သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 15, 2013

မလေးရှားအစိုးရက လူသတ်တရားခံများကို ဖော်ထုတ်ခြင်း မရှိသေးဘဲ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် သတိပေး

Friday, 14 June 2013
မလေးရှားနိုင်ငံ တွင်း မြန်မာရွှေ့ပြောင်း အလုပ်သ မားများကို သတ်ဖြတ်သည့် တရားခံများအား လိုက် လံ ဖမ်းဆီးခြင်း မပြုဘဲ မလေးရှားအစိုးရက ပဋိ ပက္ခများထပ်မံမပြုလုပ်ရန် မြန်မာနိုင်ငံသားများအား ကြာသပတေးနေ့က သတိပေး ပြောကြားခဲ့သည်။ ထို့အပြင် တရားဝင် ထုတ်ပြန်ချက်များအရ လူလေး ဦးထက်မနည်း သေဆုံးခဲ့သည့် ပဋိပက္ခများ ဖြစ် ပွားပြီး မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ရန်မြန် မာ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။


မလေး ရှား နိုင်ငံမြို့တော်၊ ကွာလာလမ်ပူ အနီးတစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှု ပဋိပက္ခများကြောင့် စိုးရိမ်မှုများ ရှိနေကြသည်။ သို့သော်လည်း ကွာလာလမ်ပူရှိ လက်ကားဈေးတစ်ခုတွင် မေလနှောင်းပိုင်းက စတင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း မလေးရှားနှင့် မြန်မာ နှစ်နိုင်ငံစလုံးက အခိုင်အမာ ပြောကြားခဲ့ကြောင်း သိရသည်။

မလေးရှား အာဏာပိုင်များက အဆိုပါ ပဋိပက္ခများသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခအတွက် ကလဲ့စားချေရန် ကြိုးပမ်းခဲ့သော မွတ်စလင်များက မြန်မာဗုဒ္ဓဘာသာဝင်များအား တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

''ဒီပဋိပက္ခက မြန်မာတွေ အချင်းချင်း ဖြစ်ခဲ့တဲ့ ပဋိပက္ခပါ။ သူတို့နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပြဿနာကို ကျွန်တော် တို့ နိုင်ငံအထိ သယ်လာခဲ့တာပါ'' ဟု မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီး ၀င်ဂျူနိုင်ဒီဂျဖာ က မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။


ဒီပဋိပက္ခက မြန်မာတွေ အချင်းချင်း ဖြစ်ခဲ့တဲ့ ပဋိပက္ခပါ။ သူတို့နိုင်ငံမှာဖြစ်ခဲ့တဲ့ ပြဿနာကို ကျွန်တော် တို့ နိုင်ငံအထိ သယ်လာခဲ့တာပါ'' ဟု မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီး ၀င်ဂျူနိုင်ဒီဂျဖာ က မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များကိုပြောကြားခဲ့...

မြန်မာနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော်ကလည်း မြန်မာနိုင်ငံတွင် ယခင်နှစ် ဇွန်လအ တွင်း ဖြစ် ပွားခဲ့သော ပဋိပက္ခများအတွက် ဘာသာရေး လက်စားချေမှု အကြောင်းပြကာ ကွာလာလမ်ပူရှိ ဒုစရိုက် အဖွဲ့များက အခွင့်ကောင်းယူ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း၊ ဘာသာရေးနှင့် မဆက်နွှယ်ကြော င်း၊ အဆိုပါ ပဋိပက္ခများတွင် ဒေသခံ မလေးရှား နိုင်ငံသားများ မပါဝင်ကြောင်း ပြောကြားခဲ့သည်။

''ရဲနဲ့ လူဝင်မှု ကြီးကြပ်ရေးဌာနတို့က ပရော်ဖက်ရှင်နယ်ကျကျ ဆောင်ရွက်ခဲ့ပါတယ်။ မလေးရှား အစိုးရ ကနေ အခုလို ပူးပေါင်း ဆောင်ရွက်ပေးတဲ့ အတွက်လည်း ၀မ်းသာပါတယ်'' ဟု ဦးဇင်ယော် က ပြောကြား သည်။

မလေးရှားတွင် မြန်မာနိုင်ငံသား ၁၅၇၀၀၀ အလုပ်လုပ်ကိုင်နေပြီး ၎င်းတို့အနက် ၁၄၄၀၀၀ သည် တရားမ၀င် လုပ်ကိုင်နေသူများ ဖြစ်ကြောင်း မလေးရှား ဒုတိယပြည်ထဲရေး ၀န်ကြီး ၀င်ဂျူနိုင်ဒီဂျဖာ က ပြော သည်။

ထို့အပြင် မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် စာရင်းပေး နေထိုင်နေသူမြန်မာနိုင်ငံသား ၉၅၀၀၀ ရှိကြောင်း ကုလသမဂ္ဂ စာရင်းပြုစုချက်များအရ သိရသည်။ ၎င်းတို့အနက် ၂၈၀၀၀ သည် ဘင်္ဂါလီများ ဖြစ် ကြသည်။

မလေးရှားရဲဌာနက လူသတ်မှု ကျူးလွန်သူများကို ဖမ်းဆီးခြင်းမရှိဘဲ လုံခြုံရေး ထိပါးသည်ဟု အကြောင်းပြ ကာ တရားမ၀င် နေထိုင်သူ မြန်မာနိုင်ငံသား ၄၄၀၀ အား ထိန်းသိမ်းထားကြောင်း၊ ၎င်းတို့ကို နေ ရပ် ပြန်ပို့ရန် မြန်မာအာဏာပိုင်များ အထူးသဖြင့် သံရုံးတာဝန်ရှိသူများကို ဖိတ်ကြားထားကြောင်း ၀င်ဂျုနိုင် ဒီက ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများသည် မိမိ၏ အသက်အန္တရာယ်အတွက် စိုးရိမ်ရသည့်အပြင် မလေးရှားရဲများ၏ ဖမ်းဆီးမည့် အန္တရာယ်ကိုလည်း စိုးရိမ်နေကြရသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D