သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 13, 2013

လားရှိုးမြို့ရှိ အားကစားရုံနှင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံသူများ မူလနေထိုင်ရာသို့ ပြန်လည်နေထိုင် ကြပြီဖြစ်ပြီး ပုဒ်မ ၁၄၄ အချိန် ထပ်မံလျှော့ချ

Photo: 
လားရှိုးမြို့ရှိ အားကစားရုံနှင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံသူများ 
မူလနေထိုင်ရာသို့ ပြန်လည်နေထိုင် ကြပြီဖြစ်ပြီး ပုဒ်မ ၁၄၄ အချိန် 
ထပ်မံလျှော့ချ
Thursday, June 13, 2013

လားရှိုးမြို့တွင် မေ ၂၈ ရက်မှ ၂၉ ရက် ည ၈ နာရီထိ ဖြစ်ပွားခဲ့သော ပဋိပက္ခ 
ဖြစ်စဉ်ကြောင့် အရေးပေါ် ထုတ်ပြန်ခဲ့သော ပုဒ်မ ၁၄၄ အချိန်အား ဒုတိယအကြိမ် 
ထပ်မံလျှော့ခဲ့ကြောင်း ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့နယ် 
ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်းက ပြောကြားခဲ့သည်။

ပုဒ်မ ၁၄၄ စတင် အမိန့်ထုတ်ပြန်ခဲ့သည့် မေ ၂၈ ရက်တွင် ည ၇ နာရီမှ နံနက် ၅ 
နာရီထိ သွားလာခွင့် ပိတ်ပင်ခဲ့သော်လည်း ယခုအခါတွင် နယ်မြေအေးချမ်း 
သွားသဖြင့် ယခင် ထုတ်ပြန်ထားသည့် အချိန်အား ထပ်မံလျှော့ချခဲ့ကြောင်း 
သိရသည်။

ပထမအကြိမ် လျှော့မှုမှာ ည ၈ နာရီမှ နံနက် ၄ နာရီထိဖြစ်ပြီး၊ ယခုဒုတိယ အကြိမ်
 လျှော့ချမှုမှာ ည ၁၀ နာရီမှ နံနက် ၃ နာရီအထိဖြစ်ကြောင်း လားရှိုးမြို့နယ် 
ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

အဆိုပါ အချိန်လျှော့ချ မှုနှင့် ပတ်သက်၍ လားရှိုးမြို့နယ် 
ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးမိုးဇော်လင်းက "အခု ပုဒ်မ ၁၄၄ ရဲ့ 
သက်ရောက်တဲ့ အချိန်ကို ဒုတိယအကြိမ် လျှော့ချခဲ့ပါတယ်။ 
နောက်ပိုင်းတွေမှာလည်း နယ်မြေအေးချမ်း သွားတဲ့အတွက် ထပ်မံပြီးတော့ 
အချိန်တွေကို လျှော့ချသွားဖို့ ရှိတယ်။ အခု လားရှိုးမြို့ပေါ်မှာလည်း 
ဆိုင်ခန်းတွေအားလုံး ပြန်ဖွင့်နေပါပြီ" ဟု ဇွန် ၁၁ ရက်၊ နံနက်ပိုင်းက 
ပြောကြားခဲ့သည်။

ယင်းပဋိပက္ခ ဖြစ်စဉ်ကြောင့် လားရှိုးမြို့ ၁၂ ရပ်ကွက်ရှိ မိုးလုံလေလုံ 
အားကစားရုံနှင့် မန်ဆူးရှမ်း ဘုန်းကြီးကျောင်းတို့တွင် လာရောက်ခိုလှုံသူ 
၁၅၀၀ ၀န်းကျင်ခန့် ရှိခဲ့ပြီး၊ ယခုအချိန်တွင် ပုံမှန်အခြေအနေသို့ 
ပြန်လည်ရောက်ရှိ သွားသဖြင့် ယခင်နေထိုင်ရာ နေရာများသို့ ပြန်လည်နေထိုင် 
နေကြကြောင်း သိရသည်။

ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိ လာပြီဖြစ်သည့် လားရှိုးမြို့ပေါ် 
တစ်နေရာအား ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
EMG

လားရှိုးမြို့တွင် မေ ၂၈ ရက်မှ ၂၉ ရက် ည ၈ နာရီထိ ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်ကြောင့်  အရေးပေါ် ထုတ်ပြန်ခဲ့သော ပုဒ်မ ၁၄၄ အချိန်အား ဒုတိယအကြိမ် ထပ်မံလျှော့ခဲ့ကြောင်း ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်းက ပြောကြားခဲ့သည်။  ပုဒ်မ ၁၄၄ စတင် အမိန့်ထုတ်ပြန်ခဲ့သည့် မေ ၂၈ ရက်တွင် ည ၇ နာရီမှ နံနက် ၅ နာရီထိ သွားလာခွင့် ပိတ်ပင်ခဲ့သော်လည်း ယခုအခါတွင် နယ်မြေအေးချမ်း သွားသဖြင့် ယခင် ထုတ်ပြန်ထားသည့် အချိန်အား ထပ်မံလျှော့ချခဲ့ကြောင်း သိရသည်။

ပထမအကြိမ် လျှော့မှုမှာ ည ၈ နာရီမှ နံနက် ၄ နာရီထိဖြစ်ပြီး၊ ယခုဒုတိယအကြိမ် လျှော့ချမှုမှာ ည ၁၀ နာရီမှ နံနက် ၃ နာရီအထိဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

အဆိုပါ အချိန်လျှော့ချမှုနှင့် ပတ်သက်၍ လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးမိုးဇော်လင်းက "အခု ပုဒ်မ ၁၄၄ ရဲ့ သက်ရောက်တဲ့အချိန်ကို ဒုတိယအကြိမ် လျှော့ချခဲ့ပါတယ်။ နောက်ပိုင်းတွေမှာလည်း နယ်မြေအေးချမ်း သွားတဲ့အတွက် ထပ်မံပြီးတော့ အချိန်တွေကို လျှော့ချသွားဖို့ရှိတယ်။ အခု လားရှိုး မြို့ပေါ်မှာလည်း ဆိုင်ခန်းတွေအားလုံး ပြန်ဖွင့်နေပါပြီ" ဟု ဇွန် ၁၁ ရက်၊ နံနက်ပိုင်းက ပြောကြားခဲ့သည်။

ယင်းပဋိပက္ခ ဖြစ်စဉ်ကြောင့် လားရှိုးမြို့ ၁၂ ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံနှင့် မန်ဆူးရှမ်း ဘုန်းကြီးကျောင်းတို့တွင် လာရောက်ခိုလှုံသူ ၁၅၀၀ ၀န်းကျင်ခန့်ရှိခဲ့ပြီး၊ ယခုအချိန်တွင် ပုံမှန်အခြေအနေ သို့ ပြန်လည်ရောက်ရှိသွားသဖြင့် ယခင်နေထိုင်ရာ နေရာများသို့ ပြန်လည်နေထိုင် နေကြကြောင်းသိရ သည်။

EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D