သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, June 17, 2013

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်များအား အခမဲ့ ခွဲစိတ်ကုသပေး

ရန်ကုန် ၊ ၁၇-၆-၂၀၁၃

ကျန်းမာရေး ၀န်ကြီးဌာန ၊ ကျန်းမာရေး ဦးစီးဌာနမှ ကြီးမှူး၍ မြန်မာ ဘရူဝါရီ လီမိတက် ကရုဏာ ရှေးရှု မြန်မာမှု အစီအစဉ်မှ ပံ့ပိုး ကူညီသည့် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင် ကလေးများအား ခွဲစိတ် ကုသမှု အစီအစဉ်ကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ရန်ကုန် ဆေးရုံကြီးဝန်း အတွင်းရှိ အမျိုးသား 


သွေးလှူဘဏ်၌ ကျင်းပရာ မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူ သံအမတ်ကြီး H.E Mr Robert Chua နှင့် စင်ကာပူ နိုင်ငံ Fraser & Neave Ltd မှ တာဝန်ရှိ သူများ ၊ ရန်ကုန် ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာ အေးသင် နှင့် တာဝန်ရှိ သူများ မြန်မာ ဘရူဝါရီ လီမိတက် မှ တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။


ရှေးဦးစွာ စင်ကာပူ သံအမတ်ကြီး H.E Mr. Robert Chua နှင့် တာဝန်ရှိ သူများက အသီးသီး အဖွင့် အမှာစကား ပြောကြားပြီးနောက် Operation Smile ( Singapore ) အဖွဲ့ခေါင်းဆောင် Dr. Vincent Yeo မှ Operation Smile Mission အကြောင်းများ ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ဧည့်သည်တော် များက နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးများ အား စစ်ဆေးနေမှု များကို လိုက်လံ ကြည့်ရှု ခဲ့ကြသည်။ ယင်းကဲ့သို့ ဆောင်ရွက်မှု သည် မြန်မာ ဘရူဝါရီ လီမိတက် နှင့် Fraser & Neave Ltd တို့ ပူးပေါင်း၍ ဆောင်ရွက်ပေးမှု သည် တတိယ အကြိမ်မြောက် ဖြစ်ပြီး နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင် ကလေး ၁၈၀ ကျော် လာရောက် ကုသမှု ခံယူ ခဲ့ကြောင်း သိရှိရသည်။

M W D

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D