သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 9, 2013

မျှစ်ချိုးရာမှ စကားများ လူသတ်မှုအား (၂၄) နာရီအတွင်း ကောလင်းရဲစခန်းမှ တရားခံဖော်ထုတ်

0


စစ်ကိုင်းတိုင်းဒေသကြီး၊ကော လင်းမြို့နယ်၊ တောင်ကြီးကျေးရွာ အနီးတွင် အမျိုးသမီးတစ်ဦးမျက် နှာတွင်ပြတ်ရှဓားခုတ်ဒဏ်ရာများ ဖြင့်သေဆုံးနေကြောင်းသိရသည်။
ကောလင်းမြို့နယ်၊တောင်ကြီး ကျေးရွာအနီးတောထဲတွင် ဇူလိုင် ၂၅ ရက်နံနက် ၁၁း၃၀ နာရီခန့်က ဥမှင်ကုန်းအုပ်စု၊ တောင်ကြီးကျေး ရွာမြောက်ဘက် ၂မိုင်ခန့်အကွာ တောထဲတွင် ဦးထွန်းသိန်း၏ ဇနီး ဖြစ်သူ ဒေါ်သီတာ ၄၂နှစ်မှာ မြေ ကြီးပေါ်လဲ၍ မျက်နှာတွင် ဓား ခုတ်ဒဏ်ရာ နှစ်ချက်၊ လည်ပင်း နောက်တွင်ပြတ်ရှဓားခုတ်ဒဏ်ရာ တစ်ချက်တို့ဖြင့်သေဆုံးနေကြောင်း သိရသည်။
အဆိုပါအမျိုးသမီးမှာ ဇူလိုင် ၂၅ရက်၊ နံနက် ၅နာရီကျော်ခန့်က တစ်ဦးတည်း မျှစ်ချိုးထွက်သွားရာ မှဓားဒဏ်ရာရရှိကြောင်း၊ရဲတပ်ဖွဲ့ က သဲလွန်စများကိုအခြေခံ၍ စုံ စမ်းကြရာ တောင်ကြီးကျေးရွာ ဇာတိ ဘုန်းကျော်(ခ) မင်းအောင် (၃၀)နှစ်၊ (ဘ)ဦးမိုးသီး၊တောင်သူ၊  တောင်ကြီးကျေးရွာ၊ ကောလင်း မြို့နယ်နေသူအား မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးကြရာ ဘုန်းကျော် (ခ) မင်းအောင်မှာ နံနက် ၈ နာရီခန့်ကပြစ်မှုကျူးလွန် ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည် ဆို၏။
ဘုန်းကျော် (ခ) မင်းအောင် သည် ဇူလိုင် ၂၅ရက် နံနက်ပိုင်း က တောထဲတွင် မသီတာနှင့်တွေ့ ပြီး ၀ါးရုံပင်တစ်ပင်တည်း မျှစ်ချိုး ကြရာမှ ပိုင်ဆိုင်မှုအတွက် စကား များပြီး ဒေါသအလျောက် ဘုန်း ကျော်(ခ) မင်းအောင်က မျှစ်ချိုး နေသည့်ဓားမဖြင့်ခုတ်၍ မသီတာ သေဆုံးသွားကြောင်း ထွက်ဆို သည်ဆို၏။
ဘုန်းကျော် (ခ) မင်းအောင် အား ကောလင်းရဲစခန်းမှ (ပ) ၂၅၇/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂အရ အရေးယူထားကြောင်းသိရသည်။


From : ..hot news

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D