
အီးယူ(ဥရောပသမဂ္ဂ)မှ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူ ပြုစေရန် ကုန်သွယ်မှု အထူးအခွင့်အရေး ပြန်လည်ပေးအပ်ရန် ဇွန် ၁၂ ရက်က ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံကို ပိတ်ပင်ထားသော အခွင့်အရေးများ ပြန်လည်ပေးအပ်ရန် အတွက် အီးယူဥက္ကဋ္ဌ တာဝန်ယူထားသော အိုင်ယာလန် နိုင်ငံဝန်ကြီး Richard Bruton နှင့် ဥရောပ ပါလီမန်ဥက္ကဋ္ဌတို့က ပူးတွဲလက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
''မကြာသေးတဲ့ နှစ်အနည်းငယ်အတွင်း ဖြစ်ပေါ်တဲ့ မြန်မာရဲ့အပြုသဘော တိုးတက်မှုတွေအရ မြန်မာနိုင်ငံကို စီးပွားရေး တိုးတက်မှုတွေ၊ ဖွံ့ဖြိုးရေး အခွင့်အလမ်းတွေ ပေးအပ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ အပေါ် အီးယူအနေနဲ့ ထောက်ခံသွားဖို့ အရေးကြီးပါတယ်'' ဟု အိုင်ယာလန်နိုင်ငံ Job and Enterprise Minister Richard Bruton က ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အီးယူ၏ ကုန်သွယ်မှု အထူးအခွင့်အရေးကို ယခင်က ရရှိခဲ့ဖူးပြီး အဓမ္မ ခိုင်းစေမှုများကြောင့် ၁၉၉၇ ခုနှစ်မှစ၍ အဆိုပါ အခွင့်အရေးကို ပိတ်ပင်ခံရခြင်း ဖြစ်ပြီး လက်ရှိအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများအရ ပြန်လည်ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အီးယူသည် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ ဥရောပငါးနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီး ဧပြီလကတည်းက လက်နက်ရောင်းဝယ်မှုမှလွဲပြီး ကျန်ပိတ်ဆို့ အရေးယူမှုများအားလုံး ဖယ်ရှားပေးရန် သဘောတူညီခဲ့သည်။
အီးယူသည် ကုန်သွယ်မှု အထူးအခွင့်အရေးကို ဖွံ့ဖြိုးဆဲနိုင်ငံ ၂၇ နိုင်ငံအား ပေးအပ်ထားခြင်းဖြစ်ပြီး အခွန်လျှော့ပေါ့ခွင့်နှင့် ကုန်စည်များကိုသာ သတ်မှတ်ခွဲတမ်း တင်ပို့ခွင့်များ ပေးအပ်ခြင်းဖြစ်သည်။
အီးယူ၏ မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှု အခွင့်အရေး ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းကို ကြိုဆိုကြောင်း ဗြိတိန်အစိုးရ International Development ၀န်ကြီး Justine Greening က ကြိုဆိုကြောင်း ထုတ်ဖော် ပြောကြားသည်။
ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းသည် သတင်းကောင်း တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်ရန်၊ နှစ်များစွာ ဖြစ်ပေါ်ခဲ့သော ဆင်းရဲနွမ်းပါးမှုနွံထဲမှ ရုန်းထွက်နိုင်ရန်၊ ကုန်သွယ်မှုနှင့် ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရန်အတွက် အလွန်အရေးပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
EMG
အီးယူ၏ အခွန်လျှော့ပေါ့ သက်သာခွင့် ပြန်လည်ရရှိတော့မည့် မြန်မာအထည်ချုပ် စက်ရုံတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...