သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 13, 2013

ရန်ကုန်ကို မီးဖြတ်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒရှိသော်လည်း အစိုးရမှ စက်မှုဇုန်ပါမကျန် မီးအပြည့်ပေး


Photo: "ရ

PN-052
နေပြည်တော်တွင် ကျင်းပခဲ့သည့် ကမ္ဘာစီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ရန်ကုန်တစ်မြို့တည်း တိုးတက်နေပြီး နယ်မြို့များ မတိုးတက်ခြင်းက နောင်တွင် ကြီးမားသည့် ပြဿနာတစ်ခု ဖြစ်နိုင်ကြောင်း၊ မြို့အားလုံးတန်းတူဖြစ်စေရန် လိုအပ်ကြောင်း ပြောဆိုခဲ့သဖြင့် မြို့အားလုံး တန်းတူ အလှည့်ကျ မီးပေးတော့မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ရန်ကုန်စက်မှုဇုန်များအား ယခုလ ၁၂  ရက်မှစ၍ အချိန်ပိုင်း အကန့်အ သတ်မရှိ မီးပြန်ပေးပြီဟု ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ မှ သိရသည်။


”ဓာတ်အားထုတ်လုပ်နိုင်မှုတိုး လာတဲ့အတွက် စက်မှုဇုန်အားလုံး မီးပုံမှန်အတိုင်း ပြန်ပေးနိုင်တာပါ။ နာ ရီပိုင်း မီးဖြတ်တာတွေ၊ အလှည့်ကျ မီး ပေးတာတွေမရှိဘဲပေးသွားမှာပါ”ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန သည် မြန်မာနိုင်ငံတစ်ဝန်းရှိ စက်မှုဇုန် များကို မေလ ၆ ရက်နေ့မှ စ၍ အကန့် အသတ်မရှိ ၂၄ နာရီ မီးဖြတ်တောက် ခဲ့ပြီး ယခုလ ၁ ရက်နေ့တွင် စက်မှုဇုန် များအား A နှင့် B နှစ်ခြမ်းခွဲ၍ တစ် နေ့လျှင် ၅ နာရီနှုန်း မီးပြန်ပေးခဲ့သည်။

”ကျွန်တော်တို့ဘက်ကတော့ တတ်နိုင်သလောက်၊ ဓာတ်အားရှိသ လောက် မီးပေးသွားမှာပါ။ စက်မှုဇုန် တွေကရတဲ့ ဓာတ်အားခက လူနေ အိမ် တွေ့ရတဲ့ ဓာတ်အားနှုန်းထက် ပိုရ တယ်။ ဒါပေမဲ့ ဓာတ်အား မနိုင်လို့ မထုတ်လုပ်နိုင်ရင်တော့ စက်မှုဇုန်တွေ မီးဖြတ်ပြီး လူနေအိမ်တွေကိုပဲ ဦးစားပေး သွားမှာပါ”ဟု ၄င်းက ဆက်လက်ပြော သည်။ယင်းသို့ ရန်ကုန်စက်မှုဇုန်များအား အချိန်ပိုင်း အကန့်အသတ်မရှိ မီးပြန် ပေးမည်ဆိုေ သ်ာလည်း စက်မှုလုပ်ငန်း ရှင်များမှာ မီးအပြည့်အဝ မရရှိမည်ကို စိုးရိမ်လျက်ရှိနေသည်။

ရွှေပြည်သာ စက်မှုဇုန်မှ လုပ် ငန်းရှင် ဒေါ်မြတ်စံဝင်းက ”တကယ် မီးရ မရဆိုတာတော့ စောင့်ကြည့်ရမှာ ပါ။ အချိန်ပိုင်း မီးရတဲ့အချိန်တောင် အပြည့်မရခဲ့ဘူး။ ပျက်လိုက်လာလိုက်နဲ့၊ အဆိုးထဲက အကောင်း မီးရခဲ့ရင်တော့ လုပ်ငန်းလုပ်ကိုင်ရတာ ပိုပြီးအဆင်ပြေ တာပေါ့။ ပုံမှန်မရရင်တော့ စက်နဲ့ အလုပ်လုပ်ရတာ အဆင်မပြေပါဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား ဖြန့်ဝေထုတ်လွှတ်ခြင်းကို ရေအားလျှပ် စစ်မှ အဓိက ထားပေးနေခြင်းဖြစ်ပြီး စက်မှုဇုန်များ မီးဖြတ်တောက်ခဲ့ခြင်းမှာ ရေမရရှိ၍လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်မှု နည်းပါးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သိရ သည်။

သမ္မတကြီးဦးသိန်းစိန်မှ  ရန်ကုန်မြို့ကို စင်္ကာပူကဲ့သို့ တိုးတက်အောင် စနစ်တကျ အကောင်ထည်ဖော်ရန် ညွန်ကြားထားသဖြင့် အမြဲ ဆန့်ကျင်နေသည့် ဒေါ်အောင်ဆန်းစုကြည်မှ ကန့်လန့်တိုက်ရန် ကြိုးစားလျှက်ရှိကြောင်းသိရသည်။


 By.. popular

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D