သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, June 17, 2013

ဒေါ်စု ပါးစပ်ပိတ်နေသော်လည်း လူနည်းစု ကာကွယ်ရေးအတွက် မလေးရှားကို အလုပ်သမားစေလွှတ်မှု ဆိုင်းငံ့မည်

ဒေါ်စု ပါးစပ်ပိတ်နေသော်လည်း လူနည်းစု ကာကွယ်ရေးအတွက် မလေးရှားကို အလုပ်သမားစေလွှတ်မှု ဆိုင်းငံ့ ထားမယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက ဇွန် ၁၃ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းကနေစတင်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတိုက်ခိုက်မှုတွေကြောင့် မြန်မာအလုပ်သမားအချို့ သေဆုံး ဒဏ်ရာရရှိခဲ့ပြီး နှစ်ပတ်နီးပါးအကြာမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနက မြန်မာနိုင်ငံက ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တွေအားလုံးကို ညွှန်ကြားထားတာပါ။

ဒါနဲ့ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာန ရုံးအဖွဲ့မှူးက “လတ်တလောအခြေအနေအရ ခေတ္တခဏ ဆိုင်းငံ့ထားတဲ့သဘောပါ။ အခြေအနေတွေ အေးချမ်းသွားရင် ပြန်လွှတ်မှာပါ။ ကျနော်တို့က အေဂျင်စီတွေကို ဒီကာလကတော့ မလွှတ်သင့်တဲ့အခြေအနေ နားလည်ပေးပါလို့ တောင်းခံထားတာပါ။ ယာယီခဏ ထိန်းထားတဲ့သဘောပါ။ အေဂျင်စီတွေကိုလည်း နားလည်အောင် ရှင်းပြပေးဖို့ အေဂျင်စီအသင်းချုပ်ကို ပြောထားပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်ဝင်းစတား ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဝင်းကတော့ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားစေလွှတ်မှု ခေတ္တရပ်ဆိုင်းဖို့ ညွှန်ကြားထားတာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အလုပ်သမားဝန်ကြီးဌာနက မလေးရှားကို အလုပ်သမား စေလွှတ်မှု ခေတ္တရပ်ဆိုင်းတာမဟုတ်ဘူး။ အလုပ်သမားဝန်ကြီးဌာနက တရားဝင်ပြောတက အလုပ်သမား လေဘာကတ်လုပ်ဖို့ ခဏရပ်ဆိုင်းထားတာပေါ့။ လေဘာကတ်လုပ်ပြီးသားတွေကတော့ စေလွှတ်လို့ရတာပေါ့။ လေဘာကတ်လုပ်တာကို ခဏရပ်ဆိုင်းတာပါ။ သူ့ရဲ့ လုပ်ရိုးလုပ်စဉ်အရ လေဘာကတ်ရပ်ဆိုင်းလိုက်ပြီဆိုရင် ဗီဇာမရဘူး။ မရရင် ထွက်ခွင့်မရဘူး။ လေဘာကတ်လုပ်ထားပြီး လေယာဉ်လက်မှတ် ၀ယ်ထားပြီးသားသူတွေတော့ သွားခွင့်ရှိတာပေါ့။”

မလေးရှားမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စုံစမ်းဖို့သွားရောက်ခဲ့တဲ့ မြန်မာအစိုးရအဖွဲ့ဘက်ကတော့ ကပုန်းဘုန်းကြီးကျောင်းနဲ့ တိုက်ခိုက်ခံရလို့ ဒဏ်ရာရရှိခဲ့တဲ့ မြန်မာ အလုပ်သမား မိသားစုတွေကို ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ ရုံးအဖွဲ့မှူးက ပြောပါတယ်။

အခုလက်ရှိအချိန်မှာတော့ မလေးရှားနိုင်ငံကို မြန်မာအလုပ်သမား သွားရောက်မှုဟာ မရှိသလောက်ကို နည်းနေပြီလို့ ရန်ကုန်အခြေစိုက် အလုပ်သမားစေလွှတ်မှု အေဂျင်စီတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားဝန်ကြီးဌာနကနေ တရားဝင် ခွင့်ပြုပေးထားတဲ့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအရေအတွက် စုစုပေါင်း ၁၆၆ ခုရှိပါတယ်။ မလေးရှားမှာ မြန်မာနိုင်ငံသား ၃ သိန်းခွဲကနေ ၅ သိန်းအကြား ရှိနေတယ်လို့ သိရပါတယ်။

..DVB..

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D