သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 13, 2013

သို့ စေတနာရှင်များနှင့် သက်ဆိုင်သူများ သိစေရန်

ဟုတ်ကဲ့ အားလုံးပဲ မင်္ဂလာပါ
မလေးရှားမှာ ဖြစ်နေတဲ့ ပြသနာအတွက် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များကနေ မလေးရှားမှာရှိသော မြန်မာပြည် ပြန်ချင်ကြသော မြန်မာများအတွက် လေယာဉ်လက်မှတ် အလကားပေးခြင်း၊ လျော့ဈေး ဖြင့်ရောင်းချပေးခြင်းများ စေတနာ ထက်သန်စွာဖြင့် လုပ်ဆောင်ပေးနေခြင်းကို ကျေးဇူးတင်ပါသည်။
(ဖြစ်ရပ်မှန်တခုကို တင်ပြချင်ပါသည်)

(၁၁.၆.၂၀၁၃) ကျွန်တော်အိမ်မှ အစ်မတယောက် လက်ပွေနှိပ်ပြီး မြန်မာပြည်ကို ပြန်ပါသည်။ မလေးရှားလေဆိပ်မှာ ဘာပြသနာမှ မတက်ပဲ ချောမောစွာဖြင့် လေယာဉ် ပေါ်တက်ခဲ့ရပါသော်လည်း မြန်မာ လေဆိပ်ရောက်သောအခါ မြန်မာ အင်မီဂရေးရှင်းက စပြီး ပြသနာ ရှာပါတော့တာပါပဲ။ စာအုပ်က 6P စာအုပ်ကြီး ဘာကြီးနဲ့ မလေး ပါမစ်လဲ မပါးဘူး လိုင်းလဲ မရိုက်ထားဘူးဆိုပြီး ငွေ တသိန်းတောင်းပါသည်။ လိုင်းရိုက်သည်ဆိုသည်မှာ အဘယ်နည်း ။ ဘာဥပဒေနှင့် တောင်းပါ သနည်း။ မလေးအစိုးရ က ချောမွေ့စွာ ပြန်လွှတ်လိုက်သော သူ ကိုယ့်မြန်မာနိုင်ငံထဲကို ကိုယ်ပြန်ဝင်တာကို အဘယ်ကြောင့် ပိုက်ဆံတောင်းရပါသလဲ။ ထိုသို့ ဆိုပါလျှင် မြန်မာနိုင်ငံတော် သမ္မတကြီးက မြန်မာများ ပြည်တော်ပြန်လာပါရန် ဖိတ်ခေါ်ခြင်းသည် ဒုက္ခရောက် သူများ ပိုက်ဆံမရှိပါက ပြည်တော်ပြန်ဝင်ရန် မပါဝင်ဘူးလားဟု မေးခွန်ထုတ်ချင်ပါတော့ သည်။ ယခုလဲ မလေးရှားမှာရှိတဲ့ မြန်မာတွေ အတော်များများ ပြန်ချင်နေကြပါပြီး စေတနာရှင်များကလဲ ပြန်နိုင်အောင်စီစဉ် ပေးနေပါသည်။ သို့သော်
မလေးရှားတွင် ရှိသော မြန်မာအများစုမှာ အထောက်အထား အပြည့်အစုံ မရှိသူများက များပါသည် ။ ထိုသူများကို ပြန်လိုလျှင် မြန်မာသံရုံကလဲ CI လျှောက်ပေးပြီး ပြန်နိုင်အောင်လုပ်ပေးနေပါသည်။ အခုလို မြန်မာနိုင်ငံလေဆိပ်ကနေ ထိုင်ပြီး ပိုက်ဆံတောင်းနေခြင်းသည် မလေးရှားနိုင်ငံ မြန်မာသံရုံးက ပေးသော CI က မပြည့်စုံသော ကြောင့်လားဟုလည်း မေးခွန်ထုတ်ချင်ပါတော့သည်။
ဒီစာသားအား ခေါင်းလောင်သံ ဂျာနယ်မှ ဖြစ်ရပ်မှန်ရေးသားခြင်းဖြစ်၍ ဖြစ်လာသော ပြသနာများကို ခေါင်းလောင်သံ ဂျာနယ်မှ တာဝန်ဖြေရှင်းပေးပါမည်။ မိမိတို့ ပြန်သောအခါတွင်လည်း မိမိတို့အား ငွေတောင်းပါက တောင်းသူအမည် နှင့် သက်သေများကို ရအောင်ယူပြီး လဘ်ပေးလဘ်ယူ အကျင့်ဆိုးများ ပပျောက်အောင် အားလုံးဝိုင်းဝန်း ကာကွယ်ကြပါစို့။

Bell Journal ...comment တစ်ခုပါကျေးဇူးတင်ပါတယ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D