သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 8, 2013

တမလွန်ရောက် ဇနီး၏အမည်ဖြင့် တန်ဖိုးနည်းဖုန်းပေါက်၍ ထုတ်သွားသူ ရာအိမ်မှူးအား အရေးယူပေးရန် တိုင်ကြား


ငါးလကျော်က သေဆုံးခဲ့သော ဇနီး၏ အမည်ဖြင့် တန်ဖိုးနည်းဖုန်း ပေါက်၍ ထုတ်သွားခဲ့သော ရာအိမ်မှူး အား အရေးယူပေးရန် ရပ်ကွက်နေသူ တစ်ဦးက အင်းစိန်မြို့နယ် အုပ်ချုပ်ရေး မှူးထံသို့ တိုင်တန်းလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး တစ်ဦး ဖြစ်သူက ဇူလိုင် ၃ဝ ရက်တွင် ပိန္နဲ ကုန်းရပ်ကွက် တန်ဖိုးနည်းဖုန်း ရောင်း ချရေးကော်မတီမှ ပေါက်မဲအမှတ် ၇၄ ဖြင့် ထုတ်ယူသွားခဲ့ခြင်း ဖြစ်သည်ဟု တိုင်တန်းသူ ဦးဘိုဘိုတင်က ဆိုသည်။

”သေဆုံးသွားတဲ့သူ အမည်သုံးပြီး မမှန်မကန်လုပ်တဲ့အတွက် တိုင်တာ”ဟု ၄င်းက ပြောသည်။

အဆိုပါ ရာအိမ်မှူး၏ ဇနီးမှာ ၂ဝ၁၃ ခုနှစ် မတ်လ ၇ ရက်နေ့တွင် သေဆုံးပြီးဖြစ်ကြောင်း နာရေးကြော်ငြာ နှင့်တကွ ၄င်းက တိုင်တန်းခြင်းဖြစ် သည်ဟုဆိုသည်။

”ရာအိမ်မှူးက လုပ်ပိုင်ခွင့်ကို ဆန့် ကျင်ပြီး၊ လုပ်ပိုင်ခွင့်အာဏာကိုအလွဲသုံး စားလုပ်တယ်။ ဒါကို အရေးယူပေးဖို့လို တယ်”ဟု ဦးဘိုဘိုတင်က ဆက်ပြော သည်။

ပိန္နဲကုန်းရပ်ကွက် ရာအိမ်မှူးဖြစ် သူ ဦးသန်းဝင်းက ¤င်းအနေဖြင့် ထုတ် ယူခဲ့ကြောင်းဝန်ခံခဲ့ပြီး လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်း မဟုတ်ေ ကြာင်း ငြင်းဆိုခဲ့သည်။

”အခုသေဆုံးသွားတဲ့ ကျွန်တော့် ဇနီးက အိမ်ထောင်ဦးစီးဖြစ်တယ်။ သန်းခေါင်စာရင်းထဲမှာ ဖျက်လည်းမ ဖျက်ရသေးဘူး။ ဖုန်းကိုကျွန်တော် မလျှောက်ဘူး။ ကျွန်တော့်အိမ်က မသိ လို့ လျှောက်လိုက်တယ်။ မဲပေါက်တာ ကလည်း လူ ၈ဝဝ ကျော်ထဲမှာမှ မဲနှိုက် လိုက်လို့ ကံထူးပြီးပေါက် သွားတာ”ဟု ရာအိမ်မှူး ဦးသန်းဝင်းက ပြောသည်။

ထိုဖုန်းပေါက်စဉ် ယူသင့်၊ မယူ သင့်ကို ရပ်မိ၊ ရပ်ဖများက ဆုံးဖြတ်ပေး ၍ မိမိယူခြင်းဖြစ်ပြီး၊ မိမိတို့အိမ်ထောင် စုက တန်ဖိုးနည်းဖုန်း မဲပေါက် ခဲ့ခြင်းမှာ ယခုတစ်ခေါက်မှ ပထမဦးဆုံးအကြိမ် ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

”ကျွန်တော်တို့ ရပ်ကွက်အုပ်ချုပ် ရေးမှူးနဲ့အဖွဲ့ဝင်တွေကို ဖုန်းမလျှောက် ဖို့မှာထားပါတယ်။ ဒီအတိုင်းပဲ မလျှောက် ပါဘူး။ အခုဖုန်းကိုလည်း ပြန်လိုချင်ရင် ပြန်ယူနိုင်ပါတယ်”ဟု ဦးသန်းဝင်းက ထပ်လောင်းဆိုသည်။


From: Popular

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D