၉.၆.၂ဝ၁၃ ရက်နေ့တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အနုပညာရှင် သရုပ်ဆောင် ကိုနေထူးနိုင်နှင့်ဇနီး တေးသံရှင် မမြသင်းချယ် (မိသားစု)တို့မှ နာရေးကူညီမှုနှင့်အခြားသော လူမှုရေးများ အတွက် အလှူငွေ ၃ဝဝဝဝဝိ/- (သုံးသိန်း) ကျပ်တိတိအား လာရောက်လှူဒါန်းခဲ့သည်။
ကိုနေထူးနိုင်သည် လွန်ခဲ့သော တစ်ပါတ်ခန့်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဗီဒီယို ဇာတ်ဝင်ခန်းတခုအား လာရောက် ရိုက်ကူးခဲ့ရာ အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အားပေးကူညီလိုစိတ်များ ဖြစ်ပေါ်ကာ ယခု ကဲ့သို ဇနီးဖြစ်သူ မမြသင်းချယ်၏ မွေးနေ့နှင့် ၁၄.၆.၂ဝ၁၃ သောကြာနေ့တွင် Central Hotel တွင် စီးရီး သီချင်းခွေ မိတ်ဆက်ပွဲပြုလုပ်မည့် သူမ၏ “မောင်အရင်လိုမဟုတ်တော့ဘူး” အမည်ရှိ CD, DVD KAEAOKE အခွေထွက်ရှိမည့် အထိမ်းအမှတ်အဖြစ် လာရောက်လှူဒါန်းခြင်း ဖြစ်သည်။
ထိုကဲ့သို့သော ပရိတ်သတ်၏ အားပေးမှုဖြင့် အနုပညာလောကတွင် လျှောက်လှမ်းနေကြသော အနုပညာရှင်များ အနေ ဖြင့် ယခုကဲ့သို့ အများပြည်သူအကျိုးလုပ်ငန်းများအား လှူဒါန်းခြင်းသည် ပရိသတ်အား ကျေးဇူးဆပ်ခြင်း ပင်ဖြစ်သည်ဟု ကျွန်တော်တို့ လူမှုရေးသမားများ ခံယူမိပါသည်။
ထိုကြောင့် ပရိသတ်များအတွက် ကျေးဇူးဆပ်သောအားဖြင့် နာရေးကူညီမူအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ငန်းများအတွက် လာရောက်လှူဒါန်းခဲ့ကြသော သရုပ်ဆောင် ကိုနေထူးနိုင်နှင့် တေးသံရှင် မမြသင်းချယ် မိသားစုတို့၏ မြင့်မြတ်သောအလှူဒါနအား အနုပညာချစ်သော ပရိသတ်တို့အား မျှဝေ မုဒိတာပွားစေနိုင်ဖို့ နာရေးကူညီမူအသင်း(ရန်ကုန်)ကသတင်းထုတ်ပြန်ပါသည်။
Popular Journal


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...