သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 15, 2013

စကုမြို့ မန်းချောင်း ရေကြီးမှုကြောင့် တောင်သူများ ဆုံးရှုံးမှုများဖြစ်ပေါ်

 
စကုမြို့၊ မန်းချောင်းအတွင် ရေကြီးမှုဖြစ်ပေါ်၍ သီးနှံခင်းများ နစ်မြုပ်နေပုံ(၁၂၊ ၆၊ ၂၀၁၃)

မကွေးတိုင်း ဒေသကြီး စကုမြို့မှာ မန်းချောင်းရေကြီး မှုကြောင့် မန်းချောင်း တလျှောက် ကိုင်းသီးနှံစိုက်ပျိုး
 တောင်သူများ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။

ယခုရက်ပိုင်းအတွင်း မန်းချောင်း အစပြုရာ တောင်ပေါ်နေရာများနှင့် စကုမြို့နယ်ဝန်းကျင် တို့တွင် မိုးအ
ဆက်မပြတ်ရွာသွန်းမှုကြောင့် မန်းချောင်းအတွင်း ရေမြင့်တက်မှုများဖြစ်ပေါ်ခဲ့ရာ မန်းချောင်းတလျှောက် ကိုင်းသီးနှံစိုက်ပျိုးသော တောင်သူများ ၏ စိုက်ခင်းသီးနှံများ ရေနစ်မြုပ်မှုကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့
သည်။

စကုမြို့၊ မန်းချောင်းအတွင်းရေကြီးမှုဖြစ်ပေါ်နေပုံ(၁၂၊ ၆၊ ၂၀၁၃)

နှမ်း၊ ပြောင်း၊ ငရုတ် ၊ နံနံ စသည့်သီးနှံများစိုက်ပျိုးထားရှိရာ ရေနစ်မြုပ်မှုကြောင့် စိုက်ပျိုးသီးနှံများ ဆုံးရှုံး
ခဲ့ရသည်ဟု ပင်လယ်သက်၊ လက်ခုပ်ပင်၊ သမထီး၊ ကျောင်းရွာရပ်ကွက်များမှ တောင်သူများကပြောကြား
သည်။

နှစ်စဉ်ရေကြီးချိန်တွင် မန်းချောင်းအတွင်း မျောပါလာသော ကြွက်၊ ပူး၊ ထင်းများကို လိုက်လံ ဆယ်ယူရာမှ
ရေနစ်သေဆုံးမှုများလည်း ရှိသည်။

၁၂၊ ၆၊ ၂၀၁၃ ရက်နေ့က စကုမြို့နယ်၊ လက်ခုပ်ပင်ကျေးရွာအုပ်စု၊ ပင်လယ်သက်ကျေးရွာ တွင်လည်း မန်းချောင်းအတွင်း မျောပါနေသော ထင်းများလိုက်လံဆယ်ယူရာမှ အမျိုးသား တစ်ဦး ရေနစ်သေဆုံးမှု
ဖြစ်ပွားခဲ့သည်။

Thit Htoo Lwin by သစ်ထူးလွင်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D