သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 10, 2013

အပျော်မယားဟောင်းက ညစ်ညမ်းပုံ ဖွင့်ချခဲ့သဖြင့် သြစတြေးလျ ပါလီမန်အမတ်နုတ်ထွက်ခဲ့ရ

မိမိ၏ဝတ်လစ်စလစ် ညစ်ညမ်းပုံ များကို အပျော်မယားဟောင်းက Courier Mail သတင်းစာတွင် ဖော်ပြ ခဲ့မှုကြောင့် ကွင်းစလန်ပြည်နယ် အစိုးရ ပါလီမန်အမတ်ပီတာဒိုးလင်းသည် ၄င်း တာဝန်ထမ်းဆောင်နေ သည့် ပါလီမန် ဆိုင်ရာ ကျင့်ဝတ်ကော်မတီဥက္ကဋ္ဌနှင့် ပါလီမန်ဆိုင်ရာ ရာဇဝတ် မှုနှင့်သိက္ခာမဲ့ အပြုအမူများ ကော်မတီတို့မှ အင်္ဂါနေ့ က နုတ်ထွက်ပေး ခဲ့သည်ဟု သြဂုတ်လ ၆ ရက်နေ့ AFP သတင်းတစ်ရပ်က ဖော်ပြခဲ့သည်။

ဒိုးလင်းသည် အိမ်ထောင်သက် ၂၅ နှစ်ရှိ အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး ယခုလို မိမိ၏ညစ်ညမ်းပုံများ ဖော်ပြခံရ မှုကြောင့် စိတ်မကောင်းဖြစ်နေသော ၄င်း၏မိသားစုဝင်များကို တောင်းပန် စကားပြောကြားခဲ့သည်။

လစ်ဘရယ်နေရှင်နယ်ပါတီဝင်အ မတ်ဖြစ်သူ ဒိုးလင်းက ၄င်း၏အရှေ့ ပိုင်း ဝတ်လစ်စလစ်ပုံအပါအဝင် ညစ်ညမ်းပုံ များကို ထိုအမျိုးသမီးထံ သို့ ပေးပို့ခဲ့ ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ဝန်ခံပြီး၊ ယင်းကိစ္စနှင့် ပတ်သက်၍ ခုခံ ငြင်းဆိုမှာ မဟုတ်ကြောင်း၊ ထို့အ တွက် သူ့အားသနား ညှာတာစရာမလို သော်လည်း စုံစမ်းစစ်ဆေးမှုပြုလုပ်ရာ တွင်မိသားစုဝင် များကိုမူ ဘေးဖယ်ထား ပေးရန် ပါလီမန်၌ ပြောကြားခဲ့သည်။

ပါလီမန်ဆိုင်ရာ ခရီးစဉ်များကို အလွဲသုံးစားလုပ်ကာ အပျော်မယား များထံသို့သွားရောက်ခဲ့သည်ဟုလည်း ၄င်းကို စွပ်စွဲပြောဆိုမှုများရှိသည်ဟု သိရသည်။

From: Ref:AFP

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D