သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 15, 2013

ကားသမားတို့ တာဝန်



ရေးသားသူ= ရှင်သန်
အောက်က ပုံတွေကတော့ ခရီးသွားရင်း တွေ့ခဲ့ရတဲ့ ကားတိုက်မှုလေးပါ။(16.5.2013 နေ့ပါ)
မှတ်မှတ်ရရ မဟာစင်မုန်းတိုင်း တိုက်မည့်နေ့ပေါ့။
နေရာအတိကျကိုတော့ မမှတ်မိလိုက်ပါ။ တောင်ငူ အကျော် ကေတုမတီမြို့အ၀င်လား၊ အထွက်လား မမှတ်မိတော့ဘူး။

ရန်ကုန်-မန္တလေး လမ်းဟောင်းပါ။
ကားလေးက စားသေက်ဆိုင်ထဲ ထမင်းစားဖို့ ရပ်တုန်း ကားကြီး(၂၂ ဘီး) က လမ်းလျှော်ပြီး ကားလေးကို ဖြတ်ရမ်းတိုက်လိုက်တာ။ ကားလေးပေါ် ပါတဲ့သူတွေကတော့ ဆင်းတောင် မဆင်းရသေးဘူးတဲ့။ ဒါပေမယ့် ကံကောင်းတော့ ပြင်းထန်စွာ ဒဏ်ရာ မရကြပါဘူး။ ကားလေးကတော့ မြင်တဲ့အတိုင်းပဲပေါ့။ အဲ့ဒီကားလေးက တစ်ဆင့် ဆိုင်ကယ်တွေကို ထပ်ပိကုန်တယ်။
လျှပ်စစ်က ဆိုင်ကယ်တွေလို့ သိရတယ်။ အဲ့ဒီဆိုင်ကယ်တွေသာ ကြမ်းတုံးသဘော မခုမိရင် ဆိုင်ထဲထိ ၀င်နိုင်တယ်လို့ ပြောသံလည်း ကြားခဲ့ရတယ်။ ကားတွေ အထိုက်လျှောက် များလာတာနဲ့အမျှ ကားတိုက်မှုတွေလည်း တိုးနေဆဲပဲ။ သင်္ကြန်းကာလ ဧပြီလ တစ်လထဲမှာတင် ကားတိုက်မှုတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄၀၀ လို့ ဖတ်လို့ရတယ်။ ကြားကြားချင် အံ့သြမိလေစွ။ အသက်တွေကို အလကား စတေးလိုက်ရတာ။ နိုင်ငံအတွက်လည်း မဟုတ်။ လူမျိုးအတွက်လည်း မဟုတ်။ ရင်နာဖို့ ကောင်းတယ်။ ဇာတိရွာမှာ ကားလမ်းဘေး အိမ်တွေထဲကို ကုန်ကားကြီး ၀င်တိုက်တာ အိမ်သုံးလုံးလောက်ပါသွားတယ်။ ညကြီးပေါ့။ ကားသမားကတော့ ထုံးစံအတိုင်း မူးပြီး မောင်းလာလို့ပေါ့။ သူတို့လည်း ကံကောင်းတယ်လို့ ပြောရမယ်။ မသေကြဘူးတဲ့။ ဒဏ်ရာတွေတော့ ပြင်းထန်စွာ ရကြတယ်။ အိမ်တွေတော့ ပြိုကုန်တယ်။ ကားသမားတွေ မူးလို့၊ အိပ်ငိုက်လို့၊ အတင်းကြောတက်၊ အတင်းလုမောင်းတွေကြောင့် ကားတိုက်မှုတွေ ဖြစ်တာများတယ်။ စက်ချို့ယွင်းလို့ ဖြစ်တာ နဲတယ်။ ကားသမားတွေဟာ စိတ်ရှည်ရမယ်၊ သည်းခံရမယ်။ သတိကြီးကြီးထားရမယ်။ မထားသင့်တဲ့ မာနတွေ ပေါ်လာရင် ထိန်းချုပ်ရမယ်။ မထားသင့်တဲ့ မာနတွေ ထားပြီး ပြိုင်မောင်းလို့ တိုက်မှုတွေလည်း အကြိမ်ကြိမ်ပဲ။ ခရီးသည်ကားသမားတွေဆို ပိုသတိထားရမယ်။ ကိုယ့်လက်ထဲမှာ အသက်ပေါင်းများစွာ တင်လာတာ။ သူတို့မှာ အလွှာအသီးသီး မိသားစုတွေ ရှိတယ်။ ကိုယ် တစ်ယောက်ထဲကတော့ ဘီးကျွတ်အောင် မောင်းချင်ရင်လည်း မောင်းပေါ့။ ကားသမားတိုင်း ကားပေါ် တက်လိုက်တာနဲ့ ကိုယ့်စိတ်ကို ကိုယ်တိုင် သတိပေးသင့်းတယ်။ ဘေးကင်းဖို့က ပထမ၊ လိုရာခရီး ရောက်ဖို့က ဒုတိယ။ ဒီလိုမှ မဟုတ်ရင်တော့ သောက တစ်သီကြီး၊ မျက်ရည်တွေ တရွှဲရွှဲ၊ နောက်ဆက်တွဲ ပြဿနာတွေက တစ်ခုပြီး တစ်ခုပဲ။
ဆရာကြီးအထာနဲ့ ပြောခြင်း မဟုတ်ပါ။ တွေ့ကြုံ ကြားသိရတာတွေကို မခံစားနိုင်လွန်းလို့ပါ။
အားလုံး ဘေးကင်းပျော်ရွှင်ကြပါစေ..
 
ရှင်သန်

 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D