သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 15, 2013

ဆလာရန်းအကြမ်းဖက် ကြိုးကိုင်သူရှိဟု ဒုဝန်ကြီး ဦးဇင်ယော်ပြော

နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးဇင်ယော် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၁၃ ရက်က မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထဲရေး ၀န်ကြီးဌာနများမှ ဒုတိယ၀န်ကြီးများနှင့် တွေ့ဆုံကာ ဆလာရန်း အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အနီးရှိ ဆလာရန်းတွင် လူသေဆုံးသည်အထိ ဖြစ်ပေါ်ခဲ့သော အကြမ်း
ဖက် တိုက်ခိုက် မှုများတွင် ပါဝင်ခဲ့သူများ ကို အမြန်ဆုံး ဖော်ထုတ်ပေး သွားမည်ဟု နိုင်ငံခြားရေး ဒုတိယ
ဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့အား မလေးရှား တာဝန်ရှိသူများက ယင်းကဲ့သို့ တွေ့
ဆုံစဉ်တွင် ပြောဆိုခဲ့သည်ဟုလည်း သိရသည်။

ဆလာရန်းဈေး ပတ်ဝန်းကျင်၌ မြန်မာလူမျိုးများ အကြမ်းဖက် တိုက်ခိုက်ခံရ၍ သေဆုံးဒဏ်ရာ ရရှိခဲ့ခြင်းမှာ ပထမဆုံးဖြစ်ပြီး နောက်နောင်တွင် ထိုကဲ့သို့ ထပ်မံမဖြစ်ပွားစေရန် တားဆီးလုပ်ဆောင်မည်ဟု မလေးရှား တာဝန်ရှိသူများက ကတိပေး ပြောကြားခဲ့ကြောင်း သိရသည်။

”သူတို့ကတော့ တရားခံတွေကို အမြန်ဆုံး ဖော်ထုတ်ဖို့ လုပ်နေတယ်။ သူတို့တွေ့ရှိတာကတော့ ဆလာ
ရန်းဈေးပေါ့။ ဈေးက ကုန်းစိမ်းတန်းကြီး လည်း ဖြစ်တယ်။ အနယ်အနယ် အ ရပ်ရပ်က လူတွေလည်း စုံ
တယ်ပေါ့။ နိုင်ငံပေါင်းစုံက လူတွေလည်းရှိတယ်။ စရိုက်ကြမ်းတမ်းတယ်။ အထူးသတိထား စောင့်ကြည့်
နေရတဲ့ နယ်မြေဖြစ်တယ်။ မူးယစ်ဆေးဝါးမှုတွေလည်း ခဏခဏဖြစ်တယ်။ ဒီဟာကို စောင့်ကြပ် ကြည့် ရှုနေတယ်လို့ ပြောပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားခဲ့သည်။

”အခုကိစ္စမှာ ဂိုဏ်းဂဏ အနေမျိုးနဲ့ ဖြစ်တာတွေ့ရတယ်။ တွေ့ရတဲ့အတွက် ဒီဟာတွေကို ခေါ်ယူပြီးမှ
စောင့်ကြည့်တာတို့ သတိပေးတာတို့ ဖော်ထုတ်တာတို့ စုံစမ်းတာတို့ အတင်းအကြပ် လုပ်လိုက်တဲ့အခါ
မှာ အခု အနေအထားတွေက ရပ်ဆိုင်းသွားတယ်။ ဆက်လက်လည်း ဖော်ထုတ်စုံစမ်း ပေးသွားမယ်။

တရားဥပဒေကြောင်းအရ ကာကွယ်ပေးတာရော၊ တရားဥပဒေ နည်းလမ်းအရ အရေးယူ ဆောင်ရွက်
တာရော ဖြစ်အောင်လုပ်ပေးမယ်လို့ ပြောလိုက်ပါတယ်” ဟု ဒုတိယ၀န်ကြီးက ပြောကြားပါသည်။

ထို့အပြင် မလေးရှားနိုင်ငံ ဆလာရန်း ဈေးတွင် ဖြစ်ပေါ်ခဲ့သော ဗုဒ္ဓဘာသာဝင် မြန်မာအလုပ်သမားများကို အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ၏ နောက်ကွယ်တွင် လှုံ့ဆော်ကြိုးကိုင်သူရှိသည်ဟုယူဆကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

”ဘာလို့ ယူဆရလဲဆိုတော့ ဖြစ်စဉ်က ယခင်ကလည်း ဒီနယ်မြေမှာ ဖြစ်နေတယ်ပေါ့။ ယခင်ကလည်း ဒီ
နယ်မြေမှာ လူသတ်မှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ မူးယစ်ဆေးဝါးမှုတွေ ဖြစ်တယ်။ ဒီဖြစ်စဉ်ကျတော့ ရက်က စိပ်သွားတယ် ၃၀ ရက်က ဖြစ်တယ်။ ၃၁ ဖြစ်တယ်။ ၁ ရက်ဖြစ်တယ်။ ၂ ရက်ဖြစ်တယ်။ ၃ ရက်
နေ့က ဖြစ်တယ်ပေါ့။ ဖြစ်တိုင်း ဖြစ်တိုင်းလည်း မြန်မာလူမျိုးတွေပေါ့။ မြန်မာနိုင်ငံကလာတဲ့ လူတွေပါဝင်
ပတ်သက် နေတာပေါ့။ ထိခိုက်ဒဏ်ရာရတွေရော။ ဒါမျိုးတွေ့တဲ့အခါမှာ တစ်စုံတစ်ယောက်ရဲ့ လှုံ့ဆော်
မှုမရှိဘဲနဲ့ ဒီဟာတွေက ဖြစ်မလာနိုင်ဘူး။ ဒါပေမဲ့ လှုံ့ဆော်မှုကြောင့် သက်သက်ထလုပ်တာမျိုးမဟုတ်ဘဲ
နဲ့ ယခင်ရန်ငြိုးရန်ကြွေး ဒါမျိုးအစအနတွေရှိတယ်။ စားကျက်လုတာတွေ ရှိတယ်။ ဂိုဏ်းဖွဲ့ပြီးမှ အနိုင်ကျင့်
တာတွေရှိတယ်။ ဒီလိုမျိုးနဲ့ ပေါင်းပြီးတော့မှ ဆောင်ရွက်လိုက်တယ်လို့ ယူဆမိပါတယ်။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်လို့ ဆိုလိုတာ မဟုတ်ဘူး။ အကြောင်းအရာကိစ္စ တစ်ခုကို သုံးသွားတယ်။ လိုချင်တဲ့ အရာတစ်
ခုကို လုပ်သွားတယ်လို့ ယူဆတယ်” ဟု ဦးဇင်ယော်က ဆက်လက်ပြောကြားပါသည်။

Eleven Media Group


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D