သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 15, 2013

ရုပ်ရှင်မင်းသားဘောလုံးပွဲ ဘာပြဿနာတွေ တက်နေသလဲ

Photo: 
ရုပ်ရှင်မင်းသားဘောလုံးပွဲ ဘာပြဿနာတွေ တက်နေသလဲ 
Saturday, June 15, 2013

ပုသိမ်မြို့မှာ ဒီလ ၉ ရက်နေ့က ရုပ်ရှင်မင်းသားတွေနဲ့ 
ဝါရင့်ဘောလုံးသမားတွေရဲ့ ဘောလုံးပွဲမှာ ဒီပွဲကရလာတဲ့ 
ကွင်းဝင်ကြေးအားလုံးကို ပုသိမ်က မိဘမဲ့ကျောင်း ၆ ကျောင်းကို 
လှူဒါန်းမယ်လို့ ပွဲမကျင်းပမီကတည်းက ကြေညာထားပေမယ့် 
ဘောလုံးပွဲပြီးသွားခဲ့ချိန်မှာ အဲဒီလို မဟုတ်ခဲ့ဘူးလို့  ပွဲ ဖြစ်မြောက်ရေး
 လိုက်ပါကူညီပေးခဲ့တဲ့ ပုသိမ်မြို့ခံ ကိုသက်ဆွေက ပြောပါတယ်။

 ဒေသတွင်း မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေရှာတဲ့  ဒီပွဲကို 
ရုပ်ရှင်သရုပ်ဆောင် ရာဇာနေ၀င်း၊ မိုးယံဇွန်၊ ကျော်ကျော်ဗို၊ မြင့်မြတ်၊ 
ဇာနည်၊ မင်းသွေး၊ မင်းခန့်၊ ဇာတ်မင်းသား ဖိုးချစ် အစရှိတဲ့သူတွေ ပါဝင်တဲ့  
ဘိုင်စကုပ်မင်းသားများအသင်းနဲ့ ပုသိမ်မြို့က ဧရာဝတီ Old Stars 
(ဧရာဝတီတိုင်းလက်ရွေးစင်ဟောင်းများ) ဘောလုံးအသင်းတို့ 
ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။

“ဘောလုံးပွဲ မစမီကတည်းက ဒီပွဲကရလာတဲ့ ကွင်းဝင်ကြေးအားလုံးကို 
မိဘမဲ့ကလေးတွေကို လှူဒါန်းပါ့မယ်လို့ ပွဲစီစဉ်သူ ကိုရဲမြင့်ထွန်းက 
ကတိပေးထားတာ ရှိပါတယ်။ တကယ်တမ်း ပွဲလည်းပြီးသွားရော 
မူလပြောထားသလိုမဟုတ်တော့ဘဲ သူတို့လှူချင်တဲ့ ကျောင်းတကျောင်းကို 
သူတို့အစီအစဉ်နဲ့ပဲ လှူချင်သလောက် လှူသွားတယ်။ အဲဒီအပေါ်မှာ 
ကျနော်တို့ပုသိမ်မြို့ခံတွေ မကျေနပ်ကြဘူး” လို့ သူက ပြောပါတယ်။

ပုသိမ်မြို့မှာ အစိုးရအသိအမှတ်ပြု မိဘမဲ့ဂေဟာ ၂ ခုရှိပြီး 
ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖွင့်လှစ်ထားတဲ့ မိဘမဲ့ဂေဟာ ၄ ခု၊ စုစုပေါင်း ဂေဟာ ၆
 ခု ရှိပါတယ်။

ဘာသာအားဖြင့်တော့ ဗုဒ္ဓဘာသာဂေဟာ ၃ ခု၊ ခရစ်ယာန်ဂေဟာ ၂ ခုနဲ့ အစ္စလာမ်ဂေဟာ ၁ 
ခု လို့ တွက်နိုင်ပါတယ်။

ဒီဂေဟာတွေမှာ မိဘမဲ့ ကလေး စုစုပေါင်း ၅၀၀ ကျော်ကို ကျွေးမွေး 
စောင့်ရှောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ကလေးအများစုကတော့ နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်လာကြသူတွေပါ။

“ဒီပွဲကျင်းပတာ ကျနော်တို့ ရှုံးပါတယ်။ ကုန်ကျတာက ခန့်မှန်းခြေ သိန်း ၆၀ 
လောက်ရှိတယ်။ တကယ်တမ်းကျတော့ ငွေက အဲဒီလောက် ပြန်မရဘူး။ လက်မှတ်အတုက အစောင်
 ၁၀၀ လောက်မိတယ်။ ဘောလုံးအကယ်ဒမီဘက်ကနေ ကွင်းထဲကိုကျော်ဝင်ကြတာတွေ ရှိတယ်။ 
ကွင်းပေါက်တယ်ပေါ့။ အဲတော့ ငွေကထင်ထားသလို မရတော့ဘူး” လို့ ပွဲစီစဉ်သူ 
ကိုရဲမြင့်ထွန်းက ပြောပါတယ်။

“ကန်သုံးဆင့် မိဘမဲ့ကျောင်းကို လှူတယ်ဆိုတာကလည်း အစိုးရ အသိအမှတ်ပြုကျောင်း
 ဖြစ်တဲ့အတွက်ပါ။ ကျန်တဲ့ကျောင်းတွေက အစိုးရအသိအမှတ်ပြု မဟုတ်တော့ 
လှူဖို့အဆင်မပြေဘူးလေ” လို့  ကိုရဲမြင့်ထွန်းက ဆက်ပြောပါတယ်။

ဒီပွဲ အရှုံးပေါ်တယ် ဆိုတဲ့ ပြောဆိုချက်ကို လက်မခံသူများထဲမှာ ကိုသက်ဆွေ 
ဆိုတဲ့ ဒေသခံတဦးလည်း ပါဝင်ပါတယ်။

“ရှုံးတယ်ပြောရအောင် ဒါက ကန်ထရိုက်ယူတဲ့ပွဲမှ မဟုတ်တာ။ နဂိုကတည်းက 
ဘောလုံးပွဲကို စပွန်ဆာတွေနဲ့ကျင်းပမယ်။ ကွင်းဝင်ကြေးကို ကလေးတွေအတွက် 
အကုန်လှူမယ်လို့ ကတိပြုထားပြီးသားလေ။ ပွဲပြီးကာမှ ရှုံးတယ်၊ 
မလှူတော့ဘူးဆိုတာက လက်ခံနိုင်စရာ မရှိပါဘူး” လို့ ပွဲဖြစ်မြောက်ရေး 
ကူညီပေးခဲ့တဲ့ ကိုသက်ဆွေက ပြောပါတယ်။

“အဲဒီနေ့က ကွင်းထဲမှာ လူ ၃,၅၀၀ လောက်ရှိတယ်။ လက်မှတ်အတုရော လူတိုးတာ 
မခံနိုင်လို့ ကွင်းဖွင့်ပေးလိုက်ရတဲ့လူရောပေါင်းလိုက်ရင် လူ ၁,၅၀၀ ပဲထား။ 
အနည်းဆုံး လက်မှတ် ၂,၀၀၀ တော့ ရောင်းရမှာပါ။ အခုက လက်မှတ်ဘယ်လောက် 
ရိုက်နှိပ်တယ်။
လက်မှတ် ဘယ်လောက် ရောင်းရတယ်ဆိုတာတောင် ကျနော်တို့ကို အတိအကျမပြောဘူး။
ငွေစာရင်းရှင်းတမ်းလည်း မထုတ်ပေးဘူး။ တကယ်ရှုံးတယ်ဆိုရင် 
ကျနော်တို့မြို့ခံတွေ နားလည်လက်ခံနိုင်အောင် 
ငွေစာရင်းရှင်းတမ်းထုတ်ပေးရမှာပေါ့” လို့  ကိုသက်ဆွေက ဆက်ပြောပါတယ်။

ဌာနဆိုင်ရာတွေကလည်း ပွဲဖြစ်မြောက်ရေးအတွက်   ကြော်ငြာဘုတ်တွေ 
အခမဲ့ထောင်ခွင့်၊ ဘောလုံးကွင်း အခမဲ့ငှားရမ်းခွင့်ရအောင် ၀ိုင်းဝန်း 
ကူညီပေးခဲ့ကြပါတယ် တဲ့။

လက်မှတ် ၁ စောင်ကို ၂,၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချတာဖြစ်တဲ့အတွက် စောင်ရေ 
၂,၀၀၀ ရောင်းရမယ်ဆိုရင် မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေ ကျပ်သိန်း ၄၀ လောက် 
ရရှိမှာပါ။

ဘောလုံးပွဲအတွက် စပွန်ဆာကြေး သိန်း ၃၀ လောက် ရရှိခဲ့ကြောင်း စုံစမ်း 
သိရှိရပါတယ်။

အသေးစိတ်ပြောရရင်  မြန်မာဘီယာက စပွန်ဆာ ကျပ် ၁၀ သိန်းကျော်၊ V စီးကရက်က ၅ 
သိန်း နဲ့ ပုသိမ်မြို့က စီးပွားရေးလုပ်ငန်း ၆ ခုက စပွန်ဆာ ကျပ် ၁၅ သိန်း 
တို့ ဖြစ်ပါတယ်။ 

အခုက ပွဲအတွက် ကုန်ကျတာက သိန်း ၆၀။
ကလေးတွေအတွက် လှူသွားတာက ၆ သိန်း။
၁၀ ဆ ၁ ဆ ကွာခြားပါတယ်။ ဆင်ဖိုးထက် ချွန်းဖိုးကြီးဆိုသလိုများ 
ဖြစ်နေမလားလို့ ဆိုသူက ဆိုပါတယ်။

၉ ရက်နေ့က ကျင်းပတဲ့ မိဘမဲ့ကလေးများ ရန်ပုံငွေဘောလုံးပွဲကို ဧရာဝတီတိုင်း 
ဝန်ကြီးချုပ် ဦးသိန်းအောင် တက်ရောက်အားပေးခဲ့ပြီး တိုင်းအဆင့်၊ 
ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေလည်း 
လာရောက်အားပေးခဲ့ကြပါတယ်။

ဘာသာပေါင်းစုံက ကလေးတွေအတွက်လုပ်တဲ့ပွဲဖြစ်လို့ ခရစ်ယာန်နဲ့ အစ္စလာမ် 
ဘာသာရေးခေါင်းဆောင်တွေပါ ဘောလုံးပွဲကို လာရောက်အားပေးကြပါတယ်။

ပရိတ်သတ်ဆိုရင်လည်း ပုသိမ်၊ ငပုတော၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း
 စတဲ့မြို့တွေကပါ လာရောက်အားပေးခဲ့ကြလို့ ဘောလုံးကွင်းထဲမှာ လူတွေ 
ပြည့်ကြပ်နေပြီး ဘောလုံးပွဲလာကြည့်တဲ့လူပေါင်း အနည်းဆုံး ၃,၅၀၀ 
လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

“ဘောလုံးပွဲက စည်စည်ကားကားနဲ့ အောင်မြင်ပြီးသွားကာမှ 
လှူဒါန်းတဲ့အချိန်ကျတော့ ပုသိမ်က ဌာနဆိုင်ရာအကြီးအကဲတွေ၊ မြို့မိမြို့ဖတွေ၊
 ပွဲဖြစ်မြောက်ရေး ကူညီပေးသူတွေ၊ ကျနော်တို့ Old Stars အသင်းကလူကြီးတွေ 
ဘယ်သူမှ မပါဘူး။ ဘယ်သူ့ကိုမှလည်း မတိုင်ပင်ဘူး။ ဖိတ်လည်း မဖိတ်ဘူး။ 
သူတို့လုပ်ချင်သလို လုပ်သွားတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ အတော်လေး 
စိတ်မကောင်းဖြစ်မိပါတယ်” လို့ Old Stars အသင်းနည်းပြ ဦးဝင်းသိန်းက 
ပြောပါတယ်။ 

န်ပုံငွေဘောလုံးပွဲကရရှိတဲ့ ငွေကြေးကို လာရောက် လှူဒါန်းပါတယ်လို့ အမည်တပ် 
ခဲ့ခြင်း မဟုတ်ဘဲ ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်နဲ့ ရဲမြင့်ထွန်း (ခေါ်) 
ရဲလေး တို့ ၂ ဦး နာမည်တပ်ပြီး ငွေလှူခဲ့တာဖြစ်ကြောင်း စုံစမ်း 
သိရှိရပါတယ်။

“ကျနော်တို့က ကလေးတွေ ရန်ပုံငွေရပါစေတော့ဆိုပြီး ကိုယ့်ထမင်း ကိုယ်စားပြီး 
ကန်ပေးတာပါ။ ကျနော်တို့ Old Stars အသင်းအတွက် ပွဲစဉ်စီသူတွေ တပြားတချပ်မှ 
ကုန်ကျခြင်း မရှိပါဘူး။ ဘာသာပေါင်းစုံက မိဘမဲ့ကလေးတွေကို လှူပါ့မယ်လို့ 
ကြေညာထားပြီးကာမှ ဗုဒ္ဓဘာသာကျောင်းတကျောင်းပဲ ကွက်ပြီး လှူသွားတယ်။ အဲတော့ 
မြို့ခံဘာသာခြားတွေနဲ့ တွေ့တဲ့အခါ ကျနော်တို့က ဘယ်လိုမျက်နှာပြရမလဲ။ 
ခင်ဗျားတို့က ပြောတော့တမျိုး လုပ်တော့တမျိုး ဆိုပြီး 
အပြောခံရမယ့်ကိန်းဖြစ်နေပြီ” လို့ Old Stars အသင်းရဲ့ အတွင်းရေးမှူး 
ဦးအောင်သိန်းက ပြောပါတယ်။

ရုပ်ရှင်မင်းသားများဘောလုံးပွဲရဲ့ နောက်ဆက်တွဲအဖြစ်အပျက်တွေကို ပုသိမ်က  
တိုင်း/ခရိုင်/မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေကပါ 
သိရှိသွားပြီး စိတ်မကောင်း ဖြစ်နေကြောင်း သူတို့နဲ့ နီးစပ်သူတွေထံက 
သိရှိရပါတယ်။

ပုသိမ်မြို့ခံပွဲစဉ်သူတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး 
အများပြည်သူသိရှိနိုင်ရန်အတွက်  သတင်းစာ ရှင်းလင်းပွဲတရပ် 
ပြုလုပ်သွားမယ်လို့လည်း ပြောပါတယ်။


ဧရာဝတီblog
ရုပ်ရှင်မင်းသားဘောလုံးပွဲ ဘာပြဿနာတွေ တက်နေသလဲ Saturday, June 15, 2013 ပုသိမ်မြို့မှာ ဒီလ ၉ ရက်နေ့က ရုပ်ရှင်မင်းသားတွေနဲ့ ၀ါရင့်ဘောလုံးသမားတွေရဲ့ ဘောလုံးပွဲမှာ ဒီပွဲကရလာတဲ့ ကွင်းဝင်ကြေးအားလုံးကို ပုသိမ်က မိဘမဲ့ကျောင်း ၆ ကျောင်းကို လှူဒါန်းမယ်လို့ ပွဲမကျင်းပမီကတည်းက ကြေညာထားပေမယ့် ဘောလုံးပွဲပြီးသွားခဲ့ချိန်မှာ အဲဒီလို မဟုတ်ခဲ့ဘူးလို့ ပွဲ ဖြစ်မြောက်ရေး လိုက်ပါကူညီပေးခဲ့တဲ့ ပုသိမ်မြို့ခံ ကိုသက်ဆွေက ပြောပါတယ်။ 

 ဒေသတွင်း မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေရှာတဲ့ ဒီပွဲကို ရုပ်ရှင်သရုပ်ဆောင် ရာဇာနေ၀င်း၊ မိုးယံဇွန်၊ ကျော်ကျော်ဗို၊ မြင့်မြတ်၊ ဇာနည်၊ မင်းသွေး၊ မင်းခန့်၊ ဇာတ်မင်းသား ဖိုးချစ် အစရှိတဲ့သူတွေ ပါဝင်တဲ့ ဘိုင်စကုပ်မင်းသားများအသင်းနဲ့ ပုသိမ်မြို့က ဧရာဝတီ Old Stars (ဧရာဝတီတိုင်းလက်ရွေးစင်ဟောင်းများ) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။ “ဘောလုံးပွဲ မစမီကတည်းက ဒီပွဲကရလာတဲ့ ကွင်းဝင်ကြေးအားလုံးကို မိဘမဲ့ကလေးတွေကို လှူဒါန်းပါ့မယ်လို့ ပွဲစီစဉ်သူ ကိုရဲမြင့်ထွန်းက ကတိပေးထားတာ ရှိပါတယ်။ တကယ်တမ်း ပွဲလည်းပြီးသွားရော မူလပြောထားသလိုမဟုတ်တော့ဘဲ သူတို့လှူချင်တဲ့ ကျောင်းတကျောင်းကို သူတို့အစီအစဉ်နဲ့ပဲ လှူချင်သလောက် လှူသွားတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ပုသိမ်မြို့ခံတွေ မကျေနပ်ကြဘူး” လို့ သူက ပြောပါတယ်။ ပုသိမ်မြို့မှာ အစိုးရအသိအမှတ်ပြု မိဘမဲ့ဂေဟာ ၂ ခုရှိပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖွင့်လှစ်ထားတဲ့ မိဘမဲ့ဂေဟာ ၄ ခု၊ စုစုပေါင်း ဂေဟာ ၆ ခု ရှိပါတယ်။ ဘာသာအားဖြင့်တော့ ဗုဒ္ဓဘာသာဂေဟာ ၃ ခု၊ ခရစ်ယာန်ဂေဟာ ၂ ခုနဲ့ အစ္စလာမ်ဂေဟာ ၁ ခု လို့ တွက်နိုင်ပါတယ်။ ဒီဂေဟာတွေမှာ မိဘမဲ့ ကလေး စုစုပေါင်း ၅၀၀ ကျော်ကို ကျွေးမွေး စောင့်ရှောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ကလေးအများစုကတော့ နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်လာကြသူတွေပါ။ “ဒီပွဲကျင်းပတာ ကျနော်တို့ ရှုံးပါတယ်။ ကုန်ကျတာက ခန့်မှန်းခြေ သိန်း ၆၀ လောက်ရှိတယ်။ တကယ်တမ်းကျတော့ ငွေက အဲဒီလောက် ပြန်မရဘူး။ လက်မှတ်အတုက အစောင် ၁၀၀ လောက်မိတယ်။ ဘောလုံးအကယ်ဒမီဘက်ကနေ ကွင်းထဲကိုကျော်ဝင်ကြတာတွေ ရှိတယ်။ ကွင်းပေါက်တယ်ပေါ့။ အဲတော့ ငွေကထင်ထားသလို မရတော့ဘူး” လို့ ပွဲစီစဉ်သူ ကိုရဲမြင့်ထွန်းက ပြောပါတယ်။ “ကန်သုံးဆင့် မိဘမဲ့ကျောင်းကို လှူတယ်ဆိုတာကလည်း အစိုးရ အသိအမှတ်ပြုကျောင်း ဖြစ်တဲ့အတွက်ပါ။ ကျန်တဲ့ကျောင်းတွေက အစိုးရအသိအမှတ်ပြု မဟုတ်တော့ လှူဖို့အဆင်မပြေဘူးလေ” လို့ ကိုရဲမြင့်ထွန်းက ဆက်ပြောပါတယ်။ ဒီပွဲ အရှုံးပေါ်တယ် ဆိုတဲ့ ပြောဆိုချက်ကို လက်မခံသူများထဲမှာ ကိုသက်ဆွေ ဆိုတဲ့ ဒေသခံတဦးလည်း ပါဝင်ပါတယ်။ “ရှုံးတယ်ပြောရအောင် ဒါက ကန်ထရိုက်ယူတဲ့ပွဲမှ မဟုတ်တာ။ နဂိုကတည်းက ဘောလုံးပွဲကို စပွန်ဆာတွေနဲ့ကျင်းပမယ်။ ကွင်းဝင်ကြေးကို ကလေးတွေအတွက် အကုန်လှူမယ်လို့ ကတိပြုထားပြီးသားလေ။ ပွဲပြီးကာမှ ရှုံးတယ်၊ မလှူတော့ဘူးဆိုတာက လက်ခံနိုင်စရာ မရှိပါဘူး” လို့ ပွဲဖြစ်မြောက်ရေး ကူညီပေးခဲ့တဲ့ ကိုသက်ဆွေက ပြောပါတယ်။ “အဲဒီနေ့က ကွင်းထဲမှာ လူ ၃,၅၀၀ လောက်ရှိတယ်။ လက်မှတ်အတုရော လူတိုးတာ မခံနိုင်လို့ ကွင်းဖွင့်ပေးလိုက်ရတဲ့လူရောပေါင်းလိုက်ရင် လူ ၁,၅၀၀ ပဲထား။ အနည်းဆုံး လက်မှတ် ၂,၀၀၀ တော့ ရောင်းရမှာပါ။ အခုက လက်မှတ်ဘယ်လောက် ရိုက်နှိပ်တယ်။ လက်မှတ် ဘယ်လောက် ရောင်းရတယ်ဆိုတာတောင် ကျနော်တို့ကို အတိအကျမပြောဘူး။ ငွေစာရင်းရှင်းတမ်းလည်း မထုတ်ပေးဘူး။ တကယ်ရှုံးတယ်ဆိုရင် ကျနော်တို့မြို့ခံတွေ နားလည်လက်ခံနိုင်အောင် ငွေစာရင်းရှင်းတမ်းထုတ်ပေးရမှာပေါ့” လို့ ကိုသက်ဆွေက ဆက်ပြောပါတယ်။ ဌာနဆိုင်ရာတွေကလည်း ပွဲဖြစ်မြောက်ရေးအတွက် ကြော်ငြာဘုတ်တွေ အခမဲ့ထောင်ခွင့်၊ ဘောလုံးကွင်း အခမဲ့ငှားရမ်းခွင့်ရအောင် ၀ိုင်းဝန်း ကူညီပေးခဲ့ကြပါတယ် တဲ့။ လက်မှတ် ၁ စောင်ကို ၂,၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချတာဖြစ်တဲ့အတွက် စောင်ရေ ၂,၀၀၀ ရောင်းရမယ်ဆိုရင် မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေ ကျပ်သိန်း ၄၀ လောက် ရရှိမှာပါ။ ဘောလုံးပွဲအတွက် စပွန်ဆာကြေး သိန်း ၃၀ လောက် ရရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ အသေးစိတ်ပြောရရင် မြန်မာဘီယာက စပွန်ဆာ ကျပ် ၁၀ သိန်းကျော်၊ V စီးကရက်က ၅ သိန်း နဲ့ ပုသိမ်မြို့က စီးပွားရေးလုပ်ငန်း ၆ ခုက စပွန်ဆာ ကျပ် ၁၅ သိန်း တို့ ဖြစ်ပါတယ်။ အခုက ပွဲအတွက် ကုန်ကျတာက သိန်း ၆၀။ ကလေးတွေအတွက် လှူသွားတာက ၆ သိန်း။ ၁၀ ဆ ၁ ဆ ကွာခြားပါတယ်။ ဆင်ဖိုးထက် ချွန်းဖိုးကြီးဆိုသလိုများ ဖြစ်နေမလားလို့ ဆိုသူက ဆိုပါတယ်။ ၉ ရက်နေ့က ကျင်းပတဲ့ မိဘမဲ့ကလေးများ ရန်ပုံငွေဘောလုံးပွဲကို ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင် တက်ရောက်အားပေးခဲ့ပြီး တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေလည်း လာရောက်အားပေးခဲ့ကြပါတယ်။ ဘာသာပေါင်းစုံက ကလေးတွေအတွက်လုပ်တဲ့ပွဲဖြစ်လို့ ခရစ်ယာန်နဲ့ အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေပါ ဘောလုံးပွဲကို လာရောက်အားပေးကြပါတယ်။ ပရိတ်သတ်ဆိုရင်လည်း ပုသိမ်၊ ငပုတော၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း စတဲ့မြို့တွေကပါ လာရောက်အားပေးခဲ့ကြလို့ ဘောလုံးကွင်းထဲမှာ လူတွေ ပြည့်ကြပ်နေပြီး ဘောလုံးပွဲလာကြည့်တဲ့လူပေါင်း အနည်းဆုံး ၃,၅၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ “ဘောလုံးပွဲက စည်စည်ကားကားနဲ့ အောင်မြင်ပြီးသွားကာမှ လှူဒါန်းတဲ့အချိန်ကျတော့ ပုသိမ်က ဌာနဆိုင်ရာအကြီးအကဲတွေ၊ မြို့မိမြို့ဖတွေ၊ ပွဲဖြစ်မြောက်ရေး ကူညီပေးသူတွေ၊ ကျနော်တို့ Old Stars အသင်းကလူကြီးတွေ ဘယ်သူမှ မပါဘူး။ ဘယ်သူ့ကိုမှလည်း မတိုင်ပင်ဘူး။ ဖိတ်လည်း မဖိတ်ဘူး။ သူတို့လုပ်ချင်သလို လုပ်သွားတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်” လို့ Old Stars အသင်းနည်းပြ ဦးဝင်းသိန်းက ပြောပါတယ်။ န်ပုံငွေဘောလုံးပွဲကရရှိတဲ့ ငွေကြေးကို လာရောက် လှူဒါန်းပါတယ်လို့ အမည်တပ် ခဲ့ခြင်း မဟုတ်ဘဲ ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်နဲ့ ရဲမြင့်ထွန်း (ခေါ်) ရဲလေး တို့ ၂ ဦး နာမည်တပ်ပြီး ငွေလှူခဲ့တာဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။ “ကျနော်တို့က ကလေးတွေ ရန်ပုံငွေရပါစေတော့ဆိုပြီး ကိုယ့်ထမင်း ကိုယ်စားပြီး ကန်ပေးတာပါ။ ကျနော်တို့ Old Stars အသင်းအတွက် ပွဲစဉ်စီသူတွေ တပြားတချပ်မှ ကုန်ကျခြင်း မရှိပါဘူး။ ဘာသာပေါင်းစုံက မိဘမဲ့ကလေးတွေကို လှူပါ့မယ်လို့ ကြေညာထားပြီးကာမှ ဗုဒ္ဓဘာသာကျောင်းတကျောင်းပဲ ကွက်ပြီး လှူသွားတယ်။ အဲတော့ မြို့ခံဘာသာခြားတွေနဲ့ တွေ့တဲ့အခါ ကျနော်တို့က ဘယ်လိုမျက်နှာပြရမလဲ။ ခင်ဗျားတို့က ပြောတော့တမျိုး လုပ်တော့တမျိုး ဆိုပြီး အပြောခံရမယ့်ကိန်းဖြစ်နေပြီ” လို့ Old Stars အသင်းရဲ့ အတွင်းရေးမှူး ဦးအောင်သိန်းက ပြောပါတယ်။ ရုပ်ရှင်မင်းသားများဘောလုံးပွဲရဲ့ နောက်ဆက်တွဲအဖြစ်အပျက်တွေကို ပုသိမ်က တိုင်း/ခရိုင်/မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေကပါ သိရှိသွားပြီး စိတ်မကောင်း ဖြစ်နေကြောင်း သူတို့နဲ့ နီးစပ်သူတွေထံက သိရှိရပါတယ်။ ပုသိမ်မြို့ခံပွဲစဉ်သူတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး အများပြည်သူသိရှိနိုင်ရန်အတွက် သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်သွားမယ်လို့လည်း ပြောပါတယ်။ ဧရာဝတီblog

ပုသိမ်မြို့မှာ ဒီလ ၉ ရက်နေ့က ရုပ်ရှင်မင်းသားတွေနဲ့ ၀ါရင့်ဘောလုံးသမားတွေရဲ့ ဘောလုံးပွဲမှာ ဒီပွဲကရလာတဲ့ ကွင်းဝင်ကြေးအားလုံးကို ပုသိမ်က မိဘမဲ့ကျောင်း ၆ ကျောင်းကို လှူဒါန်းမယ်လို့ ပွဲမကျင်းပမီကတည်းက ကြေညာထားပေမယ့် ဘောလုံးပွဲပြီးသွားခဲ့ချိန်မှာ အဲဒီလို မဟုတ်ခဲ့ဘူးလို့ ပွဲ ဖြစ်မြောက်ရေး လိုက်ပါကူညီပေးခဲ့တဲ့ ပုသိမ်မြို့ခံ ကိုသက်ဆွေက ပြောပါတယ်။ဒေသတွင်း မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေရှာတဲ့ ဒီပွဲကို ရုပ်ရှင်သရုပ်ဆောင် ရာဇာနေ၀င်း၊ မိုးယံဇွန်၊ ကျော်ကျော်ဗို၊ မြင့်မြတ်၊ ဇာနည်၊ မင်းသွေး၊ မင်းခန့်၊ ဇာတ်မင်းသား ဖိုးချစ် အစရှိတဲ့သူတွေ ပါဝင်တဲ့ ဘိုင်စကုပ်မင်းသားများအသင်းနဲ့ ပုသိမ်မြို့က ဧရာဝတီ Old Stars (ဧရာဝတီတိုင်းလက်ရွေးစင်ဟောင်းများ) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။

“ဘောလုံးပွဲ မစမီကတည်းက ဒီပွဲကရလာတဲ့ ကွင်းဝင်ကြေးအားလုံးကို မိဘမဲ့ကလေးတွေကို လှူဒါန်းပါ့မယ်လို့ ပွဲစီစဉ်သူ ကိုရဲမြင့်ထွန်းက ကတိပေးထားတာ ရှိပါတယ်။ တကယ်တမ်း ပွဲလည်းပြီးသွားရော မူလပြောထားသလိုမဟုတ်တော့ဘဲ သူတို့လှူချင်တဲ့ ကျောင်းတကျောင်းကို သူတို့အစီအစဉ်နဲ့ပဲ လှူချင်သလောက် လှူသွားတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ပုသိမ်မြို့ခံတွေ မကျေနပ်ကြဘူး” လို့ သူက ပြောပါတယ်။

ပုသိမ်မြို့မှာ အစိုးရအသိအမှတ်ပြု မိဘမဲ့ဂေဟာ ၂ ခုရှိပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖွင့်လှစ်ထားတဲ့ မိဘမဲ့ဂေဟာ ၄ ခု၊ စုစုပေါင်း ဂေဟာ ၆ ခု ရှိပါတယ်။

ဘာသာအားဖြင့်တော့ ဗုဒ္ဓဘာသာဂေဟာ ၃ ခု၊ ခရစ်ယာန်ဂေဟာ ၂ ခုနဲ့ အစ္စလာမ်ဂေဟာ ၁ ခု လို့ တွက်နိုင်ပါတယ်။

ဒီဂေဟာတွေမှာ မိဘမဲ့ ကလေး စုစုပေါင်း ၅၀၀ ကျော်ကို ကျွေးမွေး စောင့်ရှောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ကလေးအများစုကတော့ နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်လာကြသူတွေပါ။

“ဒီပွဲကျင်းပတာ ကျနော်တို့ ရှုံးပါတယ်။ ကုန်ကျတာက ခန့်မှန်းခြေ သိန်း ၆၀ လောက်ရှိတယ်။ တကယ်တမ်းကျတော့ ငွေက အဲဒီလောက် ပြန်မရဘူး။ လက်မှတ်အတုက အစောင် ၁၀၀ လောက်မိတယ်။ ဘောလုံးအကယ်ဒမီဘက်ကနေ ကွင်းထဲကိုကျော်ဝင်ကြတာတွေ ရှိတယ်။ ကွင်းပေါက်တယ်ပေါ့။ အဲတော့ ငွေကထင်ထားသလို မရတော့ဘူး” လို့ ပွဲစီစဉ်သူ ကိုရဲမြင့်ထွန်းက ပြောပါတယ်။

“ကန်သုံးဆင့် မိဘမဲ့ကျောင်းကို လှူတယ်ဆိုတာကလည်း အစိုးရ အသိအမှတ်ပြုကျောင်း ဖြစ်တဲ့အတွက်ပါ။ ကျန်တဲ့ကျောင်းတွေက အစိုးရအသိအမှတ်ပြု မဟုတ်တော့ လှူဖို့အဆင်မပြေဘူးလေ” လို့ ကိုရဲမြင့်ထွန်းက ဆက်ပြောပါတယ်။

ဒီပွဲ အရှုံးပေါ်တယ် ဆိုတဲ့ ပြောဆိုချက်ကို လက်မခံသူများထဲမှာ ကိုသက်ဆွေ ဆိုတဲ့ ဒေသခံတဦးလည်း ပါဝင်ပါတယ်။

“ရှုံးတယ်ပြောရအောင် ဒါက ကန်ထရိုက်ယူတဲ့ပွဲမှ မဟုတ်တာ။ နဂိုကတည်းက ဘောလုံးပွဲကို စပွန်ဆာတွေနဲ့ကျင်းပမယ်။ ကွင်းဝင်ကြေးကို ကလေးတွေအတွက် အကုန်လှူမယ်လို့ ကတိပြုထားပြီးသားလေ။ ပွဲပြီးကာမှ ရှုံးတယ်၊ မလှူတော့ဘူးဆိုတာက လက်ခံနိုင်စရာ မရှိပါဘူး” လို့ ပွဲဖြစ်မြောက်ရေး ကူညီပေးခဲ့တဲ့ ကိုသက်ဆွေက ပြောပါတယ်။

“အဲဒီနေ့က ကွင်းထဲမှာ လူ ၃,၅၀၀ လောက်ရှိတယ်။ လက်မှတ်အတုရော လူတိုးတာ မခံနိုင်လို့ ကွင်းဖွင့်ပေးလိုက်ရတဲ့လူရောပေါင်းလိုက်ရင် လူ ၁,၅၀၀ ပဲထား။ အနည်းဆုံး လက်မှတ် ၂,၀၀၀ တော့ ရောင်းရမှာပါ။ အခုက လက်မှတ်ဘယ်လောက် ရိုက်နှိပ်တယ်။
လက်မှတ် ဘယ်လောက် ရောင်းရတယ်ဆိုတာတောင် ကျနော်တို့ကို အတိအကျမပြောဘူး။
ငွေစာရင်းရှင်းတမ်းလည်း မထုတ်ပေးဘူး။ တကယ်ရှုံးတယ်ဆိုရင် ကျနော်တို့မြို့ခံတွေ နားလည်လက်ခံနိုင်အောင် ငွေစာရင်းရှင်းတမ်းထုတ်ပေးရမှာပေါ့” လို့ ကိုသက်ဆွေက ဆက်ပြောပါတယ်။

ဌာနဆိုင်ရာတွေကလည်း ပွဲဖြစ်မြောက်ရေးအတွက် ကြော်ငြာဘုတ်တွေ အခမဲ့ထောင်ခွင့်၊ ဘောလုံးကွင်း အခမဲ့ငှားရမ်းခွင့်ရအောင် ၀ိုင်းဝန်း ကူညီပေးခဲ့ကြပါတယ် တဲ့။

လက်မှတ် ၁ စောင်ကို ၂,၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချတာဖြစ်တဲ့အတွက် စောင်ရေ ၂,၀၀၀ ရောင်းရမယ်ဆိုရင် မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေ ကျပ်သိန်း ၄၀ လောက် ရရှိမှာပါ။

ဘောလုံးပွဲအတွက် စပွန်ဆာကြေး သိန်း ၃၀ လောက် ရရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

အသေးစိတ်ပြောရရင် မြန်မာဘီယာက စပွန်ဆာ ကျပ် ၁၀ သိန်းကျော်၊ V စီးကရက်က ၅ သိန်း နဲ့ ပုသိမ်မြို့က စီးပွားရေးလုပ်ငန်း ၆ ခုက စပွန်ဆာ ကျပ် ၁၅ သိန်း တို့ ဖြစ်ပါတယ်။

အခုက ပွဲအတွက် ကုန်ကျတာက သိန်း ၆၀။
ကလေးတွေအတွက် လှူသွားတာက ၆ သိန်း။
၁၀ ဆ ၁ ဆ ကွာခြားပါတယ်။ ဆင်ဖိုးထက် ချွန်းဖိုးကြီးဆိုသလိုများ ဖြစ်နေမလားလို့ ဆိုသူက ဆိုပါတယ်။

၉ ရက်နေ့က ကျင်းပတဲ့ မိဘမဲ့ကလေးများ ရန်ပုံငွေဘောလုံးပွဲကို ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင် တက်ရောက်အားပေးခဲ့ပြီး တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေလည်း လာရောက်အားပေးခဲ့ကြပါတယ်။

ဘာသာပေါင်းစုံက ကလေးတွေအတွက်လုပ်တဲ့ပွဲဖြစ်လို့ ခရစ်ယာန်နဲ့ အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေပါ ဘောလုံးပွဲကို လာရောက်အားပေးကြပါတယ်။

ပရိတ်သတ်ဆိုရင်လည်း ပုသိမ်၊ ငပုတော၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း စတဲ့မြို့တွေကပါ လာရောက်အားပေးခဲ့ကြလို့ ဘောလုံးကွင်းထဲမှာ လူတွေ ပြည့်ကြပ်နေပြီး ဘောလုံးပွဲလာကြည့်တဲ့လူပေါင်း အနည်းဆုံး ၃,၅၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

“ဘောလုံးပွဲက စည်စည်ကားကားနဲ့ အောင်မြင်ပြီးသွားကာမှ လှူဒါန်းတဲ့အချိန်ကျတော့ ပုသိမ်က ဌာနဆိုင်ရာအကြီးအကဲတွေ၊ မြို့မိမြို့ဖတွေ၊ ပွဲဖြစ်မြောက်ရေး ကူညီပေးသူတွေ၊ ကျနော်တို့ Old Stars အသင်းကလူကြီးတွေ ဘယ်သူမှ မပါဘူး။ ဘယ်သူ့ကိုမှလည်း မတိုင်ပင်ဘူး။ ဖိတ်လည်း မဖိတ်ဘူး။ သူတို့လုပ်ချင်သလို လုပ်သွားတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်” လို့ Old Stars အသင်းနည်းပြ ဦးဝင်းသိန်းက ပြောပါတယ်။

န်ပုံငွေဘောလုံးပွဲကရရှိတဲ့ ငွေကြေးကို လာရောက် လှူဒါန်းပါတယ်လို့ အမည်တပ် ခဲ့ခြင်း မဟုတ်ဘဲ ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်နဲ့ ရဲမြင့်ထွန်း (ခေါ်) ရဲလေး တို့ ၂ ဦး နာမည်တပ်ပြီး ငွေလှူခဲ့တာဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။

“ကျနော်တို့က ကလေးတွေ ရန်ပုံငွေရပါစေတော့ဆိုပြီး ကိုယ့်ထမင်း ကိုယ်စားပြီး ကန်ပေးတာပါ။ ကျနော်တို့ Old Stars အသင်းအတွက် ပွဲစဉ်စီသူတွေ တပြားတချပ်မှ ကုန်ကျခြင်း မရှိပါဘူး။ ဘာသာပေါင်းစုံက မိဘမဲ့ကလေးတွေကို လှူပါ့မယ်လို့ ကြေညာထားပြီးကာမှ ဗုဒ္ဓဘာသာကျောင်းတကျောင်းပဲ ကွက်ပြီး လှူသွားတယ်။ အဲတော့ မြို့ခံဘာသာခြားတွေနဲ့ တွေ့တဲ့အခါ ကျနော်တို့က ဘယ်လိုမျက်နှာပြရမလဲ။ ခင်ဗျားတို့က ပြောတော့တမျိုး လုပ်တော့တမျိုး ဆိုပြီး အပြောခံရမယ့်ကိန်းဖြစ်နေပြီ” လို့ Old Stars အသင်းရဲ့ အတွင်းရေးမှူး ဦးအောင်သိန်းက ပြောပါတယ်။

ရုပ်ရှင်မင်းသားများဘောလုံးပွဲရဲ့ နောက်ဆက်တွဲအဖြစ်အပျက်တွေကို ပုသိမ်က တိုင်း/ခရိုင်/မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေကပါ သိရှိသွားပြီး စိတ်မကောင်း ဖြစ်နေကြောင်း သူတို့နဲ့ နီးစပ်သူတွေထံက သိရှိရပါတယ်။

ပုသိမ်မြို့ခံပွဲစဉ်သူတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး အများပြည်သူသိရှိနိုင်ရန်အတွက် သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်သွားမယ်လို့လည်း ပြောပါတယ်။


ဧရာဝတီblog

http://www.dmoethar.com/

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D