သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 13, 2013

မြန်မာနိုင်ငံကို ပိုင်ဆိုင်တာ သိန်းစိန်လား။

မြန်မာနိုင်ငံ လွတ်လပ်ရေးကြေညာစာတမ်း (မြန်မာသက္ကရ်ာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ် သက္ကရာ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်) ပါ အပိုဒ် (၅) တွင် - “ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။ မည်သူ တဦး တယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်း မဟုတ်။

 မည်သူ တဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံ မဟုတ်။ အတိတ်ကာလက၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာ လတ္တံ့သောအနာဂတ်ကာလ၌၎င်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်ဟူသော လူ့ ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအ၀ှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက် မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြား သတ်မှတ် တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့် သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ” ဟု အတိအလင်း ဖေါ်ပြထားပေသည်။

ဤ တိုင်းသိပြည်သိ ကမ္ဘာသိ “မြန်မာနိုင်ငံ လွတ်လပ်ရေးကြေညာစာတမ်း” ပါ ကြေညာချက်အရ မြန်မာနိုင်ငံအား မည်သူတစ်ဦးတစ်ယောက်မျှ တစ်ဖွဲ့ တစ်သင်းမျှ ပိုင်ဆိုင်မှု မရှိပေ။

ထို့ အပြင် သိန်းစိန်တို့ ၏ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ - အခန်း (၁၃) အပိုဒ် (၄၃၉) အပိုဒ်ခွဲ (က) ပါ နိုင်ငံတော်သီချင်းတွင် ဖေါ်ပြပါရှိသည့် “ကမ္ဘာမကျေ မြန်မာပြည် တို့ ဘိုးဘွားအမွေစစ်မို့  ချစ်မြတ်နိုးပေ” စာသားအရ မြန်မာနိုင်ငံ ရေမြေတောတောင် သဘာဝ သယံဇာတအပေါင်းတို့ ဟာ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ခဲ့ကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ ဘိုးဘွားဘီဘင်လက်ထက်ကတည်းမှ အစပြု၍ ယခုပစ္စုပ္ပန်ကာလ နောင်အနာဂတ်ကာလတစ်လျှောက်လုံး အများပြည်သူပိုင်ဆိုင်သော မြန်မာနိုင်ငံကြီး ဖြစ်ပေသည်။

ထိုသို့  ဘိုးဘွားအမွေအနှစ် အစစ်ဖြစ်သည့်၊ အများပြည်သူပိုင်ဆိုင်သည့် မြန်မာနိုင်ငံတော်ကြီး၏ သဘာဝ သယံဇာတများအား အာဏာရူးအုပ်စုနှင့် စီးပွားရေးလောဘသမားများသည် နှစ်ပေါင်းများစွာ ယနေ့ ထိတိုင် မောင်ပိုင်စီးကား ကိုယ်ကျိုးအတွက် ခိုးယူပိုင်ဆိုင်နေကြသည်။

ထိုသို့ သော မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတများအား ခိုးယူပိုင်ဆိုင်နေမှုတင် အားမရသေး ယခုအခါ မြန်မာနိုင်ငံသူ နိုင်ငံသားတို့ ၏ ဘိုးဘွားအမွေအနှစ်ဖြစ်သည့် မြန်မာနိုင်ငံတော်ကြီးအား ကိုယ်ပိုင်သဖွယ် တစ်ဦးတစ်ယောက်ပိုင် တစ်အုပ်တစ်စုပိုင်အဖြစ် ပြောဆိုလာသည်မှာ အဆုံးစွန်ဆုံးသော ယုတ်မာရိုင်းစိုင်းမှုပင် ဖြစ်တော့သည်။ မြန်မာနိုင်ငံတော်ကြီးအား သမ၀ါယမ ပစ္စည်းခွဲတမ်းချသလို၊ ခိုးရာပါပစ္စည်း ဝေစုခွဲသလို၊ မိမိပိုင် အမွေမျှသလို ပြောကြားလိုက်သူမှာ လက်ရှိ သမ္မတနေရာ ကိုယ့်ဖာသာ ကိုယ်ရအောင် ယူထားသော အာဏာရူး ဗိုလ်ချူပ်ကြီးဟောင်း သိန်းစိန်ပင် ဖြစ်တော့သည်။

ယခုမကြာခင်ရက်ပိုင်းအတွင်းက သိန်းစိန်ဟာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့  တွေ့ဆုံ ရာမှာ “မြန်မာနိုင်ငံကို ဦးသိန်းစိန်တို့ ပိုင်ဆိုင်သလို ဦးယွက်စစ်တို့လည်း ပိုင်ဆိုင်တယ်။ မြန်မာနိုင်ငံ၏ ပိုင်ရှင်ဟာ ဦးယွက်စစ်လည်း ပါဝင်တယ်” ဟု ပြောကြားချက်မှာ မြန်မာနိုင်ငံတော်အား သိန်းစိန်မှ ပိုင်ဆိုင်သည်ဟု အမည်နာမတပ်၍ ပုဂ္ဂလိကပိုင်ဆိုင်သဖွယ်၊ သိန်းစိန်အုပ်စုမှ တစ်ဖွဲ့ တစ်သင်းမှ ပိုင်ဆိုင်သဖွယ် ဆိုလိုလိုက်ခြင်းသာ ဖြစ်ပေသည်။

လက်ရှိ သမ္မတနေရာ ရယူထားသူတစ်ဦးအနေဖြင့် ယခုကဲ့သို့  လက်လွတ်စပယ်ပြောကြားချက်ဟာ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအပေါ် စော်ကားလိုက်ခြင်းသာမက၊ မြန်မာနိုင်ငံသူ နိုင်ငံသား ရဟန်းရှင်လူပြည်သူပြည်သားတို့ ပိုင်ဆိုင်ရာ ဘိုးဘွာအမွေအနှစ် အမိမြန်မာနိုင်ငံတော်အပေါ် သစ္စာဖောက်ပြန်မှု ပြုလိုက်ခြင်းပင် ဖြစ်ပေသည်။

“မြန်မာနိုင်ငံကို ဦးသိန်းစိန်တို့ ပိုင်ဆိုင်သလို ဦးယွက်စစ်တို့လည်း ပိုင်ဆိုင်တယ်။ မြန်မာနိုင်ငံ၏ ပိုင်ရှင်ဟာ ဦးယွက်စစ်လည်း ပါဝင်တယ်” ဟု ပြောကြားခဲ့မှုအား သိန်းစိန်အနေဖြင့် အဆိုပါစကားအား ပြန်လည်ရုတ်သိမ်းရန် တောင်းဆိုပါတယ်။

“ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။ မည်သူ တဦး တယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်း မဟုတ်။ မည်သူ တဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံ မဟုတ်” ။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D