သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, June 14, 2013

ကမ္ဘောဇကုမ္ပဏီအုပ်စု MAI လေကြောင်းလိုင်းကိုရာနှုန်းပြည့်ပိုင်ဆိုင်ပြီ

https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-ash4/p480x480/1001174_429337043830799_1302737009_n.jpg
နိုင်ငံတော်အစိုးရနှင့် အ ကျိုးတူဆောင်ရွက်နေသော အပြည် ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI ကို ကမ္ဘောဇကုမ္ပဏီအုပ်စုက ၁၀၀ရာခိုင်နှုန်း (တစ်ဦးတည်းပိုင်) ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ ဒါရိုက်တာ ဦးညိုမြင့်ကပြောသည်။

“ပြီးခဲ့တဲ့လကမှ MIC (ရင်းနှီးမြှုပ်နှံမှုကော်မရှင်)က ခွင့်ပြုပေးလိုက်တာပါ”ဟု ဦးညိုမြင့်ကပြောသည်။

နိုင်ငံတော်ပိုင်ဖြစ်ခဲ့သော MAI လေကြောင်းလိုင်းကို ၂၀၁၀ ပြည့်နှစ်ဆန်းပိုင်းမှစ၍ ကမ္ဘောဇကုမ္ပဏီအုပ်စုမှ ၈၀ ရာခိုင်နှုန်း၊ အစိုးရမှ ၂၀ ရာခိုင်နှုန်းဖြင့် ပူးတွဲလုပ်ဆောင်ခဲ့သည်။

MAI လေကြောင်းလိုင်းကို တိုးချဲ့ကာနိုင်ငံတကာလေကြောင်းလိုင်းများနှင့် ပူးပေါင်းဆောင်ရွက်လိုသဖြင့် တစ်ဦးတည်းပိုင်ခွင့်ပြုပေးရန် တောင်းဆိုခဲ့ရာမှ သက်ဆိုင်ရာက မေလမှစ၍ တစ်ဦးတည်းပိုင်ခွင့် ပြုပေးလိုက်ခြင်းဖြစ်ကြောင်း ဦးညိုမြင့်ကပြောသည်။

ထို့ကဲ့သို့ တစ်ဦးတည်းပိုင်လေကြောင်းလိုင်းဖြစ်သွားသဖြင့် ထူးကုမ္ပဏီအုပ်စုပိုင် အဲပုဂံလေကြောင်းလိုင်းမှ ငှားရမ်းထားသော လေယာဉ်များ ဆက်လက်မငှားရမ်းတော့ကြောင်း ဦးညိုမြင့်ကဆိုသည်။

“တစ်ဦးတည်းပိုင် ဖြစ်သွားတော့ ဆုံးဖြတ်ချက်ပိုင်းမှာ အဓိက ကွာသွားမှာပေါ့”ဟု အဲအေးရှားလေကြောင်းလိုင်းက အဆင့်မြင့်အရာရှိ တစ်ဦးကပြောသည်။

MAI လေကြောင်းလိုင်းမှာ ကမ္ဘောဇကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ပြီးနောက်ပိုင်း လေယာဉ်အသစ်များတိုးချဲ့ဝယ်ယူလာခဲ့ပြီး လက်ရှိတွင် အဲဘက်စ်ကိုးစီးပိုင်ဆိုင်ထားပြီဖြစ်သည်။

လက်ရှိတွင် အဆိုပါ လေ ကြောင်းလိုင်းသည် ပြည်ပနိုင်ငံ ၇ နိုင်ငံသို့ ပျံသန်းနေပြီး ဂျက်စတာ၊ ကိုရီးယားနှင့် အေးရှားနား လေ ကြောင်းလိုင်းများနှင့် Code Share လုပ်ထားကြောင်း အဆိုပါ လေကြောင်းလိုင်းမှဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာကပြောသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

7Day News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D