သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 15, 2013

မြောက်ဥက္ကလာပမှ အုပ်စုဖွဲ့ လူသတ်မှုကို မှုခင်း ဆရာဝန်က ထွက်ဆိုချက် ပေး

မြောက်ဥက္ကလာပမှ အုပ်စုဖွဲ့ လူသတ်မှုကို မှုခင်း ဆရာဝန်က ထွက်ဆိုချက် ပေးခဲ့ရာ အသတ် ခံရသူသည် ဓားဒဏ်ရာများ အပါအ၀င် ဒဏ်ရာ ၁၄ ချက်ဖြင့် သေဆုံးခဲ့
လူသတ်မှုတွင် ပါဝင်သူများအား ရဲတပ်ဖွဲ့ဝင်များက တရားရုံးသို့ ခေါ်ဆောင်လာသည်ကို ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)

၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်း အတွင်းရှိ စားသောက်ဆိုင်
တွင် ဖြစ်ပွားခဲ့သော လူသတ်မှု၏ ဆေးစစ်ချက်ကို မှုခင်းဆရာဝန်က မြောက်ပိုင်းခရိုင် တရားရုံးတွင် ဇွန် ၁၂ ရက် ရုံးချိန်း၌ ထွက်ဆိုခဲ့သည်။


အဆိုပါ ထွက်ဆိုချက်တွင် မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံမှ လက်ထောက် မှုခင်းဆရာဝန် ဒေါက်
တာရဲထွန်းလင်းက သေဆုံးပြီး ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူကိုကျော်မင်းတွင် ဓားဒဏ်ရာများ အပါအ
ဝင်စုစုပေါင်း ဒဏ်ရာ ၁၄ချက်ရရှိပြီး ယာရင်အုံမှ ယာခါးအထိ တိုးလျိုပေါက် ထိုးသွင်းဒဏ်ရာတစ်ချက်လည်း
ပါရှိကြောင်း ထွက်ဆိုခဲ့သည်။

ဝမ်းခေါင်းနှင့် ရင်ခေါင်းအတွင်း သွေးသွန်ခြင်းကြောင့် သွေးထွက်လွန် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဒဏ်ရာမှာ သေစေလောက်သော ဒဏ်ရာဖြစ်ပြီး အင်အားအပြင်းအထန် သုံးမှသာ ရရှိနိုင်သော ဒဏ်ရာဖြစ်
ကြောင်း ၎င်းက ထွက်ဆိုခဲ့သည်။

အဆိုပါယာရင်အုံမှ ခါးအထိ တိုးလျိုပေါက်ထိုးသွင်းဒဏ်ရာသည် ၃၁စင်တီမီတာ ရှည်လျားကြောင်း ယင်း
ဒဏ်ရာသည် ယာရင်အုံမှ စတင်ဝင်ရောက်ကာ ယာဘက် အဆုတ်ကိုဖြတ်၍ အသည်းကို ထုတ်ချင်းပေါက်
သွားပြီး အူထိန်း အမြှေး တို့တွင် ထိုးသွင်း ဒဏ်ရာရရှိခဲ့ပြီး ရင်ခေါင်း အားဖြတ်စဉ် ယာနံပါတ် ၅ နံရိုးကျိုးပြီး နံပါတ် ၄နံရိုးမှာ တစ်ပိုင်းတစ်စကျိုးခဲ့ကြောင်း ၀မ်းခေါင်းနှင့် ရင်ခေါင်းအတွင်း သွေးသွန်ခြင်းကြောင့် သွေး
ထွက်လွန် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဒဏ်ရာမှာ သေစေလောက်သော ဒဏ်ရာဖြစ်ပြီး အင်အား
အပြင်းအထန် သုံးမှသာ ရရှိနိုင်သော ဒဏ်ရာဖြစ်ကြောင်း ၎င်းက ထွက်ဆိုခဲ့သည်။

ထိုသို့ ရရှိခဲ့သည့် ဒဏ်ရာများကြောင့် ကိုကျော်မင်းသည် ဆေးရုံသို့ ရောက်ရှိပြီး နာရီဝက်ခန့် အကြာတွင်
 သေဆုံးခဲ့ကြောင်း မှုခင်းဆရာဝန်၏ ထွက်ဆိုချက်အရ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက်၊ ည ၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်း အတွင်းရှိ စားသောက်ဆိုင်တွင် ကိုကျော်မင်းနှင့် သူငယ်ချင်းဖြစ်သူ နှစ်ဦးတို့ ရှိနေစဉ် ''မင်းက ကျော်မင်း
လား'' ဟု မေးကာ လူ ငါးဦးမှ ဓားများဖြင့် ၀ိုင်း ခုတ်ပြီးနောက် ကိုကျော်မင်း က ဆိုင်ထဲမှ အပြင်သို့ တိမ်း
ရှောင်ထွက်ပြေးစဉ် အသင့်စောင့်လျက်ရှိသော လူများက ထပ်မံ ခုတ်သတ်ခဲ့ကြောင်း ရဲမှုခင်း စစ်ချက်များ
အရ သိရသည်။

ယင်းအမှုကို မြောက်ဥက္ကလာပ ရဲစခန်းမှ (ပ)၅၂၄/၂၀၁၁၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှု
ဖွင့် စစ်ဆေးခဲ့ကာ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ၂၃ ဦးကို ၂၀၁၁ ဒီဇင်ဘာလ အတွင်းက ဖမ်းဆီးရမိခဲ့
ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်တွင် တရားလိုပြ သက်သေများအား စတင်စစ်ဆေးခဲ့သည်။

Eleven Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D