သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 10, 2013

ဗီယက်နမ်နှင့် အမေရိကန် စစ်ပွဲကြီး ပြီးသွားသည်ကို မသိပဲ တောနက်ထဲမှာ ပုန်းအောင်းနေခဲ့သည့် သားအဖနှစ်ဦး၊ နှစ်ပေါင်း (၄၀)ကြာမှ ရှာဖွေတွေ့ရှိ

 အမေရိကန်းများ စစ်ရှုံးပြီး ဗီယက်နမ် စစ်ပွဲနိုင်ခဲ့သည့် သတင်းကို မသိနိုင်လောက်အောင် အပုန်းကောင်းခဲ့သော သားအဖနှစ်ဦး နှစ်ပေါင်း (၄၀) ကြာမှ တော်နက်ထဲမှ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
တွေ့ရှိတဲ့ အချိန်မှာ အဖေက အသက် (၈၂)နှစ်ရှိနေပြီး သားက အသက် (၄၁)နှစ် ရှိနေပြီဖြစ်ပါတယ်။
သူတို့သားအဖနှစ်ဦးကို ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့ကမှ ဗီယက်နမ်နိုင်ငံ အလည်ပိုင်း Ho Van Lang က (၄၀) ကီလိုမီတာလောက် ဝေး တဲ့ တောနက်ထဲမှာ ရွာသားတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဖခင်ဖြစ်သူဟာ လူမျိုးစု စကားကို သာ ပြောဆိုခဲ့ပါတယ်။ သားဖြစ်သူကတော့ စကားလုံးအနည်းငယ်ကိုပဲ သိပါတယ်။

ဖခင်ဖြစ်သူရဲ့ ပြောကြားချက်အရ စစ်ပွဲကြောင့် ၁၉၇၃ ခုနှစ်မှာ သူ့အိမ်မှာ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး
သူ့ဇနီးဖြစ်သူနဲ့ ကလေးနှစ်ဦး သေ ဆုံးသွားခဲ့ပါတယ်တဲ့။

ဒီသားအဖနှစ်ဦးဟာ စစ်ဘေးစစ်ဒဏ်ကနေလွတ်မြောက် ခဲ့ပြီး တောနက်ထဲမှာ တာဇံတွေလို သစ်ပင်ပေါ်မှာ အိမ်ဆောက်ပြီး သီးပင်စားပင်များကို စိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်း တွေလုပ်ပြီးနေ ထိုင်ခဲ့ကြပါတယ်။

ဒီသားအဖနှစ်ဦးဟာ ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး နေ ထိုင်ခဲ့ကြာတာပါ။

အ၀တ်အစားတွေကိုတော့ သစ်ခေါက်တွေကို ယက်လုပ်ဖန်တီးပြီး ၀တ်ဆင်ထားတာကို တွေ့ရှိခဲ့ရပါတယ်။ သစ်ခေါက်အင်္ကျီ အသစ်တစ်ခုကိုလဲ ပြုလုပ်ထားတာကို လဲတွေ့ရှိခဲ့ရပါတယ်။

တွေ့ရှိချိန်မှာ ဖခင်ဖြစ်သူဟာ အလွန်အားနည်းပြီး ပိန်လှီနေသည့်အတွက် တောတွင်းကနေ ထမ်းစင်နဲ့ သယ်ယူခဲ့ပြီး အခုတော့ ဆေးရုံမှာ ဆေးကုသမှုခံယူလျှက်ရှိပါတယ်။

အခုတော့ သားအဖနှစ်ဦးကို ဒေသခံနဲ့ အာဏာပိုင်တွေဟာ တောတွင်း ကို ပြန်ပြေးမသွားနိုင်အောင် စောင့်ကြည့်နေရပါတယ်။

ဗန်ကောက်ပို့စ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D