သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 13, 2013

ခွေးတွေသတ်လို့ ညီလေးသေ (အုပ်စုလိုက် ၀ိုင်းကိုက်ခြင်း)

ခွေးတွေသတ်လို့ ညီလေးသေ
--------------------------------

ညီလေးရေ ..
သွေးတွေကလဲ ရွှဲလို့
မင်းကို ခွေးတွေ ၀ိုင်းဆွဲကြသလိုပ
မင်းကျောပြင်မှာ ဒါးဓါဏ်ရာတွေ အထပ်ထပ်နဲ့ ...

ညီလေးရေ ...
မလေးဆိုတဲ့ အရပ်ကြီးမှာ ငါတို့ တစ်မိသားစုလုံးအကျိုးအတွက်
မင်းတစ်ယောက်တည်း အနစ်နာခံ
နေ့တိုင်းရုန်းလို့ ခါးကုန်းမတတ် မင်းရှာဖွေခဲ့။

မှန်မှန်မင်းပို့တဲ့ ငွေလေးတွေနဲ့
တို့အိမ်လေး ပြင်ဆောက်နိုင်ခဲ့တယ်။
တို့အမေ မျက်လုံးခွဲနိုင်ခဲ့တယ်။
တို့ညီမလေး ကျောင်းတက်နိုင်ခဲ့တယ်။
သြော် တန်ဘိုးရှိလှတဲ့ ငါ့ညီလေး။

ညီလေးရေ ...
တို့ဆီက အစွန်းရောက်တွေက သတ်ကြဖြတ်ကြအော်နေတော့
ညီလေးက စိုးရိမ်တကြီး ဖုန်းဆက်မေးခဲ့။
မလုပ်ကြပါနဲ့ အစ်ကိုတို့ရယ်တဲ့။

သမုတိအတွက် င၀က်က ဒါဏ်ခံတဲ့
ရှေးကစကားပုံအရှိသား
တိုင်းတပါးမှာ ခါးချိအောင် ကျွန်ခံနေရတဲ့ ငါ့ညီလေး
လက်စားချေခံရလို့ သေရှာပြီတဲ့။

လက်စားချေတယ်ဆိုရအောင်
ငါ့ညီလေးက အကြမ်းဖက်ခဲ့လို့လား။

လက်စားချေတယ်ဆိုရအောင်
ငါ့ညီလေးက ပတ်သက်ခဲ့လို့လား။

လောကကြီးထဲကနေ 
ငါ့ညီလေးအသေဆိုးနဲ့ ထွက်လိုက်ရတဲ့ အပြစ်က
မြန်မာ ဖြစ်နေလို့တဲ့လား ညီလေးရာ။

ဘယ်လောက်များ နာကျင်ခံစားရရှာလိမ့်မလဲ
ဓါးတွေနဲ့ ၀ိုင်းခုတ်ခံရစဉ် မင်းတစ်ယောက်တည်း။

ကြောက်လှချေရဲ့လို့ မင်းတွေးနေမလား?
တော်ကြာပါတော့ခင်ဗျာလို့ မင်းတောင်းပန်ခဲ့လေသလား?
ဒါပေမဲ့ မင်းကို သတ်တာ လူတွေမှ မဟုတ်ပဲ
အဲဒီခွေးတွေက လူစကားမတတ်ဘူး ညီလေးရယ်။

ဘယ်လောက်များ အသေပက်စက်လိုက်ပါသလဲ
မင်းခန္ဓာကို ...
အမှိုက်ပုံပေါ်မှာ ယုတ်ညံ့စွာ စွန့်ပစ်ခံရရှာပေါ့။

မသေမရှင်အခြေနေမှာ အလူးလူးအလိမ့်လိမ့်
မင်းဘယ်လောက်တောင် ဝေဒနာခံစားသွားရရှာမလဲ
ဒါပေမဲ့ အဲဒီခွေးတွေက မသနားတတ်ဘူး ညီလေးရယ်။

ညီလေးရေ ...
ညီလေးအကြောင်းကြားတော့
တို့မိသားစုတွေ ငိုမိကြတာ အူလှိုက်သည်းလှိုက်
အမေ တက်သွားလိုက်တာ ခုထိသတိပြန်မလည်သေးဘူး။
ညီမလေးက တစ်ချိန်လုံးငိုနေဆဲ ...
အစ်ကို ခြေဒရွတ်ဆွဲနေသူကြီး တစ်ယောက်တည်း
အရူးမီးဝိုင်းပေါ့။

ဒါပေမဲ့ ဘယ်လူကြီး သူကြီးကမှ 
ညီလေးအတွက် သနားကြောင်း မပြောကြပါ့လား။

ဘယ်အဖွဲ့စည်းကမှ 
မင်းအတွက် ၀မ်းနည်းကြောင်း မထုတ်ပြန်ပါ့လား။

ဘယ် ကမ္ဘာ့အစည်းအရုံးကမှ 
မင်းနဲ့မင်းလိုလူတွေအတွက် စိုးရိမ်မကင်း မရှိကြပါ့လား။

ထစ်ကနဲရှိ တို့ဆီပြေးလာ
ဟိုလို လုပ်ပါလား ဒီလို လုပ်ပါလားဆိုတဲ့ 
ဘင်္ဂလီကိုယ်စားလှယ်ကြီး ကန်တားနားလည်း
ပါးစပ်ကို ဒေါ်လာဆို့ထားတယ် ထင်ပါ့။

အေးဆေးတဲ့ ငါ့ညီလေး။
မိသားစုကို ရှာဖွေကျွေးခဲ့တဲ့ ငါ့ညီလေး။
ဘယ်တုန်းကမှ အကြမ်းဖက်မှုတွေနဲ့ 
မပက်သက်ခဲ့တဲ့ ငါ့ညီလေး။
ခုလို သေပုံနှမျောလှချေရဲ့။
လူကို ခွေးသတ်လေဘိခြင်း။

ဒီလောက်ဖြစ်တောင် ... အစွန်းရောက်တွေက
ရန်မီးတောက်ဖို့ မရှက်မကြောက်ထပ်အော်နေဆဲ
အစ်ကိုဆုတောင်းလိုက်ပါရဲ့
အဲဒီအစွန်းရောက်တွေ တူသောအကျိုးပေးကြပါစေရဲ့
စေတနာနဲ့ ထိုက်တန်သောအကျိုးပေးကြပါစေရဲ့ ... ။

ပြီးတော့ နောက်နောင် ဘ၀တွေဆက်တိုင်းမှာပဲ
မင်း ခုလို အပြစ်ပယ်ခံတိုင်းပြည်မျိုးမှာ ထပ်မမွေးဖွားလာပါစေနဲ့
ဒီ အစုတ်အပြတ်ဘ၀မျိုးက ၀ဋ်ကျွတ်သွားတယ်လို့သာ
(ဖြေသာအောင်)
သတ်မှတ်လိုက်ပါ့ရစေတော့ ညီလေးရယ် ...။

@[133596283409720:274:သွန်းနေစိုး]  @[100001659584575:2048:Thorn Nay 
Soe] 
------------------------------
--

ညီလေးရေ ..
သွေးတွေကလဲ ရွှဲလို့
မင်းကို ခွေးတွေ ၀ိုင်းဆွဲကြသလိုပ
မင်းကျောပြင်မှာ ဒါးဓါဏ်ရာတွေ အထပ်ထပ်နဲ့ ...

ညီလေးရေ ...
မလေးဆိုတဲ့ အရပ်ကြီးမှာ ငါတို့ တစ်မိသားစုလုံးအကျိုးအတွက်
မင်းတစ်ယောက်တည်း အနစ်နာခံ
နေ့တိုင်းရုန်းလို့ ခါးကုန်းမတတ် မင်းရှာဖွေခဲ့။

မှန်မှန်မင်းပို့တဲ့ ငွေလေးတွေနဲ့
တို့အိမ်လေး ပြင်ဆောက်နိုင်ခဲ့တယ်။
တို့အမေ မျက်လုံးခွဲနိုင်ခဲ့တယ်။
တို့ညီမလေး ကျောင်းတက်နိုင်ခဲ့တယ်။
သြော် တန်ဘိုးရှိလှတဲ့ ငါ့ညီလေး။

ညီလေးရေ ...
တို့ဆီက အစွန်းရောက်တွေက သတ်ကြဖြတ်ကြအော်နေတော့
ညီလေးက စိုးရိမ်တကြီး ဖုန်းဆက်မေးခဲ့။
မလုပ်ကြပါနဲ့ အစ်ကိုတို့ရယ်တဲ့။

သမုတိအတွက် င၀က်က ဒါဏ်ခံတဲ့
ရှေးကစကားပုံအရှိသား
တိုင်းတပါးမှာ ခါးချိအောင် ကျွန်ခံနေရတဲ့ ငါ့ညီလေး
လက်စားချေခံရလို့ သေရှာပြီတဲ့။

လက်စားချေတယ်ဆိုရအောင်
ငါ့ညီလေးက အကြမ်းဖက်ခဲ့လို့လား။

လက်စားချေတယ်ဆိုရအောင်
ငါ့ညီလေးက ပတ်သက်ခဲ့လို့လား။

လောကကြီးထဲကနေ
ငါ့ညီလေးအသေဆိုးနဲ့ ထွက်လိုက်ရတဲ့ အပြစ်က
မြန်မာ ဖြစ်နေလို့တဲ့လား ညီလေးရာ။

ဘယ်လောက်များ နာကျင်ခံစားရရှာလိမ့်မလဲ
ဓါးတွေနဲ့ ၀ိုင်းခုတ်ခံရစဉ် မင်းတစ်ယောက်တည်း။

ကြောက်လှချေရဲ့လို့ မင်းတွေးနေမလား?
တော်ကြာပါတော့ခင်ဗျာလို့ မင်းတောင်းပန်ခဲ့လေသလား?
ဒါပေမဲ့ မင်းကို သတ်တာ လူတွေမှ မဟုတ်ပဲ
အဲဒီခွေးတွေက လူစကားမတတ်ဘူး ညီလေးရယ်။

ဘယ်လောက်များ အသေပက်စက်လိုက်ပါသလဲ
မင်းခန္ဓာကို ...
အမှိုက်ပုံပေါ်မှာ ယုတ်ညံ့စွာ စွန့်ပစ်ခံရရှာပေါ့။

မသေမရှင်အခြေနေမှာ အလူးလူးအလိမ့်လိမ့်
မင်းဘယ်လောက်တောင် ဝေဒနာခံစားသွားရရှာမလဲ
ဒါပေမဲ့ အဲဒီခွေးတွေက မသနားတတ်ဘူး ညီလေးရယ်။

ညီလေးရေ ...
ညီလေးအကြောင်းကြားတော့
တို့မိသားစုတွေ ငိုမိကြတာ အူလှိုက်သည်းလှိုက်
အမေ တက်သွားလိုက်တာ ခုထိသတိပြန်မလည်သေးဘူး။
ညီမလေးက တစ်ချိန်လုံးငိုနေဆဲ ...
အစ်ကို ခြေဒရွတ်ဆွဲနေသူကြီး တစ်ယောက်တည်း
အရူးမီးဝိုင်းပေါ့။

ဒါပေမဲ့ ဘယ်လူကြီး သူကြီးကမှ
ညီလေးအတွက် သနားကြောင်း မပြောကြပါ့လား။

ဘယ်အဖွဲ့စည်းကမှ
မင်းအတွက် ၀မ်းနည်းကြောင်း မထုတ်ပြန်ပါ့လား။

ဘယ် ကမ္ဘာ့အစည်းအရုံးကမှ
မင်းနဲ့မင်းလိုလူတွေအတွက် စိုးရိမ်မကင်း မရှိကြပါ့လား။

ထစ်ကနဲရှိ တို့ဆီပြေးလာ
ဟိုလို လုပ်ပါလား ဒီလို လုပ်ပါလားဆိုတဲ့
ဘင်္ဂလီကိုယ်စားလှယ်ကြီး ကန်တားနားလည်း
ပါးစပ်ကို ဒေါ်လာဆို့ထားတယ် ထင်ပါ့။

အေးဆေးတဲ့ ငါ့ညီလေး။
မိသားစုကို ရှာဖွေကျွေးခဲ့တဲ့ ငါ့ညီလေး။
ဘယ်တုန်းကမှ အကြမ်းဖက်မှုတွေနဲ့
မပက်သက်ခဲ့တဲ့ ငါ့ညီလေး။
ခုလို သေပုံနှမျောလှချေရဲ့။
လူကို ခွေးသတ်လေဘိခြင်း။

ဒီလောက်ဖြစ်တောင် ... အစွန်းရောက်တွေက
ရန်မီးတောက်ဖို့ မရှက်မကြောက်ထပ်အော်နေဆဲ
အစ်ကိုဆုတောင်းလိုက်ပါရဲ့
အဲဒီအစွန်းရောက်တွေ တူသောအကျိုးပေးကြပါစေရဲ့
စေတနာနဲ့ ထိုက်တန်သောအကျိုးပေးကြပါစေရဲ့ ... ။

ပြီးတော့ နောက်နောင် ဘ၀တွေဆက်တိုင်းမှာပဲ
မင်း ခုလို အပြစ်ပယ်ခံတိုင်းပြည်မျိုးမှာ ထပ်မမွေးဖွားလာပါစေနဲ့
ဒီ အစုတ်အပြတ်ဘ၀မျိုးက ၀ဋ်ကျွတ်သွားတယ်လို့သာ
(ဖြေသာအောင်)
သတ်မှတ်လိုက်ပါ့ရစေတော့ ညီလေးရယ် ...။

သွန်းနေစိုး Thorn Nay Soe

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D