မလေးရှား နိုင်ငံမှာ အခက်အခဲ ဖြစ်နေတဲ မြန်မာ လုပ်သားများ ပြည်တွင်းကို ပြန်လည် ရောက်ရှိ လာပါက Air Bagan နဲ့ ဆက်စပ် လျက်ရှိတဲ့ လုပ်ငန်းတွေမှာ အလုပ်ပြန်လည် ခန့်အပ်မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခုလို အလုပ် ခန့်အပ်ရာမှာ မလေးရှားမှ မြန်မာပြည်သို့ ပြန်လည် ရောက်ရှိ လာသူ အားလုံးကို မဟုတ်ဘဲ ကုမ္ပဏီ ဘက်မှ သတ်မှတ် ထားတဲ့ အရည်အချင်း ရှိသူများသာ Air Bagan နဲ့ ဆက်စပ် လုပ်ငန်းများရဲ့ လစ်လပ်တဲ့ နေရာများမှာ လာရောက် လျှောက်ထားနိုင်ပြီး ဦးစားပေး ရွေးချယ် ခန့်အပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံမှ မြန်မာ အလုပ်သမားများ နေရပ်သို့ ပြန်နိုင်ဖို့ အတွက် Air Bagan လေကြောင်းလိုင်း အနေနဲ့ ပြေးဆွဲလျက် ရှိတဲ့ ပြည်တွင်း ခရီးစဉ်များမှာ အခမဲ့လိုက်ပါ စီးနင်း နိုင်ဖို့ အတွက်လည်း စီစဉ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မလေးရှား နိုင်ငံမှာ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားများ အတွက် Air Bagan လေကြောင်းလိုင်း အနေနဲ့ ထောက်ပံ့ ကူညီမှုများ ဆောင်ရွက် ပေးနိုင်ဖို့ စတင် ဆောင်ရွက် လျက်ရှိတယ်လို့ သိရှိရပါတယ်။ ဆက်သွယ် ဆောင်ရွက် လိုတဲ့ မြန်မာလုပ်သားများ အနေနဲ့ Public Relation Department ဖုန်းနံပါတ် ၀၁-၅၀၄၂၈၄ သို့ တိုက်ရိုက် စုံစမ်း မေးမြန်း နိုင်တယ်လို့ သိရပါတယ်။
.. www.MyanmarExpress.net


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...