သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 13, 2013

လူအခွင့်အရေး သမား နိုဘယ်ဆုရှင်ကြီးများ မသိချင်ယောင်ဆောင်နေသည့် မလေးရှားရောက် မြန်မာလူမျိုးများရဲ့ အခြေအနေ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးဇင်ယော်နဲ့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းတို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၁၂ ရက် နေ့လည်ပိုင်းက ကာပုန်း(Kepong) ရပ်ကွက်က ဆမ်နပ်ဆမ်ဘောဓိ (Samnak Sambodhi) မြန်မာဘုန်းတော်ကြီးကျောင်းကို ရောက်ရှိသွားပြီး၊ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ရန်ရှာတိုက်ခိုက်မှုတွေကြောင့် လာရောက်ခိုလှုံနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဆရာတော် ဒေါက်တာ အိန္ဒက ဦးစီးတဲ့ လူမှုရေးအဖွဲ့ဝင်တွေကို တွေ့ဆုံအားပေးခဲ့ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ အတူ မကြာခင်ကမှ မြန်မာနိုင်ငံမှာ ဖွဲ့စည်းခဲ့တဲ့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF ဥက္ကဌ ဦးမင်းလှိုင်နဲ့ တခြားအဖွဲ့ဝင်တွေလည်းပါဝင်ပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၁၄ ရက်နေ့မှာ မလေးရှားအစိုးရအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ဒီအတောအတွင်း မနေ့ညနေပိုင်းမှာ ကွာလာလမ်ပူမှာရှိတဲ့ မြန်မာလူမှုကူညီရေးအသင်းကို မြန်မာနိုင်ငံသားတချို့က အလှူငွေများပေးအပ်ခဲ့ပါတယ်။

မြန်မာလူမှုကူညီရေးအသင်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဆန်းဝင်းက အလှူရှင်တချို့ရဲ့အမည်ကိုပြောကြားရင်း လက်ခံရရှိတဲ့အလှူငွေတွေကို ပွင်းလင်းမြင်သာစွာအသုံးပြုမယ်လို့ RFA ကို ပြောပါတယ်။

"ကမ္ဘောဇဘဏ်က ဦးအောင်ကိုဝင်းက ဒေါ်လာ ၅၀၀၀၀ ၊နောက်တစ်ခု ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဌ ဦးဇော်ဇော်က ဒေါ်လာ ၂၀၀၀၀၊ Eleven Media Group က ဒေါ်လာ ၁၀၀၀ လှုထားပါတယ်၊ အားလုံးပေါင်း ဒေါ်လာနဲ့ဆိုရင် ၇၁၀၀၀ လှူထားပါတယ်၊ ဒီငွေတွေနဲ့ သေဆုံးသွားတဲ့သူတွေအတွက်သုံးမယ်၊ ကျန်ရစ်တဲ့မိသားစုတွေကို ထောက်ပံ့ကူညီမယ်၊ ဒဏ်ရာရတဲ့သူတွေကို သူတို့ရဲ့စားရိတ်စက ရှင်းပေးမယ်၊ ကျွန်တော်တို့ အလှုငွေပေးခိုင်းတဲ့အချိန်မှာ လက်ခံသူတွေကို လက်မှတ်တွေထိုးထားခိုင်းမယ်၊ အလှူရှင်တွေကို သိသာအောင် ထင်ရှားအောင်ပြမယ်၊ facebook တွေပေါ်မှာလည်းတင်ပြဖို့ စီစဉ်ထားပါတယ်"

အခုလို မလေးရှားရောက် မြန်မာနိုင်ငံသားများကို မွတ်ဆလင်များက ရိုက်နှက်နေမှုကို ဘာသာရေးနဲ့ လူမှုရေးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ ကွာလာလမ်ပူမြို့မှာ ၁ဝ နှစ်ကျော်နေထိုင်ခဲ့တဲ့ မြန်မာမွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟာမက်နာအင်းက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း စိုးရိမ်တကြီး မြန်မာပြည် ပြန်လိုသူတွေထံကနေ ပွဲစားတွေက CI လို့ခေါ်တဲ့ လက်မှတ်အတွက် တရားဝင်ပေးရမယ့် ရင်းဂစ် ၄ဝဝ အစား ၁၅ဝဝ တောင်းနေတယ်လို့လည်း ကျယ်ကျယ်ပျံပျံ့ထွက်နေပါတယ်။

တချို့အောက်လမ်းလို့ခေါ်တဲ့ ကားလမ်းကနေ ရင်းဂစ် ၉၅ဝ နဲ့ ပြန်ကြမယ်လို့ပြောကြပါတယ်။

မြန်မာနိုင်ငံကို တကယ်ပြန်ဖို့ လိုတယ်ဆိုရင်လဲ ဘယ်လိုပြန်မလဲဆိုတာကို သေချာစဉ်းစားဖို့လိုတယ်လို့ စင်္ကာပူနိုင်ငံကနေ လာရောက်ပြီး မြန်မာတွေကို ကူညီနေတဲ့လုပ်ငန်းရှင် ဒေါ်နီလာအောင်က ပြောပါတယ်။

"လာတော့ကလဲ အန္တာရာယ်တောကလာတယ်၊ ပြန်တော့လဲ အန္တာရာယ်တောထဲက ပြန်မယ်ဆိုရင် အများကြီးဆုံးရှုံးနိုင်ပါတယ်၊ ကိုယ့်ဘာသာကိုယ် အလုပ်ရှင်နဲ့ ညှိနှိုင်းပြီး အလုပ်လုပ်မယ်ဆိုရင် ဒီပြဿနာ တအားကြီးကြီးမားမား မဖြစ်နိုင်ပါဘူး၊ ကြောက်လန့်တကြားနဲ့ ပြန်တာတို့ သံရုံးနဲ့ဆက်သွယ်ပြီး တစ်ခုခုလုပ်တာတို့ဆိုရင် ကြားထဲမှာ Third Party တွေရှိတော့ သူတို့ပိုပြီးများ ဆုံးရှုံးမလား"

အခုလိုသေဆုံးဒဏ်ရာရသူတွေကို ကူညီအားပေးစကားပြောရမယ့်အစား အမြဲလိုလိုကြားရတတ်တဲ့ သံရုံးပွဲစားတွေရဲ့အရေးအခင်းပေါ်က အမြတ်ထုတ်တာကို မခံရအောင် ဆရာတော်တွေနဲ့ လူမှုရေးအဖွဲ့တွေက ကြိုးစားနေကြပါတယ။်



(RFA)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D