
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသား ၁၈၀ ဦးသည် ဇွန် ၁၅ ရက်တွင် MAI လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့ သို့ စတင်ရောက်ရှိမည် ဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ Marketing Manager မအေးမရသာ ၏ ပြောကြားချက်အရ သိရသည်။
လေယာဉ်လက်မှတ်ခကို ၅၀ ရာခိုင်နှုန်း လျှော့ရောင်းတယ် ဆိုပေမယ့် အမေရိကန်ဒေါ်လာ ၇၀ နဲ့ ရောင်း ချခဲ့ တာပါ။ ပုံမှန်ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂၀၀ ခန့် ကျသင့်ပြီး ထက်ဝက်လျှော့လိုက်ရင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော် ကျသင့်မှာ ဖြစ်ပေမယ့် ၇၀ နဲ့ပဲ ရောင်းခဲ့တာပါ။ အစောဆုံး ခရီးစဉ်က ဇွန်လ ၁၅ ရက်နေ့ ဖြစ်ပါတယ် . . . . .
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံ သားများအတွက် MAI လေကြောင်းလိုင်းမှ ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်အတွက် လေယာဉ်လက်မှတ် ဈေးနှုန်းအား ဇွန်လ ၁၂ ရက်မှစ၍ ထက်ဝက်လျှော့ချ၍ ရောင်းချခဲ့ရာ အဆိုပါနေ့ တစ်ရက်တည်းတွင်ပင် ခရီးသည် ၁၈၀ ဦးဆံ့ Airbus A 320 တစ်စင်းအပြည့် ခရီးသည် ရရှိခဲ့ကြောင်း သိရသည်။
"လေယာဉ်လက်မှတ်ခကို ၅၀ ရာခိုင်နှုန်း လျှော့ရောင်းတယ် ဆိုပေမယ့် အမေရိကန်ဒေါ်လာ ၇၀ နဲ့ ရောင်းချခဲ့တာပါ။ ပုံမှန်ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂၀၀ ခန့် ကျသင့်ပြီး ထက်ဝက်လျှော့လိုက်ရင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော် ကျသင့်မှာ ဖြစ်ပေမယ့် ၇၀ နဲ့ပဲ ရောင်းခဲ့တာပါ။ အစောဆုံး ခရီးစဉ်က ဇွန်လ ၁၅ ရက်နေ့ ဖြစ်ပါတယ်" ဟု မအေးမရသာက ဆိုသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ ရောက်ရှိနေသော မြန်မာလူမျိုးများကို အကြမ်းဖက်မှု ဖြစ်စဉ်များ ဆက် တိုက်ဖြစ်ပွား နေရသည့် အချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မြန်မာလူမျိုးများ အဆင်ပြေစေရန် အတွက် MAI လေကြောင်းလိုင်းမှ ယခုကဲ့သို့ လေယာဉ်လက်မှတ် ဈေးနှုန်းအား ထက်ဝက်လျှော့ ချ ပေးနေခြင်း ဖြစ်သည်။
EMG


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...