သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 16, 2013

ပီနန်းမြို့၏ အခြေအနေ တည်ငြိမ်နေသော်လည်း သိန်းချီရှိနေသော တရားမ၀င် မြန်မာအလုပ်သမား အများစု အောက်လမ်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ပြန်ရန် ဆန္ဒရှိနေ

Sunday, 16 June 2013
မလေးရှားနိုင်ငံ ပီနန်းမြို့ ၏ အခြေအနေ မှာ တည်ငြိမ်မှု ရှိနေပြီး အကြမ်းဖက်ခံရမှု များ မ ရှိသော်လည်း ပီနန်းမြို့တွင် သိန်းချီရှိနေသော တရားမ၀င် မြန်မာအလုပ်သမား အများစုမှ အောက် လမ်းမှတစ် ဆင့်မြန်မာနိုင်ငံပြန်ရန် စိတ်အားထက် သန်နေကြောင်းမလေးရှားနိုင်ငံသို့ရောက်ရှိနေသော The Daily Eleven ၏ အကြီးတန်း သတင်းေ ထာက်က သတင်းပေးပို့သည်။


 မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အနီးရှိ ဆလာရန်း အပါအ၀င် နေရာအချို့တွင် မြန်မာအလုပ်သမားများ အကြမ်းဖက် ခံခဲ့ရပြီး သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိခဲ့သည်ကို အကြောင်းပြု၍ ပီနန်းမြို့မှ တရားမ၀င် မြန်မာအလုပ်သ မားများလည်း ပြည်aတ်ာပြန်ရန် စိတ်အားထက်သန်နေခြင်းဖြစ်ပါသည်။

သို့သော် ပီနန်းမြို့တွင် ရှိနေသော မြန်မာအလုပ်သမားများကို ကူညီရန် ဖွဲ့စည်းထားသော ပီနန်း နာရေး ကူညီမှုအသင်း အပါအ၀င် မွတ်စလင် လူမှုကူညီရေး အဖွဲ့အစည်းများတို့ ပူးပေါင်းပြီး ပီနန်းမြို့တွင် ကွာလာလမ်ပူမြို့၌ ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်မျိုး မဖြစ်ပွားစေရန် လုပ်ဆောင်နေသဖြင့် ပီနန်းမြို့၏ အခြေ အနေမှာ တည်ငြိမ်နေကြောင်း သိရသည်။

"ပီနန်းမြို့မှာ အေးအေးဆေးဆေးပါပဲ။ ဘာမှမဖြစ်ပါဘူး။ ဒီမှာရှိနေတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံ သားတွေရော၊ အစ္စလာမ် ဘာသာဝင်မြန်မာနိုင်ငံသားတွေရော ဘာမှမဖြစ်အောင် ပူးပေါင်းဆောင်ရွက် နေ
ပါတယ်" ဟု ပီနန်းမြို့ နာရေးကူညီမှုအသင်းမှ ဦးဘိုမြက ဇွန် ၁၅ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။


"မိဘတွေ စိတ်ပူလို့ ပြန်ခေါ်နေကြတာရယ်၊ ဆလာရန်းမှာ ဖြစ်တဲ့ကိစ္စကို စိုးရိမ်တာရယ်ကြောင့် ပြန်ချင် တဲ့လူတွေကတော့ တော်တော်များများ ရှိနေပါတယ်" ဟု ဦးဘိုမြက ဆိုသည်။

ပီနန်းမြို့ကို ရောက်ရှိနေသော တရားမ၀င် မြန်မာအလုပ်သမား အများစုမှာမြန်မာနိုင်ငံမှတစ်ဆင့် ဘုရားသုံး ဆူ၊ မြ၀တီ-မဲဆောက်၊ ကော့သောင်း အစရှိသော မြို့များမှ ထိုင်းနိုင်ငံသို့ တရားမ၀င် ဖြတ်သန်းကာ မလေးရှားနိုင်ငံ သို့ ရောက်ရှိနေကြသူများ ဖြစ်ကြသည်။ အများစုမှာ တရားမ၀င် လုပ်သားများ ဖြစ်နေ ပြီး မြန်မာနိုင်ငံသို့ ပြန်ရန်အတွက်မြန်မာသံရုံးသို့ သွားရောက်ပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက် အထား (CI) နှင့် မလေးရှား အစိုးရ၏ ဌာနပြန်ခွင့် ခွင့်ပြုချက်ကို လျှောက်ထားခွင့် ရှိသော်လည်း ကွာလာလမ်ပူမြို့ သို့ မသွားရဲကြဘဲ အောက်လမ်း မှ တစ်ဆင့် ပြည်တော်ပြန်ရန် စိတ်အား ထက် သန်နေခြင်း ဖြစ် သည်။

"ဒီမှာ ဘာမှမဖြစ်တဲ့အတွက် မပြန်ချင်ဘူး။ ဒါပေမဲ့ မိဘတွေက အတင်းပြန်လာခိုင်းတော့ ပြန်ရမယ့် အခြေအနေ ရှိတယ်။ အောက်လမ်းက လာတဲ့အတွက် အောက်လမ်းကပဲ ပြန် မယ်။ မြန် မာငွေ နှစ် သိန်းလောက်ပဲ ကုန်မယ်။ မြန်မာသံရုံးသွားပြီး CI လျှောက်၊ မလေးလ၀ကမှာ လက်ဗွေနှိပ်ပြီး အပေါ် လမ်းက ပြန်လို့ရပေမယ့် ပီနန်းမြို့ကနေ ကွာလာလမ်ပူ သွားတဲ့လမ်းမှာ ရဲဖမ်းတာ ခံရမလား။ အလု ခံရမလား။ အလိမ်ခံရမလားဆိုတာ ဘယ်သူမှ အာမခံချက် မပေးနိုင်ဘူး" ဟု ပီနန်းမြို့၌ တံငါလုပ်ငန်း လုပ်ကိုင်နေသူ ကိုaအာင်ခန့်က ပြောကြားပါသည်။

ပီနန်းမြို့တွင် လုပ်ကိုင်နေသော တရားမ၀င် မြန်မာအလုပ်သမားများသည် တံငါလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် အထည်ချုပ် လုပ်ငန်းများကို အများဆုံး လုပ်ကိုင်နေပြီး စုစုပေါင်း နှစ်သိန်းဝန်းကျင်ခန့် ရှိနေကြောင်း သိရသည်။

ဆလာရန်း အကြမ်းဖက်မှု ဖြစ်ခဲ့ပြီးaနာက်ပိုင်း ထိုကဲ့သို့ အကြမ်းဖက်မှုဖြစ်နိုင်ခြေရှိသော မြို့များထဲတွင် ပီနန်းမြို့လည်း စိုးရိမ်စရာကောင်းသော မြို့အဖြစ် မလေးရှားရှိ လူမှုကူညီရေး အဖွဲ့များက စောင့်ကြည့်နေ ပါသည်။

လက်ရှိအချိန်အထိ ပီနန်းမြို့တွင် မည်သည့်အကြမ်းဖက်မှုမျှ ပေါ်ပေါက်ခြင်း မရှိသေးဘဲ ပီနန်းမြို့ အနီးတွင် အကြမ်းဖက်မှု ဖြစ်နိုင်ခြေရှိသော နာဂါဆာရီဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်မလာစေရန် အတွက် မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကိုလည်း ယခုရက်ပိုင်းအတွင်း ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သိရှိရသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D