သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 16, 2013

ဧရာဝတီမြစ်ကမ်း ပြိုမှုကြောင့် မင်းဘူးနိဗ္ဗာန်ကျွန်းရွာတွင် ရွာလုံးကျွတ် ရွှေ့ပြောင်းရမည့် အနေအထား ဖြစ်ပေါ်

Sunday, 16 June 2013
ဇွန်လဆန်း ပိုင်းမှစ၍ နေ့စဉ် ဧရာဝတီမြစ် ကမ်း ပြိုကျ မှုကြောင့် မင်းဘူးမြို့နယ် နိဗ္ဗာန်ကျွန်းကျေး ရွာတွင် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ် ၁၅ အိမ် ရွှေ့ပြောင်းနေရပြီး အိမ်ခြေ ၂၅၀ ရှိသည့် ယင်း ရွာတစ်ရွာ လုံးရွှေ့ပြောင်းရမည့် အနေအထားဖြစ်ေ ပ်ါနေကြောင်းနေအိမ်ပြောင်းရွှေ့ နေသူများထံမှ သိရသည်။ အဆိုပါရွာမှာ နှစ်စဉ်ကမ်းပြိုလေ့ရှိပြီး လွန်ခဲ့သော နှစ်ပေါင်းလေး ဆယ်ခန့် က ရွာလုံး ကျွတ် ပြောင်းရွှေ့ခဲ့ရသည်။ ယခင်နှစ်ကလည်း ကျေးရွာစာသင်ကျောင်းကိုလည်း ရွှေ့ပြောင်းခဲ့ရ ပြီး ကျေးရွာပိုင် ကိုင်းစိုက်ခင်းများအားလုံး ဆုံးရှုံးခဲ့ရသောကြောင့် အခြားကျေးရွာမှ စိုက်ခင်းနေရာများကို ငှားရမ်းလုပ်ကိုင် နေရကြောင်း သိရသည်။

"ရွာမှာက စိုက်ပျိုးစရာ မြေနေရာ မရှိတော့လို့ လုပ်နိုင်ကိုင်နိုင် အရွယ်ကောင်းတွေက မြို့ပေါ်တက်ပြီး အလုပ်လုပ်နေကြတာ များပါတယ်။ သက်ဆိုင်ရာဌာနတွေ အနေနဲ့ ရေရှည်တည်မြဲနိုင်မယ့် နေရာကို တစ်ရွာလုံးရွှေ့ပေးဖို့ တင်ပြသွားကြမှာပါ။ ဒီရက်ပိုင်းမှာ နေ့စဉ်ကမ်းပြိုနေပြီး ညဘက်မှာဆို ကမ်းနားနီးတဲ့ အိမ်တွေက ကမ်းပြိုသံကြောင့် မအိပ်ရဲတဲ့ အနေအထားတွေထိ ရှိပါတယ်" ဟု ယင်းကျေးရွာ မှ နေ အိမ်ပြောင်းရွှေ့ ထားရသူ ဒေါ်တင်ဝိုင်းက ပြောကြားခဲ့သည်။ သက်ဆိုင်ရာဌာနတွေ အနေနဲ့ ရေ ရှည်တည်မြဲနိုင်မယ့် နေရာကို တစ်ရွာလုံး ရွှေ့ပေးဖို့ တင်ပြသွားကြမှာပါ။ ဒီရက်ပိုင်းမှာ နေ့စဉ်ကမ်းပြိုနေပြီး ညဘက်မှာဆို ကမ်းနားနီးတဲ့ အိမ်တွေက ကမ်းပြိုသံကြောင့် မအိပ်ရဲတဲ့ အနေအထားတွေထိ ရှိပါတယ် . . . . .


ယင်းကျေးရွာမှာ ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သည့် ဒေါင်းနေချောင်းနှင့်ရေဦးတိုက်တည့်တည့် တည်ရှိ၍ ဧရာဝတီ မြစ်ကြောင်းမှာ လည်းကျေးရွာတည် ရှိရာ အနောက်ဘက်ကမ်းသို့ ဦးတိုက်စီး ဆင်းသောေ ကြာင့် နှစ်စဉ်ကမ်းပြိုခြင်းဖြစ်ကြောင်း သိရသည်။ "ဘုန်းတော်ကြီး ကျောင်းကိုတော့ ကျေးရွာဒယကာ ဒယိကာမတွေက စုပေါင်းပြီး လာဖျက်ပေးနေကြပါတယ်။ လောလောဆယ် ကျောင်းဝန်းရဲ့ အနောက် ဘက် ခြံစည်းရိုးနားမှာ ယာယီသီတင်းသုံးဖို့ စီစဉ်ထားပါတယ်၊ရေရှည်အတွက်ကိုတော့ သက်ဆိုင်ရာ ဌာနတွေက အစီအစဉ် ချပေးမှနေရာအတည်တကျရွေးပြီး ကျောင်းကိုပြန်ဆောက် နိုင်မှာပါ" ဟု ရွာဦး
ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးပဏ္ဍိတက မိန့်ကြားသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D