၁။ ရာဘာသစ်များ ခုတ်လှဲ ထုတ်လုပ်ခွဲစိတ် သယ်ယူရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ထိန်းသိမ်းရန် လိုအပ်သော စီးပွားဖြစ် ထုတ်လုပ်ခြင်း အတွက် ခွဲစိတ်ခြင်းနှင့် သယ်ယူခြင်း လုပ်ငန်းစဉ်များမှ အပ အခြားမည်သည့် စီမံခန့်ခွဲမှု ကိုမျှ ဆောင်ရွက်ခြင်းမပြုဘဲ ပြည်ပသို့ တင်ပို့သည့် လုပ်ငန်းအပါအဝင် ကျန်ရှိသည့် လုပ်ငန်းများကို မြန်မာ့ နှစ်ရှည်ပင် လုပ်ငန်း၏ ထောက်ခံချက်ဖြင့်သာ ဆောင်ရွက် စေခဲ့ပါသည်။
၂။ သစ်နှင့် သစ်တောထွက် ပစ္စည်းများ ထုတ်လုပ်ခွင့်ပြုထားသည့် ဘီလ်ပြေစာ သက်တမ်း သတ်မှတ်ခြင်းကို ယခင်က မတ်လ (၃၁) ရက်နေ့အထိ သတ်မှတ်ထားခြင်းအား စတင်ထုတ်ပေးသည့် နေ့မှစ၍ (တစ်နှစ်) သတ်မှတ် ခွင့်ပြုခြင်း ဆောင်ရွက်စေ ခဲ့ပါသည်။
၃။ ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၂၅၄) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များက အခွန်အခ ကောက်ခံရမည့် သစ်မာသစ်မျိုး (၁၀၄) မျိုးစာရင်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၁၇/၂၀၁၃) အရ သတ်မှတ် ကြေညာခဲ့ပြီး အများပြည်သူများ သိရှိစေရန် သတင်းစာနှင့် မီဒီယာများတွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
၎။ သစ်စက်လိုင်စင် သက်တမ်းကို ယခင်က နှစ်စဉ် အသစ်လဲလှယ် ဆောင်ရွက် နေရခြင်းအစား အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းမှအပ ကျန်သစ်စက် အားလုံးအား လိုင်စင် သက်တမ်း (၅) နှစ် အထိ တိုးမြှင့် ဆောင်ရွက်ခွင့်ကို သစ်တောဦးစီးဌာန၊ ဌာနဆိုင်ရာ ညွှန်ကြားချက် အမှတ် ၁/၂၀၁၃ ဖြင့် ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး အများပြည်သူများ သိရှိစေရန် သတင်းစာနှင့် မီဒီယာများတွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
၅။ ယခင်က တရားဝင် သစ်တောထွက်ပစ္စည်း မှန်ကန်ကြောင်း ထောက်ခံချက်ကို ကုန်သွယ်ရေး ပို့ကုန် လိုင်စင် လျှောက်ထား ရာတွင် တစ်ကြိမ်၊ အကောက်ခွန်ဦးစီးဌာန အတွက် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ရယူနေရခြင်းအစား အကောက်ခွန်ဦးစီးဌာန အတွက် တရားဝင် သစ်တောထွက်ပစ္စည်း မှန်ကန်ကြောင်း ထောက်ခံချက် တစ်ကြိမ်သာ ရယူစေရန် ဖြေလျော့ ဆောင်ရွက်ပေးခဲ့ပြီး အများပြည်သူများ သိရှိစေရန် သတင်းစာနှင့် မီဒီယာများတွင် သတင်းအဖြစ် ဖော်ပြ၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကြော်ငြာသင်ပုန်းများတွင် ဖော်ပြအသိပေးခဲ့ပြီး ဖြစ်ပါသည်။
၆။ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အရေးယူ ဆောင်ရွက်မှုအပေါ် မကျေလည်မှုများ၊ မေးမြန်း စုံစမ်းလိုသည်များ ရှိခဲ့ပါက ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ ထပ်မံပေးပို့အကြောင်းကြား နိုင်ပါကြောင်း ကြေညာအပ်ပါသည်။
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများစွမ်းဆောင်ရည် အကဲဖြတ်အဖွဲ
From : .. သမ္မတရုံး
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...