မေး- အရင်နှစ်ခွေ ထက်စာရင် ဒီအခွေမှာ ပိုပြီးတော့ ဝေဖန်သံ ကြားရတယ်။ သံစဉ်ရော စာသားပိုင်းမှာပါ ပြောစရာတွေ ရှိတဲ့အတွက် လင်း လင်းရဲ့ဂီတ ပရိသတ်တွေဆီ က တောင် ဝေဖန်သံတွေ ကြားရတယ်။ အသစ် တစ်ခုကို လုပ်လိုက်တဲ့ အ တွက် ပရိသတ်ရဲ့ အငြိုငြင် ခံရမှာကို တွေးပြီး စိုးရိမ်မိလား။
ဖြေ- အဲဒီလိုတော့ စိုးရိမ်မှု မဖြစ်မိဘူး ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ခေါင်းစဉ်တစ် ခုတည်း အောက်မှာပဲ နေပြီး ရုန်းကန် လှုပ်ရှား ပျော်မွေ့ရတဲ့ အနုပညာကို ကျွန်တော်က သဘော မကျဘူး။ အပြောင်းအလဲ တစ်ခုလုပ်ပြီဆိုရင် အဲဒီ အပြောင်းအလဲရဲ့ ကောင်းခြင်း၊ ဆိုးခြင်းဒဏ်ကို ခံရမှာပဲ။ အဲ့ဒီအ ပေါ် မှာမှန်ကန်တဲ့ ရွေးချယ်မှုတွေ ရှိဖို့ပဲ လိုတယ်။ ကျွန်တော့်ကို ကြိုက်တဲ့ ပုံစံလေး ထဲမှာပဲ ကျွန်တော် တစ်သက် လုံးနေပြီး တော့ပရိ သ တ်အကြိုက်တွေချည်းပဲ သွားဖို့ မရှိဘူး။ ကျွန်တော် အနုပညာ လုပ် တဲ့အခါ အကောင်း လက္ခဏာ၊ အပေါင်း လက္ခဏာဆန်တယ် ဆိုရင် ဘယ်လို ပုံစံ ဘယ်လိုစတိုင်လေး ပဲဖြစ်ဖြစ် လုပ်ရဲတဲ့ သတ္တိတော့ မွေးထားတယ်။ အဲ့ဒီပေါ်မှာမှ ပရိသ တ်တိုးလာမှာ တွေ၊ လျော့သွား မှာတွေကို သိပ် မစဉ်းစားဖြစ်ဘူး။ ဘာလို့ဆို ကျွန်တော်က မကောင်းမှု လုပ်နေတာမှ မဟုတ်တာ။ ကောင်း မွန်တဲ့ အနုပညာ တစ်ခုကို ကြိုး စား ဖန်တီးနေတာပဲ ဆိုတော့ ကျွန်တော့် ပရိသတ်တွေ နဲ့ကျွန်တော်နဲ့ ပရိ သတ်က ဝေဖန် လိုက် ကျွန်တော်က ပြုပြင်လိုက် ကျွန်တော် လုပ်ချင် တဲ့ ပုံစံ လေးတွေရှေ့ ကနေ လုပ်ပြလိုက်၊ ပရိသတ်က နားထောင်ကြည့်လိုက် နဲ့ အဲ့ဒီလိုပဲရှေ့ဆက်သွား မယ်လို့ ယုံကြည်ပါတယ်။
မေး- ဒီ “သံမဏိလိပ်ပြာ” အခွေထဲ မှာ လတ်တလော Hit ဖြစ်နေတာ၂ပုဒ် ရှိတယ်။ အဲ့ဒီ သီချင်း တွေတွေးဖြစ် ၊ရေးဖြစ်ပုံကို သိချင် ပါတယ်။
ဖြေ- ဟုတ်တယ်။ ကျွန်တော်လည်း ပြောချင်ပါတယ်။ အနုပညာ တစ်ခုကို ဖန်တီးပြီးရင် လိုက်ရှင်းပြနေရ တာ အနုပညာ မဆန်ဘူး ဆိုပေမယ့် တချို့အကြောင်း အရာလေးတွေ၊ ဝိ ဝါဒ ကွဲစရာလေးတွေ၊ ဝိရောဓိဖြစ် စရာလေးတွေ သို့လော သို့လောဖြစ် နိုင်တာလေးတွေ ကတော့ ကမ္ဘာနဲ့ အနှံ့သီချင်းတွေ အများကြီးရှိတာပဲ။ ကျွန်တော် ကတော့ ကျွန်တော်သုံးတဲ့ အသုံးအနှုန်း၊ ကျွန်တော်ရေးတဲ့ အရေးအသား နဲ့ ပတ်သက်လို့က တော့ ၁ဝ ဝရာခိုင်နှုန်း တာဝန်မှုရှိတယ်။ ကိုယ်လုပ်တဲ့ လုပ်ရပ်ပေါ် မှာ လည်း တာဝန်ယူတယ်။ ဘာလို့ ဒီလို စကားပြော ရဲတာလဲ ဆိုတော့ ကျွန် တော်ပေးချင်တဲ့ ဒီသီချင်းရဲ့ အကြောင်းအရာ ပန်းတိုင်က တစ်ခုပဲ။ တစ်ကမ္ဘာ လုံးမှာ စစ်မဲ့ဇုန် ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ ထောင်ပြီး တော့ စစ်တွေသာ မရှိခဲ့ရင် ဆိုတဲ့ စိတ်ကူးကို အကောင်ထည် ဖော်ထားတာ။ အဲ့ဒီမှာ အရေးကြီးတာက ဒီသီချင်း ရဲ့ပန်းတိုင်က ဘယ်ကို သွားတာလဲဆိုတာ ခွဲခြား နိုင်ဖို့လိုတာပေါ့။ ကျွန်တော့်ရဲ့ သီချင်းထဲမှာ စစ်သားတွေကို ပုတ် ခတ်တာ မပါဘူး။ စစ်တပ်ပိုင်း ဆိုင်ရာကိုလည်း ဝေဖ န်ပုတ်ခတ်ပြော ဆိုတဲ့ အသုံးအနှုန်း တစ်ခုမှ ထည့် မထာ ဘူး။ ရိုးရိုး လေးတွေးကြည့် လိုက်ရင် ရှင်းရှင်းလေးပါ။ တစ် ယောက် နဲ့ တစ်ယောက် တိုက်ခိုက် သတ်ပုတ်တဲ့ စစ် ပွဲတွေ သာ မရှိခဲ့ရင်၊ လူ ကိုလူချင်းသတ်တဲ့ စစ်ပွဲ တွေသာ မရှိခဲ့ရင် ကျွန်တော် တို့ တစ်တွေ အကုန်လုံး မိဝေးဖဝေး တွေ မရှိဘူး။ အဖေအမေ ပျောက်တာ တွေလည်း မရှိဘူး ။သား၊သမီးတွေ ပျောက်တာ တွေလည်း မရှိဘူး။ နယ်ခြားမှာ တာဝန် ထမ်းဆောင်နေ ရတဲ့သားကို တစ်နေ့ ဘာဖြစ်မလဲ စိုးရိမ်နေရတဲ့ မိဘတွေလည်းပေါ် လာမှာ မဟုတ် ဘူး။
မေး- နောက်တစ်ပုဒ် အေ နနဲ့ ပြောရရင်တော့ “သံမဏိလိပ်ပြာ”ပေါ့။ တချို့ကလည်း ဒီလို သီချင်းမျိုးက ဒီလို စီးရီးထဲမှာ ထည့်မယ့် အစား တခြားနေရာမှာ ထည့်သွင်း လိုက်ရင် ရော ပို မသင့်တော်ဘူးလား ဆိုတဲ့ အမေး မျိုးတွေလည်း ရှိလာတယ်။ အဲ့ဒီ အပေါ်မှာ ဒီသီချင်း နဲ့ ပတ်သက် လို့ လင်းလင်း ကဘာပြောချင်လဲ။
ဖြေ- ဒီသီချင်း နဲ့ ပတ်သက်လို့က တော့ ဘာမှထွေထွေထူးထူးတော့ မရှိပါဘူး။ စကားလုံး တစ်လုံးချင်းစီ တိုင်းမှာ အမှန်တရားတွေပဲ ရေးထားတာပါ။ တစ်ခုပြော စရာ ရှိတာက ဘယ်လို အခွေမျိုး မှာပဲဖြစ်ဖြစ် အနု ပညာ တစ်ခုဟာ ကျွန်တော် တစ် ယောက်တည်း အမြင်ပြောရရင် ခွဲခြားလို့ မရဘူးလို့ ထင်တယ်။ ကိုယ် ပိုင် ထုတ်တဲ့ အခွေထဲမှာလည်း အပြု သဘောဆန်တဲ့ သီချင်းမျိုးတွေ လည်း လူတိုင်း ထည့်ခွင့်ရှိတယ်။ အနု ပညာမှာ အဲဒီလို ခွဲခြားတာမရှိဘူး။ တစ်ကမ္ဘာလုံး မှာလည်းမရှိဘူး။ ဒီ အခွေကြီး ကတော့ နိုင်ငံ ကောင်းကျိုး အတွက် လုပ်ထားတဲ့ အခွေကြီးပါ ဆိုပြီး သက်သက်ကြီး ရွေးထုတ်ပြီးတော့ လည်း လုပ်လို့မရဘူး။ ဒါကတော့ နိုင်ငံရေးပါတဲ့ သီချင်း ဒါကတော့ နိုင်ငံရေး မပါတဲ့ သီချင်းဆိုပြီး ခွဲ ခြားလို့မရဘူး။ ကာယကံရှင် အနု ပညာ သမားပေးချင်တဲ့ မက် ဆေ့ခ်ျပါတဲ့ သီချင်းက ဘယ်မှာ မဆို သုံးခွင့်ရှိ တယ် လို့ ယုံကြည်တယ် ။ကျွန်တော် ပြောတာရှင်း ရှင်းလေးနော်။ အပြုသဘော ဆန်တဲ့ ကောင်းမွန်တဲ့ အနာဂတ် ကိုရှေးရှုတဲ့ သီချင်းမျိုးက ဘယ်လိုနေ ရာမျိုးမှာ မဆိုသုံးခွင့် ရှိတယ် ထင်တယ်။ဘယ်လိုအခွေ မျိုး မှာမဆို ထည့်ပိုင်ခွင့်ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့နိုင်ငံရေး ဆို တာလူ တိုင်းနဲ့ ကင်းလို့မရပါဘူး။ အဲ့ဒါမှ ကိုယ်လုပ်နေတဲ့ အလုပ် နဲ့ တွဲပြီး နိုင်ငံရဲ့ကောင်း ကျိုးကို အများကြီး ပုံဖော် လို့ ရပါတယ်။
ရဲရဲ
Popular Journal
လေးစားတယ်ကိုလင်းလင်းးရာ.သံမဏလိပ်ပြာကိုအကြိုက်ဆုံးပဲ.
ReplyDelete