မန္တလေး ၊ ၁၃-၆-၂၀၁၃
မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ် ၊ မန္တလေး ဘူတာကြီး၌ ဇွန်လ ၁၁ ရက်နေ့ ည ၆ နာရီ မိနစ် ၅၀ တွင် မန္တလေး - မြစ်ကြီးနား အမှတ် ၅၅ အဆန် ရိုးရိုးတန်း ၊ တွဲအမှတ် ၇ ၌ အမျိုးသမီး တစ်ဦးထံမှ မူးယစ်ဆေးဝါး များ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ် ၊ မန္တလေး ဘူတာကြီး၌ ဇွန်လ ၁၁ ရက်နေ့ ည ၆ နာရီ မိနစ် ၅၀ တွင် မန္တလေး - မြစ်ကြီးနား အမှတ် ၅၅ အဆန် ရိုးရိုးတန်း ၊ တွဲအမှတ် ၇ ၌ အမျိုးသမီး တစ်ဦးထံမှ မူးယစ်ဆေးဝါး များ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေး ဘူတာကြီး ၊ အမှတ်(၁) စင်္ကြန်တွင် တွဲဆိုင်း ထိုးထားသော ည ၇ နာရီ ၁၀ မိနစ်တွင် ထွက်ခွာမည့် မန္တလေး - မြစ်ကြီးနား ၊ အမှတ် ၅၅ အဆန် ၊ ရိုးရိုးတန်း ၊ တွဲအမှတ် ၇ ၊ ခုံအမှတ် ၃၃ သို့ ခရီးဆောင် အိတ်နှင့် အချိုရည်ဖာတို့အား ဆွဲကိုင်၍ တက်လာသော ခရီးသည် အမျိုးသမီး မယာဆနာ ၃၇ နှစ် (ဘ) ဦးငွါးတား ( ၁၃ /မမတ - နိုင် ၀၄၇၁၇၀ ) လီဆူးလူမျိုး ( လွယ်ရွက်ကျေးရွာ ၊ မိုးမိတ် မြို့နယ် ၊ ရှမ်းပြည်နယ် မြောက်ပိုင်း နေသူ ) အား မသင်္ကာ၍ မီးရထား ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးရာ မယာဆနာ ကိုင်ဆောင်သော ခရီးဆောင် ဘီးတပ် အညိုရောင် လက်ဆွဲအိတ် အတွင်း အ၀တ်များနှင့် ရော၍ ထည့်ထားသော Good Morning တံဆိပ်ပါ မုန့်ပုံးအတွင်း အဖြူရောင် ပလတ်စတစ်အိတ် အကြည်ထုတ် နှင့် ထည့်ထားသော ဘိန်းဖြူ အမှုန့် တစ်ထုတ်လျှင် ၁၂၈ ဂရမ်ပါ (၁၆)ထုတ် ၊ New စာတမ်းပါ အချိုရည်ဖာ အတွင်းမှ အချိုရည် သံဗူး တစ်ဗူးစီတွင် အဖြူရောင် ပလတ်စတစ် အိတ်ဖြင့် ထုတ်ထားသော တစ်ထုတ်လျှင် ၁၂ ဂရမ်ပါ (၆)ဗူး ၊ စုစုပေါင်း အလေးချိန် ၂၆၄ ဂရမ်ခန့် ၊ ကာလတန်ဖိုး စုစုပေါင်း ကျပ်သိန်း ၂၁,၁၂၀,၀၀၀ ဖြစ်ကြောင်း နှင့် တရားခံ မယာဆနာ အား မန္တလေး ရဲစခန်းမှ မယမ ၁၇/၂၀၁၃ ဖြင့် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေတတ်သော ပုဒ်မ ၁၅ /၁၉ (က) အရ အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။
မန္တလေး ဘူတာကြီး ရဲစခန်း မှ ၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီလမှ စ၍ ဇွန်လ ၁၂ ရက်နေ့ အထိ ဖမ်းဆီးရမိ ခဲ့သော မူးယစ်ဆေးဝါး အမှုပေါင်း ၁၇ မှုရှိခဲ့ပြီး မူးယစ် ဆေးဝါး ကာလတန်ဖိုး စုစုပေါင်း ၃၆၃,၀၀၃,၀၅၆ ဖြစ်ကြောင်း သိရှိရသည်။
မြဝတီ မှ


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...