၁၅.၆.၂၀၁၃ ရက်နေ့ ၁၆၅၀ အချိန် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ ဓမ္မရုံလမ်းသွယ်၊ အမှတ်(၅၇၉)နေ ဦးဖိုးချို၊ ၇၂နှစ် ၊ (ဘ)ဦးကျော်စိုး ၏ နေအိမ်ဧည့်ခန်း တွင်ထားရှိသည့် မီးအားမြှင့်စက် အပူရှိန်လွန်ကဲမှုကြောင့် မီးအားမြှင့် စက်ပေါ် တွင်တင်ထားသည့် စာအုပ်များအား မီးစတင်လောင်
ကျွမ်းခဲ့ရာမှ နေအိမ်(၄)လုံး ကူးစက် လောင်ကျွမ်းခဲ့၍ မီးသတ်ယာဉ် (၁၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး တို့ဖြင့် ငြိမ်းသတ်ခဲ့သဖြင့် ၁၇၃၀ အချိန်မီးငြိမ်းသွား ခဲ့ပါသည်။
မီးလောင်မှုကြောင့် တန်ဘိုး (၁၅)သိန်းကျပ်ခန့်ဆုံးရှုံးခဲ့ပြီး အိမ်ရှင်ဦးဖိုးချို၏ယောက္ခမဖြစ်သူ ဒေါ်ခင်မေ၊ ၉၆နှစ်၊ (ဘ)ဦးဖိုးခန့်မှာ မီးလောင်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံတွင် ဆေးကုသလျှက်ရှိကြောင်းနှင့် ဦးဖိုချိုအား အင်းစိန်မြို့မရဲစခန်း(ပ) ၆၄၄/၂၀၁၃၊ ပုဒ်မ-၂၈၅/၃၃၇ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ က သတင်းထုတ် ပြန်ထားပါသည်။

D မိုးသား မှ

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...