သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 15, 2013

'၀' ပြည်နယ်တောင်းဆိုမှု ပေးနိုင်၊ မပေးနိုင် ဆိုခြင်းမှာ ပြည်သူများ၏ ဆန္ဒနှင့်သာ ဆိုင်ကြောင်း RCSS/SSA ဥက္ကဋ္ဌ ပြောကြား 6.14.20

6.14.20
'၀' သွေးစည်း ညီညွတ်ရေးပါတီမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအား '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ပြည်နယ် အဆင့်သို့ တိုးမြှင့်တောင်းဆို မှုအား ပေးနိုင်မပေးနိုင်မှာ ပြည်သူများ၏ ဆန္ဒနှင့်သာ ဆိုင်ကြောင်း RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် နိုင်ငံရေး ပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများ တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြန် လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

'' '၀' သွေးစည်းညီညွတ်ရေး တပ်မတော်ပေါ့။ သူတို့က ပြည်နယ်တောင်း တယ် ဆိုတဲ့နေရာမှာ သူတို့ရဲ့ အခွင့်အရေး တစ်ခုပါပဲ။ ဒါပေမဲ့ ပေးနိုင်မနိုင် ကတော့ ပြည်သူတွေရဲ့ ဆန္ဒသဘောထားပေါ်မှာပဲ မူတည်ရမှာ ဖြစ်ပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်က ပြောကြားသည်။

မေ ၁၀ ရက်က ရှမ်းပြည်နယ် '၀' အထူးဒေသ(၂)ပန်ဆန်းမြို့ တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သည့်အဖွဲ့နှင့် '၀' ပြည် သွေးစည်း ညီညွတ်ရေးပါတီတို့ တွေ့ဆုံရာတွင် '၀'ပြည် သွေးစည်းညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးရှောင်းမီလျံက '၀'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ခွင့်ပြုပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

'၀'သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် '၀'သွေးစည်း ညီညွတ်ရေး ပါတီ၏ လက်အောက် တွင်ရှိပြီး လက်နက်ကိုင် အင်အား ၃၀၀၀၀ ကျော်ခန့်နှင့် အရန်ပြည်သူ့စစ်အင်အား ၁၀၀၀၀ ကျော်ခန့်ရှိ သည်။

'၀' ပြည်နယ် တောင်းဆိုမှုသည် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည် ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ် ထားပြီး တရုတ်နိုင်ငံမှ '၀'သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အား စစ်ရဟတ် ယာဉ်များ ထောက် ပံ့ပေးပို့ခဲ့သည်ဟု ပြီးခဲ့သည့် ဧပြီလအတွင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ စစ်ရဟတ်ယာဉ် ပေးပို့သည့်ကိစ္စမှာ မဟုတ်မှန်ကြောင်းနှင့် ပြင်းပြင်း ထန်ထန် ကန့်ကွက်ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ မေ ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး '၀'ပြည် သွေးစည်း ညီညွတ်ရေး ပါတီမှလည်း မေ ၁၀ ရက်နေ့တွင် ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံ ရာတွင် ဒေသတွင်း သဘာဝဥယျာဉ် တည်ဆောက်ရာ၌ အသုံးပြုရန် အင်ဂျင်မပါသော ရဟတ်ယာဉ် တစ်စင်း၊ ဖော်ကာလေယာဉ် တစ်စင်းနှင့် သင်္ဘောတစ်စင်းအား ထိုင်းနိုင်ငံမှ ၀ယ်ယူခဲ့ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D