သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 16, 2013

နှစ်ဖက်တပ်များ ချထားရေး အပါအ၀င် လာမည့် ဆွေးနွေးပွဲများအတွက် အစိုးရနှင့် ကေအင်န်ယူတို့ ရန်ကုန်မြို့၌ ဆွေးနွေး

Sunday, 16 June 2013
လာမည့် ဆွေးနွေးပွဲများအတွက် ရည်ရွယ်ပြီး ပြည်ေ ထာင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကရင် အမျိုးသား အစည်း1အရုံးတို့ ဇွန် ၁၅ ရက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ Myanmar Peace Center တွင် တွေ့ဆုံပြီး အ ကြိုဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ 

အဆိုပါ ဆွေးနွေး ပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တပ်မတော် ခေါင်းဆောင်များ၊ ကေအင်န်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် ကာကွယ်ရေးဌာန တာဝန်ခံ ဖဒိုစောရောဂျာခင်တို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက "မတွေ့တာလည်း ကြာ ပြီ။ နောက်ပြီး သူတို့နဲ့ Code of Conductဆွေးနွေးဖို့ ရှိတယ်။ အဲဒီအဖွဲ့နဲ့ ရောပြီးလာကြတာပါ။ ဗိုလ်ချုပ် ကြီး မူတူးစေးဖိုးလည်း ပါတယ်။ တကယ်ဆွေးနွေးမှာက အောက်ခြေက လူတွေပဲ ဆွေးနွေးကြ တာ ပါ။ ခေါင်းဆောင်ပိုင်းက လူတွေက မတွေ့တာ ကြာပြီ။ အဲဒါကြောင့် နှစ်ဖက်ပြောချင်တာလေးတွေ ပြောဖို့ ခဏတွေ့ကြတာပါ" ဟု ပြောကြားသည်။

ဆွေးနွေးပွဲတွင် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ ခေါင်းဆောင်များနှင့် Myanmar Peace Center မှ တာဝန်ရှိသူများ တွေ့ဆုံပြီး နှစ်ဖက်လိုက်နာရမည့် Code of Conduct ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ဆွေးနွေးပွဲတွင် နှစ်ဖက်တပ်ပိုင်းဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး တပ်နေရာ ချထားရေးနှင့် ပတ်သက်သည့် အကြောင်းအရာများလည်း ပါဝင်ကြောင်း သိရသည်။

"နှစ်ဦးနှစ်ဖက် လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းများအား ပီပီပြင်ပြင် အကောင်အထည်ဖော်ပြီး တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှု အခိုင်အမာ ရှိမှသာလျှင် တပ်နေရာ ချထားရေးများအား လုပ်ဆောင်နိုင်မယ် ဖြစ်တယ်" ဟု KNU အဖွဲ့ခေါင်းဆောင် ဖဒိုမန်းညိမ်းမောင်က ဇန်န၀ါရီလ အတွင်းကပြောကြားထားသည်။

"အိပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးသွားရင် စစ်မြေပြင် လိုက်နာရမယ့် စည်းကမ်းများဆိုတာ လုပ်ရတယ်။ အဲဒါမှလည်း ဟိုဘက်ဒီဘက် ဘာတွေထိန်းရမယ်ဆိုတာ သိရမယ်။ ကေအင်န်ယူ ဘက် ကရော တပ်ဘက်ကရော ပြည်သူလူထုရော လိုက်နာရမယ့် စည်းကမ်းလေးတွေချပြီး ရေးကြတာပေါ့။ အဲ ဒါတွေ ညှိနှိုင်းပြီး လက်တွေ့မြေပြင်မှာ တိုက်ပွဲတွေ ထပ်မဖြစ်အောင် ပိုခိုင်မာအောင် လုပ်တာပေါ့။ တကယ့် အစည်းအဝေးကြီး မဟုတ်ပါဘူး။ အလွတ်သဘောပါပဲ။ အောက်ခြေအဆင့်မှာ ဘာတွေလုပ်ရမယ် ဆိုတာ ပြောထားမှ တကယ်ဆွေးနွေးတဲ့အခါ အဆင်ပြေမှာလာမယ့် ဆွေးနွေးပွဲတွေအတွက် ရည်ရွယ် တာပေါ့" ဟု ပြောကြားသည်။ အစိုးရနှင့် ကေအင်န်ယူတို့သည် Code of Conduct နှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D