သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 8, 2013

မိဘမဲ့ကလေး အခွင့်အရေး လွှတ်တော်မှာ အဆိုတင်သွင်းမည်


မိဘမဲ့ကလေးတွေရဲ့ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဖို့ ဝန်ကြီး ဌာနတွေအပါအဝင် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ ဆွေးနွေးပြီး အဆိုတစ်ရပ်တင်သွင်းသွားမယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီကနေ့ပြောလိုက်ပါတယ်။

လူငယ်ဖွံ့ဖြိုးရေးဂေဟာတွေမှာရှိတဲ့ မိဘမဲ့ကလေးတွေရဲ့ နိုင်ငံသား အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက မေးမြန်းခဲ့တာကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် အခုလိုဖြေကြားခဲ့တာပါ။

“ဖခင်အမည်၊ မိခင်အမည်သိမှ နိုင်ငံသားဖြစ်မှာပါ၊ နိုင်ငံ အတွင်းမှာ မွေးဖွားတာကို ကော်မတီတစ်ရပ်ကနေ အာမခံလို့ရှိ ရင် နိုင်ငံသားဖြစ်မှာပါ၊ နောက်တစ်ခုက လူမျိုး၊ လူမျိုးရယ်ခွဲတဲ့အခါမှာ ဘယ်လူမျိုးမှာခွဲမှာလဲ၊ သူတို့ရဲ့ဘာသာစကား၊ ဘယ်ဘာသာ စကားတတ်တာလဲဆိုတဲ့ အသေးစိတ်စဉ်းစားရမယ့်ကိစ္စတွေ အများကြီးရှိတဲ့အတွက်ကြောင့် ဒါကိုဝန်ကြီးဌာနနဲ့ လွှတ်တော်ကဖွဲ့ထားတဲ့ လွှတ်တော်ရေးရာ အုပ်ချုပ် မှုကော်မတီနဲ့ အသေးစိတ်ပြန်ဆွေးနွေးမယ်၊ အဲလိုဆွေးနွေးပြီးမှ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စတစ်ခုကို ဝန်ကြီး ဌာနရော ဒီဘက်ကတိုင်းရင်းသားတွေအပါအဝင် သဘောတူညီတဲ့ကိစ္စတစ်ခု အဆိုတင်သွင်းဖို့ လိုပါတယ်”

မိဘမဲ့ဂေဟာတွေမှာရှိတဲ့ ကလေးတွေ နိုင်ငံသားစိစစ်ရေးကဒ်ပြား ရရှိဖို့အပါအဝင် အိမ်ထောင်စုစာရင်း ရရှိဖို့အတွက် စာရင်းကောက်ယူ သွားဖို့ရှိတယ်လို့လည်း လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးကျော်ကျော်ဝင်းက ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။

RFA News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D