အကောင်အထည်ဖော်လျက် ရှိသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့က စတင်၍ ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံမှ နေ၍ သစ်အလုံးအထည်လိုက် တင်ပို့နေခြင်းကို လုံးဝ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ၂၀၁၂ခုနှစ်အတွင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ယင်းကြေညာချက်သည် ပြည်တွင်းမှ အာရှ
 ဈေးကွက်သို့ သစ်ထောက်ခံချက် လက်မှတ်ရရှိထားသော အချောထည် ပစ္စည်းများကို တင်ပို့ ရောင်းချရန် ဖြစ်ပြီး သစ်တော အတန်းအစား လျော့ကျခြင်းနှင့် သစ်တောပြုန်းတီးခြင်းကို နည်းပါးစေမည့် အချက် ဖြစ်ကြောင်း သစ်လုပ်ငန်းရှင်များက ထောက်ပြကြသည်။

ယခုကဲ့သို့ သစ်အလုံးလိုက် ပြည်ပသို့ တင်ပို့ ရောင်းချမှုရပ်ဆိုင်းပြီး Log Export Ban အစီအစဉ်ဖြင့် ပြည်တွင်း၌ သစ် အချောထည်များကိုသာ ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ ရောင်းချခြင်းကို မကြာမီ အကောင်အထည်ဖော်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း တွဲဖက် အတွင်းရေးမှူး ဦးဘာဘာချိုက ပြောကြားသည်။ နိုင်ငံတကာသို့ တရားမဝင်သစ် ရောင်းဝယ် ဖောက်ကားနေမှု ပြဿနာကို ရင်ဆိုင် ဖြေရှင်းရန်နှင့် ဥရောပသမဂ္ဂ (EU) ၏ အသိအမှတ်ပြု ထောက်ခံချက် လက်မှတ် ရရှိရန် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ သစ်တောများမှ ထွက်ရှိနေသော ကျွန်းနှင့် သစ်မာတို့ကို ၂၀၁၂-၂၀၁၃ ခုနှစ်က စတင်၍ လျော့ချ ထုတ်လုပ်သွားမည် ဖြစ်ခြင်းကြောင့် လက်ရှိတွင် ပဲခူးရိုးမမှ ကျွန်းထုတ်လုပ်မှုကို ၇၀ ရာခိုင်နှုန်းနှင့် သစ်မာ ၃၀ရာခိုင်နှုန်းအထိ လျှော့ချ ထုတ်လုပ်လျက် ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခင် ၁၉၆၀ ပြည့်နှစ်က ကျွန်း ကုဗတန် လေးသိန်းကျော် ထုတ်ယူနိုင်သော်လည်း ယခု ၂၀၁၃ ခုနှစ်တွင် ကုဗတန် ရှစ်သောင်းသာ ထုတ်ယူနိုင်တော့သည့်အပြင် တရားမဝင်နှင့် တရားဝင် သစ်ခုတ် မှုများကြောင့် သစ်တောများ ပြုန်းတီးကာ ရာသီဥတု ဖောက်ပြန်မှု ဒဏ်ကို ဒေသခံများ တွေ့ကြုံ ခံစားနေရပြီ ဖြစ် ကြောင်း ဦးအုန်းက ဆိုသည်။

၂၀၁၄ခုနှစ်တွင် သစ်အလုံးလိုက် ခုတ်ယူ တင်ပို့ခြင်း ရပ်ဆိုင်းမည် ဆိုသော်ငြားလည်း ၂၀၁၄ မတိုင်မီ သစ်တော ပြုန်းတီးမှု ပိုမို မြန်ဆန်လာနေပြီး ဆက်လက်၍လည်း သစ်အလွန်အကျွံ ခုတ်ယူမှုများကြောင့် ပြုန်းတီးဦးမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ယခုကဲ့သို့ အခိုင်အမာ ပြောဆိုလိုက်သည်။“ရှေ့လျှောက် ဒီထက်ပိုပြီးတောပြုန်းတီးဖို့ ရှိတယ်။ လောလောဆယ်တောင် သစ်တော တွေ အရမ်း ပြုန်းတီးနေပြီ”ဟု ၎င်းက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D